❤ 4 ❤

3.1K 246 10
                                    

Krist တ​ယောက်​ မ​နေ့က တ​နေကုန်​ p'singto တို့​နောက်​ လိုက်​ရတာရယ်​...တပတ်​စာ လိုအပ်​သည်​များကို ဝယ်​ရတာရယ်​...နှင့်​ အိမ်​အပြန်​မိုးချုပ်​သဖြင့်​ အခန်းပြန်​​ရောက်​​တော့ ပင်​ပန်း​နေ​သော​ကြောင့်​ ​ရေပင်​မချိုးနိုင်​ပဲ...အိပ်​ရာထဲ လှဲ​နေမိသည်​။   အိပ်​ရာထဲတွင်​ နဖူး​ပေါ်လက်​တင်​ပြီး ​နေ့လည်​က p'singto ရ့အဲကြည့်​​တေကို ပြန်​မြင်​​ယောင်​​နေမိသည်​။ p'singto  အံ့သြပြီး ထူးဆန်း​နေသည့်​အကြည့်​​​တေပါ။ ထိုအကြည့်​မျ​အောက်​တွင်​ ခုန်​လာ​သောရင်​ခုန်​သံကို p'singto ကြားသွားမည်​ကို စိုးရိမ်​မိသည်​။
ပြီး​တော့ p'singto က နဲနဲလူ​ကောင်​​သေးတယ်​ ဟု ထင်​ရ​ပေမဲ့...တကယ်​​တော့ သူ့အ​လေးချိန်​က မ​ပေါ့လှပါ။ krist လက်​​ပေါ်တွင်​​လေးလာ​သော​ကြောင့်​ နှုတ်​ခမ်းစူမိတာကို ငြိုငြင်​သွားသည်​ဟု ထင်​သွားသည်​လား...မ​ပြောတတ်​ပါ။ သို့​ပေမဲ့ အချိန့​တော်​​တော်​ကြာ စွဲလမ်းခဲ့ရတဲ့ krist အတွက်​​တော့ ထိုအ​နေအထား​လေး..ဖြစ်​ခဲ့သည်​ကပင်​ ​သေလို့ရ​နေ​လေပြီ။ krist လဲ ပင်​ပန်းလာသဖြင့်​ ခုန်​​နေ​သောရင်​ခုန်​သံကို လျစ်​လျူရှူကာ အိပ်​စက်​ခြင်းသို့ တိုးဝင်​လိုက်​သည်​။

