Lucifer

13.7K 920 25
                                    

😈👑Lucifer 🚨PG-13🚨

Rated အဆင့်သတ်မှတ်ရင်တော့ အနုစားလေးပါနော် ကျော်ဖတ်ရင်လည်း ဇာတ်လမ်းမပျက်ပါဘူးလို့ 😊😊

..........

"ကျစ်စ်....ဘယ်တွေရောက်နေလို့ဖုန်းမကိုင်တာလဲ ထယ်" အခါနှစ်ဆယ်ကျော် ခေါ်ပြီးတာတောင် လူကြီးမင်းနှင့်တိုးနေဆဲ ။ ဖြစ်နိုင်ရင် ထယ့် ကိုသူ့မျက်စိအောက်က အပျောက်မခံချင်။ထယ် သည် လူတွေရဲ့ပရိယာယ်တွေကို နားမလည်နိုင်လောက်အောင် ဖြူစင်လွန်းသည် ။ အန္တရာယ်များတဲ့လောကကြီးမှာ တစ်ယောက်ထဲလမ်းလျှောက်ထွက်ဖို့နုညံ့လွန်းသည်။

သူ ထယ့် ကိုစတွေ့ထဲက အချိန်ကြာကြာ တစ်ယောက်ထဲလွတ်ထားတယ်ဆိုတာမရှိ ။လွတ်ထားလို့မရမှန်းလည်းသူသင်ခန်းစာရခဲ့ပြီးသား ။ထယ် သာတစ်ခုခုထိခိုက်ခဲ့ လျှင်ဆိုတဲ့ အတွေးကသူ့ကိုအမြဲတမ်းခြောက်လှန့်နေသောကြောင့်

........................

ထယ့်ကို "မင်းကငါ့အတွက်ပဲ"လို့နှစ်ကိုယ်ကြားပြောခဲ့ပေမဲ့ ထုံးစံမပျက် ရေပေါ်ဆီတို့ရဲ့ဝန်းရံခစားရာသည် သူဖြစ်နေတော့ ထယ့် ကို ထိုလူတွေကြားခေါ်မထားချင် ။ ထယ့် လို စာကြမ်းပိုး လေးတွေနဲ့သူ့လိုbad boy တွေက ဘယ်လိုမှ တွဲဆက်လို့မရ တာ ကျောင်းတွေရဲ့ ရာဇဝင်ပဲ ။

ဒါပေမဲ့ သံလိုက်အိမ်မြောင်သည် ဘယ်လိုလှည့်လှည့် မြောက်အရပ်ကိုသာလှည့်သလို သူ့မျက်လုံးတွေကလည်း ထယ့် နောက်ကိုသာလိုက်နေခဲ့သည် ။ ထယ့် ကိုမြင်တာနှင့် ပတ်ဝန်းကျင်တစ်ခုလုံးကို မေ့သွားတတ်သောသူ ။ ဒါပေမဲ့ တစ်နေ့ ထယ့် ကိုသူ့အနားမှာသာထားသင့်သည်လို့သူဆုံးဖြတ်လိုက်တဲ့တစ်နေ့။

"ထယ် ဘာဖြစ်တာလဲ ဘယ်သူလုပ်တာလဲ ဘယ်ကောင် ထယ့်ကိုငိုအောင်လုပ်လိုက်တာလဲ"

ထယ့်မျက်ရည်တွေ့မြင်လိုက်ထဲက သူဆိုသည်မှာ ကမ္ဘာကိုပင် ပြာချပစ်ဖို့အဆင်သင့်ဖြစ်ပြီးသား ။

"မင်းတို့ကိုငါဘာလုပ်နေလို့လဲ ငါ့ကိုတစ်ယောက်ထဲလွတ်မထားနိုင်ဘူးလား အဲ့ဒီငွေလောက်က မင်းတို့တစ်ရက်သုံးပဲရှိတာ ငါ့အတွက်က ငါ့အတွက်အဖွား ပင်ပင်ပန်းပန်း........အဟင့် ဟင့် Appa . Eomma....ရေ"

ℙ𝕠𝕤𝕤𝕖𝕤𝕤𝕚𝕧𝕖[Z&U]ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now