❤ 12 ❤

2.4K 194 4
                                    


Singto'pov

အကြည့်တွေ ဝေဝါးနေသည်မှာ အနားကလူတောင် သဲသဲကွဲကွဲ မမြင်ရတော့သည် အထိပင်။ အကြည့်တွေ ပြန်ကြည် လိုကြည်လင်ငြား လက်နှင့် မျက်လုံးကို ပွတ်လိုက်တော့ လက်၌ စိုစွတ်သည်ကို ခံစားလိုက်ရ ၍ အလန့်တကြား ကြည့်လိုက်မိတော့ မျက်ရည်တွေ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ကျွန်တော် ကိုယ့်ကိုကိုယ် အံ့အားသင့် သွားမိသည်။ ကျွန်တော်က သရုပ်ဆောင်နေခြင်း မဟုတ်ပါပဲ မျက်ရည် ကျရသည်တဲ့လား။ မျက်ရည် ကျ ရသည့် အကြောင်းကလဲ ကောင်လေးတယောက်အတွက်တဲ့လား... အခုမှ ကိုယ့်ကိုကိုယ် ဆန်းစစ်ကြည့်မိတော့ မျက်ရည် ကျယုံတင်မဟုတ်ပဲ ရင်ဘတ် တခုလုံး စုပ်စွဲ ထားသလို ဖြစ်နေရတော့သည်။

ထိုလူ....တနည်းပြောရရင် ကျွန်တော့ကလေးလေး နားမှာ အမြဲ ရှိနေသော လူကို မြင်လိုက်ရခြင်းက ကျွန်တော့ကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေသည်။ မနေ့က ညနေထဲက ကလေးလေးနဲ့ တူတူရှိနေသော ထိုလူက အခုမနက်ထိ...နေ့လည်နားချိန်ထိ ကလေးအနားက မခွာသည်ကိုတော့ သည်းခံနိုင်စွမ်းမရှိတော့ပါ။ ခုလဲ သူတို့ရှိနေရာကို ကြည့်လိုက်တော့ ကျွန်တော့ကလေးလေးက မနက်က ကျွန်တော့ကို ကြည့်သောအကြည့်နှင့် ကွဲပြားစွာ မျက်လုံးကတောက်တောက်လေးဖြစ်နေပြီး ပြုံးရွှင်ရီမောနေလေတော့သည်။ စိတ်ထဲတွင် ဖြစ်နေသည်ကတော့ ထိုကလေးကို သွားဆွဲပြီး အဲ့လူနဲ့ ဘာတွေလဲ ဆိုတာကို မေးလိုက်ချင်တော့သည်။

သူများတွေ အတွက် တော့ အချစ်ဆိုတာ ဘလို အဓိပါယ်လဲ ဆိုတာ မသိပါ။ ကျွန်တော့် အတွက်ကတော့ ကလေးလေးကို ပိုင်ဆိုင်ရဖို့သာ အရေးကြီးသည်။ ကျွန်တော့ အနားမှာ ရှိနေမဲ့ ကလေးအတွက် အရာရာ အကုန်ဖြည့်ဆည်းပေးမိမှာ အမှန်ပင်။ ထိုသူနဲ့ ကလေးရဲ့ ပတ်သတ်မှုက ဆန်းပြားနေခဲ့ရင်တောင် ကျွန်တော်က ရအောင် ယူရလိမ့်မည်။ အတ္တကြီးတယ်ပဲ ပြောပြော ကျွန်တော့ ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး အချစ်အတွက် လူကြမ်းဖြစ်ရမည် ဆိုလဲ အဖြစ်ခံလိုက်မည်။ ထို့ကြောင့် အတွေးကို အကောင်အထည် ဖော်ရန် ရီမောနေကြသော သူများထံသို့ ခြေလှမ်းတွေကို ဦးတည်လိုက်ပြီး ခြေလှမ်း တွေ စလှမ်းလိုက်ပြီး ၃ လှမ်းလားလှမ်းရသေးသည်...နောက် က တယောက်ယောက်၏ ဆောင့်ဆွဲ ခြင်းကို ခံလိုက်ရသည်။ ကျွန်တော့ရဲ့ စိတ်ကူးကို ဖျက်ဆီး၇ကောင်းလား ဟု စိတ်တိုပြီး လှည့်ကြည့်လိုက်တော့ ခေါင်းကို ခါပြနေသော P'Jane ကို တွေ့လိုက်ရသည်။ ဘာလို့ တားရတာလဲ ဆိုတာကို နားမလည်နိုင်စွာ P'Jane ဘက်ကို လှည့်၍ မေးလိုက်မိသည်။ ထိုအခါ...P'Jane က ရပ်နေရာကနေ လူရှင်းသော နေရာသို့ ဆွဲခေါ်သွားပြီးမှ

❤ Moment To Forever ❤Where stories live. Discover now