Fifteen

6.1K 592 27
                                    



Zawgyi


ဒီနေ့မှ မိုးကလည်း တစ်စိမ့်စိမ့်နှင့်ရွာနေတာ တော်တော်နှင်မတိတ်တော့။

လုပ်လက်စအလုပ်တွေကို လက်စသပ်ရင်းက နာရီကို ကြည့်လိုက်တော့ ညနေပင်စောင်းနေပြီ ဖြစ်သည်။

Love is not over over over....Phone Ring

ဖုန်းသံကြောင့် ကြည့်နေတဲ့ ဖိုင်တွဲကို ဘေးပြန်ချပြီး ဖုန်း screen ပေါ်က နာမည်ကို ကြည်လိုက်တော့ Jin Hyung.

ဘာဖြစ်လို့ပါလိမ့်....

အလုပ်ကိစ္စ အတွက် Meeting ရှိတယ်လို့လည်း မကြားမိပါ။

မျက်ခုံးနှစ်ဖက်ကို တွန့်ကုတ်လိုက်ရင်းမှ.....

''Hello....''

''Tae လား....''

''Nae Hyung ဘာဖြစ်လို့လဲ ဒီနေ့ Meeting ရှိတယ်လည်း ကျွန်တော့်ကို မပြောပါဘူး....ကျွန်တော်က အခု ကုမ္ပဏီမှာပဲရှိနေတာ....''

''Meeting ရှိလို့ Tae ဆီဖုန်းဆက်တာ မဟုတ်ပါဘူး....Hyung အကူအညီတောင်းစရာလေးရှိလို့....''

''ဗျာ!! ဘာကိုလဲ Hyung....''

Jin Hyung ရဲ့ အသံက အားနာမှုကြောင့် ထပ်မထွက်လာသောကြောင့် သူကဘဲ ထပ်မေးလိုက်ရသည်။

''Hyung ပြောလေ....ကျွန်တော် ဘာကူညီပေးရမလဲ.....''

''ဟို ဒီနေ့ Jung Kook လေးကို ကျောင်းကနေသွားကြိုပေးပါလား....Ji ကလည်း စက်ရုံကိစ္စနဲ့ နယ်ဘက်ရောက်နေတာလေ ပြီးတော့ Hyung ကလည်း LA ရုံးခွဲက လူကြီးတွေလာမှာမို့ ဒီနေ့ Meeting ရှိလို့.....''

သူ့ဘက်က ခနတိတ်ဆိပ်သွားမှုကြောင့် Jin ကလည်း အားနာသွားပုံရကာ....

''Tae အဆင်မပြောရင်လည်းရ....''

''Arni....အဆင်ပြေပါတယ် ကျွန်တော်သွားကြိုလိုက်ပါမယ်....''

သူ့ပြောလိုက်တာကြောင့် တစ်ဖက်မှ Jin Hyung ကလည်း ဝမ်းသာသွားပုံရသည်။

''အဲ့ဒါဆိုလည်း ကျေးဇူးတင်ပါတယ် Tae ရယ်....အားနာနာနဲ့ပဲ ဆက်ပြီး အကူအညီတောင်းရအုံးမယ်....ဒီည Jung Kook လေးနဲ့ အိမ်မှာ နေပေးပါလား....Hyung က Meeting က မပြတ်ရင် ကုမ္ပဏီမှာဘဲ အိပ်ရဖို့များတယ် ပြီးတော့ ကလေးက မိုးရွာရင် အရမ်းကြောက်တက်လို့ပါ တစ်ယောက်ထဲလည်း စိတ်မချလို့ Tae ကို အကူအညီတောင်းတာပါ.....''

Remember(Completed)Where stories live. Discover now