twenty

5.5K 518 56
                                    




Zawgyi



ရုံးစရောက်ကတည်းက ထိုးလိုက်ရတဲ့လက်မှတ်တွေက တနင့်တစ်ပိုး။

အတွင်းရေးမှူးက Busan က ရုံးခွဲအတွက် လက်မှတ်ထိုးပေးပါအုံး တော်ကြာ LA က စက်ရုံအပြောင်းအရွေ့အတွက် လက်မှတ်ထိုးပေးပါအုံးနှင့် ယခုနေ့လည်ထမင်းစားချိန်ပင် ကျော်နေပြီး မပြီးနိုင်မစီးနိုင်သေးပါ။

နှစ်ပတ်လောက် ရုံးမလာသည့် ကိုယ့်အပြစ်နှင့်ကိုယ်မို့ တောင်လို့ပုံနေသည့်အလုပ်တွေကို မညည်းညူရဲ။

စားရင်းတွေသာ စစ်နေရတယ် တစ်ခါတစ်ခါ စိတ်က လွှတ်ထွက်သွားပြီး ကလေးမျက်နှာလေးကိုသာ မြင်ယောင်နေမိပြန်သည်။

ဘာရယ်မဟုတ် ပြုံးနေမိတာကလည်း အကြိမ်ကြိမ်ပင်။

တစ်ယောက်ထဲ ကြိတ်ပြုံးနေသည့်အချိန်နှင့် အတွင်းရေးမှူးဝင်လာတဲ့အချိန်နှင့် ပတ်ပင်းတိုးသွားတာတွေလည်းရှိသည်။

အတွင်းရေးမှူးကတော့ ငါ့သူဌေးအလုပ်တွေပုံပြီး စိတ်များဖောက်သွားတာလားလို့တွေးနေမှာ အသေအချာပင်။

Kim Tae Hyung ရေ မင်းတော့ ရူးပြီထင်တယ်။

Tae Hyung တစ်ယောက်ထဲ ခေါင်းခါလိုက်ရင်းမှ ဘေးမှာ ချထားတဲ့ ဖုန်းကို ကောက်ယူလိုက်ကာ Contant Name လေးတစ်ခုကို နှိပ်လိုက်သည်။

ဖုန်ဝင်သွားသံနဲ့အတူ ကြားချင်နေတဲ့ အသံပိုင်ရှင်လေးရဲ့ ပြန်ထူးသံလေးကို စောင့်နေမိသည်။

"Hyung လား......''

"အင်း ကလေးအသံလေးကြားချင်လို့......''

သူပြောလိုက်တော့ တစ်ဖက်က အသံလေး ခနတာတိတ်သွားသည်။

"ကျွန်တော်လည်း Hyung ကိုလွမ်းနေတာ.......''

ခပ်တိုးတိုး ပြန်ဖြေသံလေးနှင့်အတူ မကြားရတာကြာပြီဖြစ်တဲ့ သံရှည်ဆွဲပြီး ပြောသံလေးကိုပါကြားလိုက်ရသည်။

"Hyung ဘာလို့မလာတာလဲ.......''

"ကိုယ်အလုပ်တွေ မပြီးသေးလို့ ကလေးရဲ့....... နေ့လည်စာ စားပြီးပြီလား.......''

"အင်း ပြီးပြီ......Hyung ညနေရော လာကြိုမှာလားဟင်.......''

"လာကြိုမှာပေါ့ ကလေးရဲ့ နည်းနည်းတော့နောက်ကျမယ် ကိုယ့်ကိုစောင့်နေနော်.......''

Remember(Completed)Where stories live. Discover now