Angel Sexual

14.3K 910 27
                                    

3-Angel Sexual

😇 "အရှေ့ပင်လယ်ကမ်းခြေ ကproject မြေနေရာတွေက ဆောက်လုပ်ခွင့် ပိတ်ခံထားရပါတယ် ။အဲ့ဒီအတွက် NewN Group ရဲ့ .....ကျွန်တော်တို့Company အနေနဲ့ဒီကိစ္စမှာ ...."

"Mr ဆွန်း "

"Nae CEO ဂျွန် "

"Report ကို Mail ပို့လိုက်ပါ ။သွားလို့ရပြီ "

ထိုင်ခုံနောက်မှီပေါ် သက်တောင့်သက်သာမှီချလိုက်ပြီး မျက်နှာကိုလက်ဝါးနှစ်ဖက်ကြား ကွယ်ဝှက်ထားလိုက်မိသည်။ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေရှုပ်ထွေးနေချိန် Company အလုပ်တွေက ခနပုန်းကွယ်နေချင်မိသည်။ဒါပေမဲ့လည်း ရွေးချယ်ခွင့်သူ့မှာမရှိပါ။

အသက်20 ပြည့် မွေးနေ့မှာ Appa ရဲ့သေတမ်းစာအရ တရားဝင် လွဲပြောင်းယူခဲ့တဲ့ Company မို့ ။မိမိလက်ထဲ ရောက်မှ ဆုတ်ယုတ်သွားတာတော့အဖြစ်မခံနိုင် ။ လည်ပတ်နေသောကမ္ဘာကြီးမှာ ဘယ်သူမှရပ်တန့်နေလို့မရ ။ နိုင်ရာစားတဲ့လောကကြီးမှာ သားကောင်တော့အဖြစ်မခံနိုင် ။ကျရှုံးမှုအတွက် အမှားလုပ်ဖို့ မလိုဘူး ရပ်တန့်နေလိုက်ဖို့ပဲလိုတယ် ဆိုတဲ့ ဆရာသမားကြီးများရဲ့စကားအတိုင်း သူလေ့လာသင်ယူမှုကြိုးစားမှုကို လုံးဝမရပ်နား ။

သူတာဝန်ယူခဲ့သော နှစ်နှစ်အတွင်း company ရဲ့တိုးတက်မှုတွေက အသက်နဲ့တာဝန်နဲ့မမျှဘူး အတွေ့အကြုံမပြည့်ဝဘူး ဆိုတဲ့ အသံတွေကိုတိတ်သွားစေသည်။ တက္ကသိုလ် တစ်ဖက် အလုပ်တစ်ဖက်မို့အများအားကျရတဲ့သူ့ဘဝကထင်သလောက်မလွယ်ကူပါ။ ဉာဏ်သိပ်ကောင်းတဲ့ Appa နှင့် စူးစမ်းလေ့လာမှုအားကောင်းသော Eomma သူ့ဗီဇထဲမှာ မိဘနှစ်ပါး၏ အမွေနှစ်မျိုးလုံးပါဝင်နေခြင်း ကြောင့်သာ သူဒီလောက်အောင်မြင်နိုင်ခြင်းဖြစ်သည်။

တစ်ခါတစ်လေတော့လည်း Appa သာရှိသေးရင် ဆိုတဲ့အတွေးမျိုးတွေးမိသည်။မိဘနှစ်ပါးသာရှိသေးလျှင် သူသည် အသက် 22အရွယ် လောကကြီကိုပေါ့ပေါ့ပါ့းပါးဖြတ်သန်းနေသော College ကျောင်းသားတစ်ယောက်သာဖြစ်လိမ့်မည်။

ဒါပေမဲ့လည်း မဖြစ်နိုင်တာတွေ စိတ်ကူးမယဉ်ချင် သူသည် Daydream ထဲကလူသားမဟုတ် ။ဆုတောင်းရန်ပင်မေ့နေတတ်တဲ့ လိုချင်တာကိုရအောင်ယူတတ်တဲ့ လက်တွေ့လူသား။ အခုလည်းတစ်ယောက်ထဲ တစ်ကောင်ကြွက်မှမဟုတ်တာ "ထယ်" ရှိနေတာပဲ ။သူဒီလောက်ကြိုးစားချင်လာအောင် တွန်းအားပေးတဲ့ သူ့ရဲ့ Energy Charger လေး ။

ℙ𝕠𝕤𝕤𝕖𝕤𝕤𝕚𝕧𝕖[Z&U]ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now