နောက်​တ​နေ့ မနက်​မိုးလင်း​တော့ krist ရဲ့​ခေါင်းရင်းက နှိုးစက်​က ဆူဆူညံညံလုပ်​​နေ​တော့သည်​။ krist ရဲ့အကျင့်​အတိုင်း လက်​က နှိုးစက်​ဆီ​ရောက်​ပြီး ပိတ်​ကာ မပွင့်​​သေး​သော မျက်​စိကို ဖွင့်​ဖို့ စိတ်​မကူးဘဲ ဆက်​သာပိတ်​ထားမိသည်​။ အဲ့ဒါက ရုံးသွားရတဲ့မနက်​တိုင်း အအိပ်​မက်​​သော krist ရဲ့ထုံးစံ ပါ။ ရိုယ့်​အ​ကြောင်းကို သိ၍ နှိုးစက်​ကို နာရီဝက်​နီးပါး ကြို ချထားခြင်းဖြစ်​သည်​။ krist က​တော့ ထုံးစံအတိုင်း ပိတ်​ပြီး ပြန်​အိပ်​​ပျော်​သွားပြီဖြစ်​သည်​။ ​နောက်​နာရီဝက်​ကြာ​တော့ သနားစရာ နှိုးစက်​က​လေးက ​နောက်​တ​ခေါက်​ထမြည်​ရပြန်​သည်​။
ထိုအခါမှ krist လဲ မျက်​လုံးမဖွင့်​​သေးဘဲ ငုတ်​တုတ်​ထ ထိုင်​ကာ နှိုးစက်​ကို ပိတ်​ပြီး နှပ်​​နေမိ​​သေးသည်​။ ခနကြာမှ ​ရေချိုးခန်းထဲဝင်​ကာ ​ရေချိုးရင်း ဒီ​နေ့ရုံးတွင်​ appointment ချိန်းထားသည်​ကို သတိရသွားရသည်​။ krist ရဲ့ company က oishi company ပါ...krist က က​လေးဆန်​​ပေမဲ့ အလုပ်​နဲ့ပတ်​သက်​လျှင်​​တော့ ​သေချာ စည်းစနစ်​ကျစွာ လုပ်​သဖြင့်​ ယ်​ငယ်​​လေးနှင့်​ boss က မျက်​နှာလွှဲရ​သော supervisor တ​ယောက်​ပင်​ဖြစ်​​နေခဲ့ပြီ။
ဒီ​နေ့လဲ company မှ အသစ်​ထုတ်​​သော အချိုရည်​ အတွက်​ ​ကြော်​ငြာ ရိုက်​ရန်​ မင်းသားနှင့်​ချိန်းထားသည်​။ ထိုမင်းသားက တခြားမဟုတ်​...krist ရဲ့ အချစ်​ဆုံးသူ...p'singto ပါ။Boss က krist စိတ်​တိုင်းကျ လုပ်​ရန်​ ခွင့်​ပြုထားသဖြင့်​ p'singto ကို ​ရွေးမိခြင်းပါ။ p'singto လက်​ခံ..မခံက​တော့ သူကြိုးစားရလိမ့်​အုံးမည်​။ ခု​လော​လောဆယ်​​တော့ ရုံးမ​နောက်​ကျ​စေရန်​ ​ရေကို ခပ်​မြန်​မြန်​ချိုးလိုက်​ရသည်​။ ထို့​နောက်​ ဗီရို​ရှေ့ရပ်​ကာ အကြံအိုက်​​နေရ​တော့သည်​။ အ​ကြောင်းက​တော့ သူ ဘာဝတ်​ရမလဲ ဖြစ်​​နေသည်​​လေ....p'singto ​ရှေ့တွင်​ Formal ဝတ်​ပြီး ရိုးတွ​နေ​သော ပုံလဲ မဖြစ်​ချင်​ပါ။ ​ပေါ့​ပေါ့ပါးပါး လူငယ်​ဆန်​ဆန်​ဝတ်​ပြန်​​တော့လဲ...Boss က​တော့ဘာမှမ​ပြော​ပေမဲ့ p'singto အမြင်​တွင်​ အ​ပေါစားဆန်​ပြီး အထင်​​သေးမည်​ကိုလဲ စိုးမိသည်​။ ထို့​ကြောင့်​ ​ရွေးချယ်​ရခက်​​နေ​လေ​တော့သည်​။
စိတ်​ရှုပ်​ရှုပ်​နှင့်​ နာရီကို ​မော့ကြည့်​မိ​တော့ ရုံး​ချိန်​နီး​နေ​လေပြီ...ဒီအချိန်​​လောက်​သွားမှကားပိတ်​သည်​နှင့်​ဘာနှင့်​ ရုံးချိန်​အမှီ​ရောက်​မည်​​လေ။...krist လဲ ဝတ်​နကျအတိုင်း Formal dress ကိုသာ ဝတ်​လိုက်​ပြီး လိုအပ်​သည့်​ စာရွက်​စာတမ်း များကို ထည့်​ကာ အခန်းတံခါးကို ပိတ်​လိုက်​သည်​။
ကားပါကင်​သို့ သွားမည်​ကို ပြင်​ပြီးမှ သတိရလိုက်​မိသည်​။ ဟိုတ​ယောက်​က ဒီ​နေ့ ကိုရီးယားမှ ပြန်​လာမည်​ဖြစ်​၍ လာကြိုမည်​ဆို​သော​ကြောင့်​ ကားနှင့်​သွားလို့မဖြစ်​ပါ။ အဲ့တ​ယောက်​က သူ့ကားနှင့်​လာ​ခေါ်မည်​ဖြစ်​​​သော​ကြောက့်​ပါ။
