eighteen

5.2K 492 18
                                    



Zawgyi



ဆေးရုံရဲ့ အရေးပေါ်အခန်းရှေ့တွင် ခေါင်းငိုက်စိုက်လျှက်ထိုင်နေတဲ့ လူသားတစ်ဦး။

မျက်နှာပြင်ထက်တွင် ပူပင်သောကရောက်နေပုံက အထင်းသားပေါ်လွင်လျှက်။

သွေးသံတရဲရဲနှင့် အရေးပေါ်ခန်းထဲဝင်သွားသည့် ဖြူဖျော့ဖျော့ကလေးရဲ့ မျက်နှာက သူ့ကိုတုန်လှုပ်စေခဲ့သည်။

ဒီတစ်ခါ ကလေးကိုသူထပ်ဆုံးရှုံးရမှာလား။

ဟင့်အင်း သူကြောက်တယ် အဲ့အဖြစ်မျိုးကို အတွေးလေးနဲ့တောင် သူထပ်မတွေးရဲ။

အခုတော့ သူ့ကိုယ်သူအပြစ်တင်ဖို့မှတစ်ပါး ကျန်တာဘားမှသူမတက်နိုင်ခဲ့။

"Tae Hyung......''

ခပ်သောသောခြေလှမ်းတွေနှင့်အတူ သူ့မြင်ကွင်းထဲကိုရောက်လာသည်က Jin Hyung ၏ စိုးရိမ်တကြီး ပူပန်နေသည့်မျက်နှာ။

"ကလေး! ကလေး ဘယ်မှာလဲ!...."

"Hyung.....''

"Tae Hyung ငါမေးနေတယ် ကလေးဘယ်မှာလဲ......''

"Hyung ကျွန်တော့အပြစ်ပါ......''

သူ့စကားသံအဆုံးမှာ ခပ်လေးလေးသက်ပြင်းချသံက ထွက်ပေါ်လာခဲ့သည်။

"မင်းကိုငါ အပြစ်တင်နေတာ မဟုတ်ဘူး Tae Hyung.....အပြစ်လည်း မတင်ချင်ဘူး Ji ပြောပြလို့ မင်းနဲ့ကလေးနဲ့ ကိစ္စကို အရိပ်အမြွတ်တော့ ငါသိတယ်......အခုငါမေးနေတာက ကလေးဘယ်မှာလဲ အခြေအနေက စိုးရိမ်ရလားဆိုတာ.......''

Jin Hyung ရဲ့ စကားသံအဆုံးမှာ မျက်ရည်တွေကြားထဲ သူမော့ကြည့်မိသည်။

ပြည့်အိုင်နေတဲ့ မျက်ရည်တွေကြောင့်လားပင်မသိ အရာအားလုံးက ဝေဝေဝါးဝါး။

"အရေးပေါ်ခန်းထဲမှာ ခေါင်းထိထားတော့ စိုးရိမ်ရတယ်တဲ့ Hyung.....ကလေး အခုလို ဖြစ်ရတာ ကျွန်တော့် အပြစ်တွေပါ Hyung ကျွန်တော့်ကြောင့် ဖြစ်ရတာပါ......''

ပြောရင်းရှိုက်ကြီးတငင်ငိုကြွေးနေမိတဲ့ သူ့အဖြစ်က ညအမှောင်မှာ လမ်းပျောက်နေတဲ့သူတစ်ယောက်လို့။

"Tae Hyung ငါ့ကိုကြည့် မင်းအခုလို မင်းကိုမင်းအပြစ်တင်နေလို့ရော အရာတိုင်းက အကောင်းအတိုင်း ပြန်ဖြစ်မလာဘူး.....ငါ့မိဘတွေ မရှိတော့တဲ့နောက်ပိုင်း ကလေးက ငါ့အတွက်အရာရာပဲ ငါစောင့်ရှောက်ပေးရမယ် တစ်ဦးတည်းသော ငါ့မိသားစုပဲ.....အခုလို ပူဆွေးပြီး ကိုယ့်ကိုကိုယ်အပြစ်တင်နေလို့လည်း ဘားမှထူးမလာဘူး.....ကလေးဆိုရင်လည်း ကြိုက်မှာမဟုတ်ဘူး ငါ့တို့သူ့အတွက် ကြံ့ခိုင်နေဖို့လိုတယ်.....ကြားလား Tae Hyung......''

Remember(Completed)Where stories live. Discover now