twenty one

5.4K 496 42
                                    



Zawgyi

သူအလုပ်ကိစ္စတွေအားလုံးပြီးတော့ အတော်ပင်နောက်ကျနေပြီဖြစ်သည်။

ကလေးတစ်ယောက်ထဲ ကျောင်းထဲမှာ စောင့်နေရမည်ဆိုးသည့်အတွက် အမြန်ဆုံးလာခဲ့တာဖြစ်သည်။

ကျောင်းရှေ့ရောက်တော့ ကျောင်းသားတော်တော်များများပင် မရှိတော့။

ခါတိုင်း စောင့်နေကျနေရာမှာ ရပ်စောင့်နေတဲ့ကလေးကိုလည်းမတွေ့ရ။

သူ ဟိုသည်လှည့်ရှာလိုက်တော့မှ မျက်မှန်းတန်းမိနေတဲ့ ကလေးရဲ့သူငယ်ချင်းကောင်လေးကိုတွေ့ရသည်။

Tae Hyung လည်း ထိုကောင်လေးနားလျှောက်သွားပြီး......

"မင်းက Jung Kook သူငယ်ချင်းမဟုတ်လား......''

သူ့ကိုမြင်တာနှင်ချက်ချင်း ကောင်လေးက ပြာပြာသလဲဖြင့်......

"Tae Hyung Hyung မှတ်လား Jungkookie အခုထိပြန်မရောက်သေးလို့ကျွန်တော် စိတ်ပူနေတာ......နေခင်းလောက်ကတည်းက Yoo Sang Mi နောက်လိုက်သွားတာ.......''

ထိုကောင်လေးပြောစကားကြောင့် Tae Hyung ခေါင်းတစ်ခုလုံးကျိန်းသွားရသည်။

Yoo Sang Mi ဒီမိန်းမ ဘာလုပ်ပြန်ပြီလဲ။

"နေပါအုံး ကလေးကို အဲ့မိန်းမက ဘာလို့လာခေါ်သွားတာလဲ......''

Tae Hyung ရဲ့ အလောတကြီးမေးစကားကြောင့် Yugyeom ကလည်း ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်သည်။

တောက်!! Yoo Sang Mi! ! ဒီမိန်းမ!!

ဒေါသကြောင့် Tae Hyung ရဲ့မေးကြောကြီးတွေပင် ထောင်လာခဲ့သည်။

စိုးရိမ်သောက ရောက်နေရခြင်းနှင့်အတူ ယူကြုံးမရခြင်းတွေက ရင်ဘက်ထဲကို အလုံးနဲ့အရင်းနဲ့ ပစ်ဝင်လာခဲ့သည်။

စိတ်ပူသည့်အဆင့်ထက် ယခုအချိန်က ကလေး၏ အသက်အန္တရာယ်ကိုပါ စိုးရိမ်နေရသည့် အခြေအနေ။

ထိုအချိန်မှာပင် သူ့ဖုန်းထဲကို Sang Mi ထံမှ Message တစ်ခု ဝင်လာခဲ့သည်။

ကြည့်လိုက်တော့ ဓာတ်ပုံတစ်ခု။

သတိမေ့နေတဲ့ Jung Kook ရဲ့တစ်ဖက်တစ်ချက်မှာ ဗလကောင်းကောင်း လူနှစ်ယောက်နှင့်ပုံ။

Remember(Completed)Where stories live. Discover now