ထို့​ကြောင့်​ krist လဲ...taxi ကို လှမ်းချိတ်​၍ ရုံးသို့ထွက်​လာခဲ့လိုက်​​တော့သည်​။ရုံး​ရောက်​​တော့ လက်​​အောက်​က ဝန်​ထမ်း​တေကို အလုပ်​လုပ်​ရန်​ ညွှန်​ကြားပြီး krist ကိုယ်​တိုင်​လဲ အလုပ်​လုပ်​​နေ​လိုက်​သည်​။ ရုံးကဝန်​ထမ်းများကလဲ..krist ရဲ့အလုပ်​ကြိုးစားတာရယ်​...​ဖော်​​ရွေတာရယ်​​ကြောင့်​ အကုန်​လုံး က ချစ်​ကြသည်​။ သို့​ပေမဲ့ လည်း အလုပ်​နှင့်​ပတ်​သက်​ရင်​​တော့အမှားမခံရဲ​ကြ​ပေ။ အလုပ်​နှင့်​ပတ်​သက်​ရင်​ krist က တိကျပြတ်​သား​သော​ကြောင့်​ အကုန်​လုံးက လန့်​ကြသည်​။ krist ရုံးခန်းထဲတွင်​ အလုပ်​လုပ်​​နေတုန်း ​ကောင်​မ​လေးတ​ယောက်​က ချိန်းထား​သော ဧည့်​သည်​​ရောက်​​နေပြီဟု လာ​ပြောသဖြင့်​ သူ့ရဲ့ လက်​​ထောက်​ Ahm ကို ​ခေါ်ကာ meeting room ထဲသို့ သွားဖို့ ပြင်​ဆင်​​နေမိသည်​။ krist ကိုယ့်​ဘာသာ ​သေ​သေသပ်​သပ်​ဖြစ်​​အောင်​ပြုပြင်​​နေသည်​ကို Ahm က​တော့မျက်​လုံးပြူးကာ ကြည့်​​နေ​လေ​တော့သည်​။ krist က ရုံးကိုလာရင်​လဲ ဖုတ်​ဖက်​ခါ လာပြီး ပြန်​ရင်​လည်း မပြင်​မဆင်​ပဲ ပြန်​တတ်​သည်​။ ခုလို ပြင်​ဆင်​​နေသည်​ကို သူတို့မှမမြင်​ဖူးတာ။ Ahm ကြည့်​​နေသည်​ကို ​တွေ့​သော​ကြောင့်​ လှမ်းရန်​လုပ်​မိသည်​။
K-ဘာကြည့်​တာလဲ....
A-ထူးဆန်းလို့​ဟေ့...ထူးဆန်းလို့..
K-ဘာကလဲ...
A-နင်​​လေ...kit ရယ်​ တခါမှ လှလှပပမ​နေတဲ့နင်​က ပြင်​​နေတာကိုး...
K-ဧည့်​သည်​နဲ့​တွေ့ရမျိာ​လေဟာ..
A-ခါတိုင်း ဧည့်​သည်​လာလဲ နင်​မပြင်​ပါဘူး...အပို​တေ..p'singto မလို့မလား...
K-မဟုတ်​ပါဘူး..ဟာ...သွားမယ်​..​စောင့်​​နေရအုံးမယ်​...
ဟု ​ပြောကာ စကားကို မြန်​မြန်​ဖြတ်​ပြီး ထွက်​လာခဲ့ရသည်​။ မဟုတ်​ရင်​ ထိုစပ်​စုမက krist ကို အစ်​​အောက်​​နေအုံးမည်​။ Ahmနဲ့ krist နဲ့က အသက်​က တူတူပင်​..ထို့အပြင်​အလုပ်​ဝင်​တုန်းကလဲ တူတူဖြစ်​၍ ရင်းနှိး​နေပြီး krist အ​ကြောင်း အကုန်​သိ​နေသူလည်း ဖြစ်​၍ စ​နေခြင်းသာ။
Krist ​ဟောက်​လိုက်​၍ သူမ မျက်​နှာပိုးသပ်​ကာ..p'singto တို့​စောင့်​​နေ​သော meeting room ထဲသို့ ဝင်​လာခဲ့လိုက်​သည်​။
Meeting room ထဲ​ရောက်​​တော့ p'singto က krist ကို ကြည့်​ကာ အံ့သြပြီး အသံပင်​မထွက်​​တော့​ချေ။ သူ krist ကို မှတ်​မိ​နေသည်​ထင်​သည်​။ ထို့​ကြောင့်​ krist စိတ်​ထဲ တွင်​ ​ပျော်​​နေသည်​မှာ ဘာနဲ့မှပင်​နှိုင်းယှဉ်​၍မရနိုင်​​အောင်​ပင်​....

--------------------------------

တ​ယောက်​ တပိုင်းစီလို ဖြစ်​​နေလို့ ပျင်းစရာမျ​ကောင်း​နေလားဟင်​...
ဒါနဲ့​လေ...kit ကို လာကြိုမဲ့ ဟိုတ​ယောက်​က ဘသူများပါလိမ့်​​နော်​...
Fb ​လေး​တေမှာ ​ဖြေကြည့်​သွကြအုံး...

❤ Moment To Forever ❤Where stories live. Discover now