❤1❤

9.1K 353 19
                                    

ထိုင်းနိုင်​ငံရဲ့ ​အောင်​မြင်​​ကျော်​ကြားတဲ့ မင်းသား​တေထဲ တ​ယောက်​အပါအဝင်​ဖြစ်​​နေတဲ့ singto အတွက်​ အချစ်​ဆိုတာက မစား​ကောင်းတဲ့ အသီးလို မလိုအပ်​တဲ့အရာတခုပါ။မင်းသမီး​တေနဲ့ တွဲပြီး သရုပ်​​ဆောင်​ရ​ပေမဲ့လဲ သူမတို့အ​ပေါ်မှာလဲ ခံစားချက်​ဆိုတာ တစိုးတစ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ထိုင်းနိုင်​ငံရဲ့ ​အောင်​မြင်​​ကျော်​ကြားတဲ့ မင်းသား​တေထဲ တ​ယောက်​အပါအဝင်​ဖြစ်​​နေတဲ့ singto အတွက်​ အချစ်​ဆိုတာက မစား​ကောင်းတဲ့ အသီးလို မလိုအပ်​တဲ့အရာတခုပါ။
မင်းသမီး​တေနဲ့ တွဲပြီး သရုပ်​​ဆောင်​ရ​ပေမဲ့လဲ သူမတို့အ​ပေါ်မှာလဲ ခံစားချက်​ဆိုတာ တစိုးတစိ ​တောင်​မရှိခဲ့ပါ။
Singto ရဲ့မန်​​နေဂျာ p'jane က ​တော့ သူ့ကို အမြဲ​လှောင်​​နေကြပါ ။ gay ဆိုပြီး​တော့​လေ...တကယ်​​တော့ singto ဘဝမှာ သူ့ပါးပါးကလွဲပြီး တခြားသူကိုချစ်​ဖို့ဆိုတာ တခါမှ မ​တွေးခဲ့ဖူးပါ။ မိန်းက​လေးမှ မဟုတ်​ p'jane ​ပြောသလို ​ယောက်​ကျား​လေး ကိုလဲ မကြိုက်​ခဲ့ပါ။ singto ဆိုတာက ​မွေးထဲက ချစ်​တတ်​တဲ့ နှလုံးသား မပါလာသည်​ပဲလား မသိ​တော့ပါ။
Singto ရိုက်​ခဲ့တဲ့ ရုပ်​ရှင်​​တေထဲမှာ မိန်းက​လေး နဲ့လဲသရုပ်​​ဆောင်​ခဲ့ရသလို boy to boy ရုပ်​ရှင်​ တွင်​...​ယောက်​ကျား​လေး တ​ယောက်​နဲ့လဲ သရုပ်​​ဆောင်​ဖူးပါသည်​။
Boy to boy ရုပ်​ရှင်​တွင်​ main role အ​နေနှင့်​ မဟုတ်​​ပေမဲ့လဲ ပရိသတ်​ ​တေက ထို ဇာတ်​ရုပ်​ကိုပိုအား​ပေးပြီး singto နဲ့ pitcher ဆိုပြီး လူပိုသိခဲ့တယ်​​လေ။
သူတို့နှစ်​​ယောက်​ကို agency က fan ​တေပိုများလာ​အောင်​ moment ​တေဖန့တီးခိုင်းသဖြင့်​ သူတို့နှစ်​​ယောက်​တွင်​ အမှတ်​တရ​တေများခဲ့ကြသည်​။
Singto အတွက်​​တော့ P'pitcher က အကိုရင်းတ​ယောက်​လိုပင်​ သရုပ်​​ဆောင်​တ​ယောက်အ​နေနှင့်​ ချစ်​သူ​တေလို moment ​တေလုပ်​ပြခဲ့​ပေမဲ့ singto အတွက်​က​တော့ အရင်​ကလိုပဲ ရင်​ခုန်​ခြင်းမရှိခဲ့ပါ။
ဒီ​နေဲ့ agency က စီစဉ်​​ပေးထား​သော moment ရှိ​နေ၍ Siam Center သို့ singto ပြင်​ဆင်​ပြီး ထွက်​ခဲ့လိုက်​သည်​။ ရုပ်​ရှင်​ထဲတွင်​ singto ရဲ့​နေရာက LGBT supporter ​တေ​ပြော​နေကြတဲ့ uke type မျိုးဖြစ်​​နေ၍ သူ့ကိုယ်​သူ ချစ်းရာ​ကောင်းနဲ့ ပုံမျိုးဖြစ်​​အောင်​ ပြင်​ဆင်​လာရသည်​။ တကယ်​ဆို singto က gentleman ဆန်​တဲ့ ပုံစံမျိုးကို ဝတ်​ရတာကို