Believer

8.9K 662 35
                                    

13-Believer

👬သူ ကားကိုဘယ်လို မောင်းလာမိမှန်းပင်မသိ။ဖြစ်နိုင်ရင် Jumper လို လိုရာသာ ဝုန်းခနဲရောက်သွားချင်သည်။ သူ့လက်ထောက် ထံမှအကြောင်းကြားမှု ရရချင်းထွက်လာပေမဲ့ လက်ရှိရောက်နေတဲ့ Yangcheon -gu နှင့်Gangnam-gu က အရှေ့နှင့် အနောက်။Map ကနေ အရှင်းဆုံးလမ်းကို ရှာပြီးမောင်းလာပေမဲ့ ရှုပ်ထွေးနေတဲ့ လမ်းတွေထဲမှာ သူ့ကားလေးက ပင့်ကူအိမ်မှာမိတဲ့ အင်းဆက်ပိုးမွှားတစ်ကောင်လို။

အချိန်တစ်နာရီခွဲလောက် အကြာမှာတော့ သူ့ရဲ့ခက်ခဲပင်ပန်းလွန်းတဲ့ ခရီးစဉ်ကြီးပြီးဆုံးတော့သည်။

"CEO အခုထိအခန်းထဲက ထွက်မလာသေးဘူး ။ Oh JangMi တော့ ပြန်သွားပြီ။ မိနစ်ပိုင်းလေးပဲ အထဲဝင်ပြီးပြန်ထွက်သွားတာ"

"မင်းဘာမှမလုပ်ဘူးလား ။ တစ်ခုခုမလုပ်ပဲ ဒီတိုင်းထိုင်ကြည့်နေရလား။မင်းကွာ"

"ကျွန်တော် ဘယ်လိုအနေအထားနဲ့ဝင်....."

"တော်တော့"

သူ သူ့လက်ထောက်ကို စိတ်မရှည်စွာနဲ့အော်ငေါက်ပြီး ဓါတ်လှေခါးထဲ ပြေးဝင်လိုက်သည်။

Knock .....Knock ......Knock

"တံခါးဖွင့်စမ်း Go Ha Yoon "

သူရင်တွေပူလှပြီ ။ ထယ့် ကိုဘယ်သူနဲ့ အတူရှိတာမှ မကြိုက် ။ ဘယ်သူမှ ထယ့်အနားစိတ်မချနိုင်လို့ ပိုးမွေးသလိုမွေးခဲ့တာကို အခုတော့။

ချောက်.....

လွယ်လွယ်ကူကူ တံခါးဖွင့်ပေးထဲက မူမမှန်တဲ့ ခံစားချက်တစ်ခုကို အာရုံခံမိသည်။သူ့ရဲ့ ဆဌမအာရုံကို မှန်ကန်ကြောင်း သက်သေပြလိုက်တဲ့ Ha Yoon

အပြည့်ဖွင့်မထားတဲ့ တံခါးရွက်ကို ကိုင်ပြီး တံခါးဘောင်ပေါ် ကျောမှီနေတဲ့သူမ။ သူမကိုယ်ပေါ်မှာ ရှပ်အဖြူတစ်ထည်သာ လျှော့တိလျှော့ရဲ နေရာယူထားသည်။ ထိုရှပ်အင်္ကျီက ထယ့် အင်္ကျီ သူမှတ်မိတာပေါ့ ထယ် လိုချင်လို့ဝယ်ပေးလိုက်ပေမဲ့ ပါးပါးအိအိလေးမို့ အိမ်မှာနေရင်းသာဝတ်ခွင့်ပေးတဲ့အကျီ။

" ဘာကိစ္စ ဂင်မ်ထယ့်ကို လာခေါ်တာလား အခုတင်ပဲအိပ်ပျော်သွားတာ နိုးမှငါပြန်လွတ်လိုက်မယ်လေ"

ℙ𝕠𝕤𝕤𝕖𝕤𝕤𝕚𝕧𝕖[Z&U]ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now