three

9.7K 846 42
                                    


Zawgyi

သူအိပ်ယာနိုးနိုးချင်း ဘေးက ကုတင်လေးကိုကြည့်လိုက်တော့ ဘယ်သူမှမရှိ။

ဟိုကလေး ဘယ်ရောက်သွားတာလဲ။

ခါတိုင်းဆိုလျှင် သူအိပ်ယာက မထမချင်း ဘေးနားကနေ အတင်းနိုးနေတဲ့ကောင်လေး အခုမရှိတော့ သူ့စိတ်ထဲမှာ တစ်မျိုးပင်။

ဖုန်းမြည်သံကြောင့် ကိုင်လိုက်တော့ nuna ဖြစ်နေသည်။

''tae လေးနိုးနေပြီလား''

''nuna အခုဘယ်မှာလဲ''

''nuna က အခု ဈေးမှာ yoon ah က ဒီနေ့သူ့မွေးနေ့လေ အဲ့ဒါဆိုင်မှာပဲ party လုပ်မယ်ပြောလို့ လိုအပ်တာတွေ လာဝယ်ကြတာ''

''bunny ကိုလည်းမတွေ့ဘူး''

''သြော် bunny က nuna ခေါ်သွားတာ''

''nuna က ဘာလို့ခေါ်သွားတာလဲ''

''ဟဲ့ ကလေးမှာ ဝတ်စရာ အဝတ်အစားမှ မရှိတာ.....tae အင်္ကျီတွေပဲဝတ်နေရတာလေ အဲ့တာကြောင့် ဝယ်ပေးဖို့ တစ်ခါထဲခေါ်သွားတာလေ''

''ပြီးရောဗျာ''

''အဲ့ဒါက ဘာဖြစ်သွားတာလဲ   စိတ် ရှုပ်တဲ့လေသံနဲ့    သူပဲ အနားမှာရှိရင်တော့ စိတ်ရှုပ်တယ်လေး ဘာလေးနဲ့''

''တော်ပြီဗျာ nuna နဲ့ မပြောတော့ဘူး''

tae hyung ဆိုင်ကိုသွားတော့ အားလုံးတောင် ပြင်ဆင်ပြီးကြပြီး ဖြစ်သည်။

"hyungee လာပြီ....''

ဟိုကလေးက သူ့ကိုတွေ့တော့ အပြင်ပြေးထွက်လာသည်။

"tae ကလည်း နောက်ကျလိုက်တာ.... nuna တို့တောင်အားလုံး ပြင်ဆင်ပြီးသွားပြီး....လာ စားကြရအောင်.....''

စားသောက်ဖို့ ထိုင်ကြတော့ yoon ah နှင့် tae hee ကတစ်ဖက် tae နှင့် ကလေးလေးက တစ်ဖက်ဖြစ်သည်။

"yoon ah nuna ကလည်း ကျွန်တော်တို့ လေးယောက်ထဲလား....အခြားသူတွေကို ရောမဖိတ်ထားဘူးလား.....''

"ဟင့်အင်း မဖိတ်ထားပါဘူး ဘာဖြစ်လို့လဲ tae....''

"လေးယောက်ထဲ ပျင်းစရာကြီး....''

"tae ရယ် လေးယောက်ထဲ လည်း ဘာဖြစ်လဲ.... စားတော့ ဟင်းတွေအေးကုန်တော့မယ်.....''

Remember(Completed)Where stories live. Discover now