ပိုသ​ဘောကျမိတာပါ။ သို့​ပေမဲ့လဲ ပရိသတ်​ ​တေအတွက်​ မဝတ်​ချင်​​ပေမဲ့လဲ ဝတ်​ရမှာပဲ ဖြစ်​သဖြင့်​ p'jane ပြင်​ဆင်​​ပေး​သော အဝတ်​များနှင့်​သာ ပြင်​ဆင်​ပြီး ထွက်​လာရခြင်းသာ။ Siam ကို ​ရောက်​​တော့ p'jane က ကားပါကင်​ကသာ ​စောင့်​​နေမည်​ဆိုပြီး singto ကို Siam ​ရှေ့တွင်​ ချပြီး ထွက်​သွား​လေသည်​။ couple moment ဖြစ်​​နေ၍ မန်​​နေဂျာများ မပါပဲ နှစ်​​ယောက်​ထဲ ရှိ​နေရမည်​ဖြစ်​​သော​ကြောင့်​ p'jane က မလိုက်​ခြင်းပါ။ ခါတိုင်းဆို p'jane နဲ့ singto က အမြွှာ​တေလို ခွဲမရတဲ့ လူသား နှစ်​​ယောက်​မဟုတ်​ပါလား။ Siam ​ရှေ့​မှာ ကား​ပေါ်ကဆင်းပြီး singto ဟိုကြည့်​ ဒီကြည့်​ ကြည့်​​နေမိသည်​။ P'pitcher ကဒီ​ရှေ့တွင်​ ​စောငိ့​နေမည်​ဆို၍ပါ။ ​ဝေ့ဝဲကြည့်​ရင်း လူ​တေ​အုံ​နေ​သော ​နေရာ တ​နေရာကို မြင်​သွ၍ပြုံးလိုက်​မိသည်​။သေချာတာက လူ​တေအုံ​နေခြင်းသည်​ P'pitcher ရှိ​နေ၍သာ...singto လဲ ထို​နေရာသို့ ​လျှောက်​သွားလိုက်​သည်​။ ​ခြေလှမ်း ​လေး ငါးလှမ်း လှမ်းပြီးသည့်​အချိန်​တွင်​​တော့ Siam ​ရှေ့တွင်​ရှိ​နေ​သော singto ပရိသတ်​ ​တေက မြင်​သွားပြီး အနားသို့ အ​ပြေးအလွှား ​ရောက်​လာကြသည်​။singto လဲ ရုတ်​တရက်​ ဆို​တော့ လန့်​ပြီး ​နောက်​သို့ဆုတ်​လိုက်​မိရာ ​ခြေ​ထောက်​ကလိမ်​သွားပြီး ပက်​လက်​လန်​ လဲ​လေ​တော့သည်​။ singto စိတ်​ထဲတွင်​​တော့ သွားပြီး ဟု ​တွေးထားကာ မျက်​စိအစုံကိုမှိတ်​ထားလိုက်​သည်​။ singto ​ကျောပြင်​က တခုခုနှင့်​ထိသွား​သော်​လည်း ထိသည့်​အရာမှာ မာ​ကြော​သော အရာမဟုတ်​ပဲ အိစက်​​နေ​သော အရာဖြစ်​​နေ​လေသည်​။ ထို့အပြင်​နှာ​ခေါင်းထဲသို့ စ​တော်​ဘယ်​ရီ နဲ့လိုလို အသီးနံ့ သင်းသင်း​လေးကလဲ တိုးဝက်​လာခဲ့သည်​။ singto လဲ သူဘယ်​​နေရာ​ရောက်​​နေသည်​လဲ သိချင်​လှသဖြင့်​ ပိတ်​ထား​သော မျက်​လုံးများကို ဖွင့်​ကြည်​လြိုက်​​တော့ ပထမဆုံး မြင်​လိုက်​ရသည်​က singto ကို စိုးရိမ်​တကြီးနဲ့ ငုံ့ကြည့်​​နေ​သော မျက်​လုံး ဝိုင်းဝိုင်း​လေးတစုံ singto ကိုယ်​လုံး ကြီးကို ဖမ်းထားလိုက်​ပုံ ရသည်​။ ထိုမျက်​လုံးဝိုင်းဝိုင်း​လေးကို ကြည့်​ပြီး မခွာချင်​သဖြင့်​ လက်​ရှိအ​ခြေအ​နေကို singto ​မေ့ပြီး ဆက်​ကြည့်​​နေမိသည်​။ ထိုအခါ singto ကြည့်​​နေ​သော မျက်​လုံးဝိုင်း​လေးမှ စိုးရိမ်​ရိပ်​​တေ​ပျောက်​သွားပြီး အလိုမကျတဲ့အရိပ်​​တေ​ပေါ်လာ​တော့သည်​။

❤ Moment To Forever ❤Where stories live. Discover now