Santa Claus

5.3K 366 1
                                    

🎅 Santa Claus

"Arjima ဒီလောက်ဆို အနေတော်ပဲလား မြည်းကြည့်ပါဦး"

ထယ့် အတွက် European style Soup တွေချက်ပေးဖူးပေမဲ့ ရိုးရာ ကင်မ်ချီ ဟင်းရည်ကတော့ အခုမှပထမဆုံးချက်ဖူးတာ ဆိုတော့ သူArjima ကိုသာ ဆရာတင်ချက်ပြုတ်နေရသည်။

Christmas နှင့် ကင်မ်ချီဟင်းရည် သည်ဆိုင်တော့မဆိုင် ။ဒါပေမဲ့ Christmas ဆိုတာမိသားစုအတွက် အချိန်အခါပါ ဆိုတဲ့အတိုင်း မိသားစုအချိန်လေးဖန်တီးချင်သောကြောင့်သာ ။

Koreaရိုးရာအိမ် ရိုးရာမိသားစုမှာ ငယ်ဘဝကိုဖြတ်သန်းခဲ့ရသူ ထယ့်အတွက် ဟင်းရည်ပူလေးနဲ့ မနက်စာ စားခဲ့ရသော အမှတ်တရများစွာရှိလိမ့်မည်။ထယ့် Eomma လက်ရာဟင်းရည် ကိုသူမသိပေမဲ့ မှီအောင်ချက်ပေးနိုင်မည် မထင်ပေမဲ့လည်း သူလုပ်နိုင်သလောက် လုပ်ပေးချင်သည်။ အခုChristmas သည် သူတို့ချစ်သူဖြစ်ပြီးမှ ပထမဆုံးChristmas မဟုတ်လား။

"Arjima ရောအတူ တစ်ခါထဲစားလိုက်လေ"

"နေပါစေ သခင်လေး Arjima အပြင်ခနသွားဦးမှာ နောက်ပြီး ညနေစာအတွက် ကြိုပြင်ပေးခဲ့မယ် ။Arjima ဒီနေ့အိမ်စောပြန်ချင်လို့"

"ရပါတယ် Arjima ရယ် ကျွန်တော်ကိုကတွေးမိသင့်တာ နေ့တစ်ပိုင်းစောပြန်လိုက်ပါ"

Arjima ကတော့ ကျေးဇူးတင်စကား အထပ်ထပ်ပြောရင်း။လူတိုင်း ဒီနေ့တစ်ရက်တော့ မိသားစု အချိန်လေးရှိသင့်သည်။

"Yoboo ထယ် နိုးနေပြီ"

အပေါ်ထပ် အခန်းထဲမှအသံလေး ။ ထယ် လေးသူနှင့်ချစ်သူတွေဖြစ်ပြီးမှ ဒီအကျင့်ဖြစ်လာတာ။ထယ်က အိပ်ရာနိုးချိန်ဆို အနားမှာသူရှိနေမှ ။တစ်ယောက်ထဲအိပ်ရာထရရင် တစ်နေ့လုံးစိတ်မကြည် တွေးတွေးပြီးဝမ်းနည်းနေလေ့ရှိတာ။

သူအပေါ်ထပ်တက်လာတော့ လစ်ခနဲဝင်ပြေးသွားတဲ့ အရိပ်လေး သူမကြားမှာစိုးလို့ အောက်ထပ်ဆင်းတဲ့ လှေခါးနားထိလာအော်ပြီး အခန်းထဲပြန်ဝင်ပြေးသွားတာ။ထယ်လေး အရမ်းကလေးဆန်လာတယ် ။အရမ်းလည်းချွဲတတ် ဂျီကျတတ်လာတယ်။

"ထယ်လေး နိုးပြီလား"

သူဝင်သွားတော့ ကုတင်ပေါ်မှာထိုင်ပြီးလက်လေးနှစ်ဖက်ဆန့်လို့ နုတ်ခမ်းလေးကလည်းထော်ထားသေး။သူ့ကိုမစောင့်ပဲအရင်ထသွားလို့ သူနိုးတဲ့အချိန်အနားမရှိလို့။

ℙ𝕠𝕤𝕤𝕖𝕤𝕤𝕚𝕧𝕖[Z&U]ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now