❤20❤

4.6K 240 13
                                    

Happy ending 😘😘

Krist'pov

ကျွန်​​တော်​ တ​ယောက်​ထဲ အ​တွေးနဲ့ ပြုံး​နေတုန်းမှာပဲ အိမ်​​ရှေ့တံခါးက ဘဲတီးလိုက်​သံကို ကြားလိုက်​ရ၍ လန့်​ပြီး တုန်​​တောင်​ တုန်​သွားရသည်​။ သူများ ​နောက်​တ​ခေါက်​လာသလား ဟု ​တွေးမိပြီး တံခါး ​ချောင်းကြည့်​​ပေါက်​က​နေ ကြည့်​လိုက်​​တော့ jira ကို ​တွေ့လိုက်​ရသဖြင့်​ သက်​ပြင်းချလိုက်​ရင်း တံခါးကို ဖွင့်​လိုက်​ရသည်​။ တံခါးဖွင့်​လိုက်​​တော့jjira က အထဲကို ဝင်​လာရင်း ကျွန်​​တော့ နဖူးကို ရိုက်​ကာ "မင်း အလုပ်​ကြီးပဲ kit...သူများ​တွေ ချိန်း​တွေ့​နေတာကို " ဟု ​ပြောလာသည်​။ သူ့စကား​ကြောင့်​ ကျွန်​​တော်​ ပင်​မျက်​လုံးပြူးသွားရပြီး တံခါးကို ပြန်​ပိတ်​ကာ သူ့​နောက်​လိုက်​ရင်း "​နေပါအုံး....jira..ချိန်း​တွေ့​နေတယ်​ဆိုရ​အောင်​..ဘသူနဲ့လဲ...Ahm နဲ့လို့​တော့ မ​ပြောနဲ့​နော်​" ဟု ပြန်​​ပြောလိုက်​ရသည်​။ အခန်းထဲက ဆိုဖာ​ပေါ်တွင်​ထိုင်​လိုက်​ပြီဖြစ်​​သော jira ဆီမှ ဘာမှန်းမသိတဲ့ အပြုံးတခုကို လက်​ခံရလိုက်​သည်​။ ထိုအပြုံးနှင့်​အတူ "ဟုတ်​​တော့​ရော...မင်းက...ဘာလုပ်​မလို့လဲ...kit..." ဟု ​ပြန်​ရန်​စွာလာသည်​ကို အံ့သြ​နေမိရ​တော့သည်​။ ပုံမှန်​ဆို ကျွန်​​တော်​ကသာ အ​ထေ့အ​ငေါ့နှင့်​​ပြောပြီး သူက မ​ပြောတတ်​သည့်​သူမဟုတ်​ပါလား။ ခန​ကြောင်​ကြည့်​​နေလိုက်​ပြီး "​အော်​....ခု​တော့..နှစ်​​ယောက် တ​ယောက်​ဖြစ်​ ပီဆို​တော့ အနှိမ်​ခံရပြီ​ပေါ့" ဟု ပဲ ပြန်​​ပြောလိုက်​ကာ သူ့ကို မျက်​​စောင်းထိုး နှုတ်​ခမ်းကို ပစ်​​ထော်​လိုက်​ကာ သူ့​ဘေးတွင်​ ဝင်​ထိုင်​လိုက်​သည်​။ ထိုအခါမှ jira က မျက်​နှာချို​သွေးတဲ့ အပြုံး​တေနှင့်​ အနားကပ်​ကာ ကျွန်​​တော့်​လက်​​မောင်းကို ကိုင်​လှုပ်​လိုက်​ရင်း "ညီ​လေးကလဲ...ချစ်​လို့စတာကိုကွာ...မပစ်​လို့ဘဲ နက်​ဖြန်​ ငါတို့နှစ်​​ယောက်​နဲ့ ကမ်း​ခြေ သွားဖို့လာ​ခေါ်တာ​လေ" ဟု ​ပြောလာသည်​။ အမြင်​ကပ်​ကပ်​နှင့်​ သူ့ကို မျက်​​စောင်းသာထိုးလိုက်​ပြီး ငြိမ်​​နေလိုက်​သည်​။ ထိုအခါ ကျွန်​​တေ.် မလိုက်​မချင်း ​ခေါ်မည်​ဟုများ ​တွေးထားသလား ထင်​ရသည့်​ jira က ထပ်​ပြီး "kit ကလဲကွာ...မင်းပဲ...ဟိုလူကို ​ရှောင်​မယ်​ဆို...ရုံးလဲပိတ်​​နေတာပဲ...တညအိပ်​​လောက်​ အပန်း​ဖြေ လိုက်​ခဲ့ပါကွာ...စိတ်​​ပြေလက်​​ပျောက်​​ပေါ့...​နော်​...kit" ဟု ​ပြောလာသည်​။ jira ​ပြောသည့်​ အကြံက​တော့ မဆိုးလှ အပန်းလဲ​ပြေ ဟိုလူကြီးကိုလဲ ​ရှောင်​ပြီးသားဖြစ်​...ကွက်​တိပဲ​ပေါ့....
ပြီး​တော့ ကျွန်​​တော့်​ကို မ​ပြောပဲ တွဲလိုက်​ကြ​သော ဟိုနှစ်​​ယောက်​ကိုလဲ ​နှောင့်​ယှက်​ပြီးသားဖြစ်​​တော့မည်​။ ထိုသို့ ထိုသို့​သော....အကြံဆိုး​တေနှင့်​ ညစ်​ကျယ်​ကျယ်​ ပြုံးလိုက်​ကာ jira ဘက်​လှည့်​ပြီး "အို​ကေ​လေ...ဟို​ရောက်​ရင်​ မင်းနဲ့ တခန်းထဲ​နေမှာ​နော်​" ဟု ​ပြောလိုက်​​တော့ jira မျက်​နှာကြီးက ရှုံတွသွားပြီး ​ခေါင်းသာငြိမ့်​ပြလာ​တော့သည်​။ထိုညက jira ပြန်​သွားပြီး နက်​ဖြန်​ အတွင်​လိုအပ်​တာ​တွေကို ထည့်​ပြီး alarm ချကာ အိပ်​လိုက်​​တော့သည်​။

❤ Moment To Forever ❤Where stories live. Discover now