Valentine

6.5K 421 11
                                    

"အင်း ညနေစာတော့စားလိုက်ဦးနော်။ပြီးမှအလုပ်ဆက်လုပ် ။ အင်း ဒါပဲYoboo ချစ်တယ်"

ဖုန်းချချပြီးချင်းပဲ ထယ် ရေချိုးခန်းထဲဝင်ပြီး တံခါးပိတ်လိုက်သည်။သူစိတ်ရှုပ်တိုင်း လုပ်နေကျအမူအကျင့်။ နံရံအေးအေးကို မှီထိုင်ရင်း ဒီရက်ပိုင်းဂျွန့် ရဲ့ အမူအရာတွေ သူတို့နှစ်ယောက်ရဲ့ အခြေအနေကို ပြန်စဉ်းစားနေမိသည်။

မနေ့ကရော ဒီနေ့ရော ဂျွန် နှင့်သူနှင့် မျက်နှာချင်းဆိုင်စကားမပြောရသေး။မနက်ဆို သူမနိုးခင်အလုပ်သွားသည်။ ညပိုင်းအပြန်နောက်ကျသည်။ ရောက်လျှင်လည်း စာကြည့်ခန်းထဲ ဖုန်းဝင်ပြောနေတာအကြာကြီး။ဟိုနေ့က သူပြောလိုက်တဲ့ စကားကြောင့်သူ့ကိုများ ရှောင်နေသလားဟု တွေးမိလာသည်။

Flash back...............

"Yoboo ထယ်ပင်ပန်းနေပြီ အိပ်ချင် ..အွန်း.. ဟင့်အင်း ..Yoboo"

ထယ် အိပ်ဖို့ခွင့်တောင်းစကားကို မောပန်းနေတဲ့ကြားက အနိုင်နိုင်ပြောနေရပေမဲ့ ဂျွန် ကတော့ သူ့စကားကိုအနမ်းတွေနှင့် အတင်းပဲ ပိတ်ပင်တားဆီးနေသည်။

ဒီနေ့မှ ဂျွန် စိတ်တွေအရမ်းကြွနေသည်။ ထယ် ပင်ပန်းလှပြီ။ ဒါပေမဲ့ ဂျွန်ရဲ့ ကြမ်းတမ်းမွတ်သိပ်နေတဲ့ အနမ်းများအရ မရောင့်ရဲ မတင်းတိမ်နိုင်သေးမှန်းနားလည်လိုက်သည်။

အတူနေလာတာကြာပြီ ဆိုတော့ ဂျွန်ရဲ့ အထိအတွေ့တွေနှင့် အသားကျလာပြီ ဆိုပေမဲ့ ဒီနေ့လို ကြမ်းတမ်းရှည်ကြာတဲ့ အချစ်နွံထဲမှာတော့ သူ့ခန္တာကိုယ်လေးက ကူကယ်ရာမဲ့။

အမြဲတမ်း တစ်ခြားအကြောင်းအရာတွေကြောင့် နာကျင်ပင်ပန်းနေတိုင်း ဂျွန်ရဲ့ ရင်ခွင်သည်သာ သူ့အတွက် အပန်းပြေရာ။ အခုလို ဂျွန် ကိုယ်တိုင်က သူ့ကိုပင်ပန်းစေသူဖြစ်နေတော့ သူ့အခြေနေက တစ်ကယ့်ကိုအားကိုးရာမဲ့။

ဒါပေမဲ့လည်း နာကျင်ပင်ပန်းစေပြီးတိုင်းမှာ ရောက်ရှိလာမဲ့ နွေးထွေးကြင်နာမှုတွေကို မျှော်လင့်ရင်း ဂျွန်ခေါ်ဆောင်ရာ အချစ်တိုင်းပြည်ထဲသို့ နောက်တစ်ကြိမ်အလည်ရောက်သွားပြန်သည်။

..............

ဂျွန် ကပျော့ခွေနေတဲ့သူ့အား တောင့်တင်းတဲ့ ရင်အုပ်ကျယ်ကြီးပေါ်သို့ ဆွဲတင်ပွေ့ဖက်လိုက်ရင်း ချွေးစိုနေတဲ့ သူ့ဆံပင်တွေကို ပွတ်သပ်ပေးနေသည်။ ဒီလိုဆိုတော့လည်း မကြာခင်ကမှ ရမက်ဘီလူးစီးနေတဲ့ Yobooနှင့် တစ်ယောက်စီလိုပဲ။

ℙ𝕠𝕤𝕤𝕖𝕤𝕤𝕚𝕧𝕖[Z&U]ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now