❤ 16 ❤

2.2K 188 3
                                    


Singto'pov

ဒီလိုနှင့် ကျွန်တော် စောင့်နေရသော ညနေသို့ ရောက်လာလေတော့သည်။ Krist ရုံးဆင်းခါင်္နီးအချိန်တွင် ရိုက်ကွင်းကို အပြီး ရိုက်ပြီး P'jane ကို ပြောကာ ထွက်လာခဲ့လို်က်တော့သည်။ တလမ်းလုံး ကျွန်တော် သူ့ကို ချစ်တယ် ဟု ပြောလိုက်လျှင် သူပုံစံလေး ဘလို ပုံဖြစ်သွားပြီလဲ ဟု တွေးမိနေတော့သည်။ ရုံးရှေ့ရောက်တော့ နာရီကြည့်လိုက်တော့ ၅ နာရီထိုးဖို့ ၁၀ မိနစ်ခန့် လိုနေသေးသည်။ သို့နှင့် ကျွန်တော်လဲ အောက်တွင် မစောင့်တော့ပဲ ရုံးပေါ်သို့ တက်လိုက်လာခဲ့သည်။

ရုံးထဲမှ လူများက ကျွန်တော့ကို ကြည့်နေကြသည် ကို မမြင်ချင်ယောင်ဆောင်လိုက်ကာ Reception သို့သွား၍ Krist ရုံးခန်းကို မေးလိုက်ရသည်။ ကျွန်တော် ကလေးလေးရဲ့ ရုံးခန်းကို မသိပါ။ အရင် တခါတုန်းကလဲ Meeting Room တခုထဲမှာ သာ တွေ့ခဲ့ရသည်ဖြစ်သောကြောင့် သူ့ရုံးခန်းကို မသိပါ။

S- Mr.Krist ရုံးခန်းက ဘယ်နားမှာလဲ ခမျ..

Girl- Khun Krist နဲ့ ချိန်းထားလို့လား မသိဘူးရှင့်

S- ကျွန်တော် သူနဲ့ CF ကိစ္စလေး ပြောစရာရှိလို့ပါ...မချိန်းတော့ မချိန်းထားဘူး...

Girl- အဲ့ဒါဆို ခနလေးပါရှင့်...ဒီနေ့ တနေကုန် Khun krist ကို မတွေ့သေးလို့ သူ့ရုံးခန်းကို လှမ်းမေးပေးပါ့မယ်.....

ဟု ပြောလာသဖြင့် ကျွန်တော်လဲ ခေါင်းငြိမ့်ပြလိုက်တော့ သူမက ဖုန်းကို ကိုင်ပြီး ဖုန်းခေါ်နေတော့သည်။ ကျွန်တော် စောင့်နေရင်းမှ တွေးနေမိသည်။ တနေကုန်မတွေ့ရသေးဘူးဆိုတော့ ရုံးများမတက်ဘူးလား မသိ.... အဲ့လိုသာဆို သူ့ကို ဖွင့်ပြောမည့် ကိစ္စ က ခက်သွားပေအုံးမည်။ ဒီနေ့ သောကြာနေ့ဆိုတော့ နက်ဖြန် ဆိုလျှင် ရုံးက ပိတ်တော့ သူ့ကို တွေ့ဖို့က မလွယ်တော့ပေ။ သက်ပြင်းကို လေးလေးချလိုက်မိသည်။ ထိုအချိန် မှာပဲ ကောင်မလေးက ဖုန်းကို ချလိုက်ပြီး "ရုံးခန်းက ဖုန်းမကိုင်ဘူးရှင့် ရုံးဆင်းလာပြီလား မသိဘူး" ဟု ပြောလာသဖြင့် ကျွန်တော်လဲ ဘာလုပ်ရမှန်း မသိဖြစ်နေတုန်း Reception မှ ကောင်မလေး၏ တယောက်ယောက်ကို လှမ်းခေါ်လိုက်သံကြား၍ လှည့်ကြည့်လိုက်မိသည်။ ထိုအခါ ထိုကောင်မလေး ခေါ်လိုက်သော စုံတွဲက အနားရောက်လာသဖြင့် ကျွန်တော် အံ့သြသွားမိသည်။ ကျွန်တော့်မျက်လုံး တွေကလဲ ထို စုံတွဲ ၏ တွဲထားသော လက်တွေကို ကြည့်၍ ပြောရမည့် စကားတို့ ပျောက်ရှကုန်တော့သည်။

ထိုအတွဲကလဲ အနားသို့ရောက်လာမှ ကျွန်တော့ကို မြင်သွားပုံရသည်။ နှစ်ယောက်လုံးက ပြုံးပြနေကြသည်။ ကျွန်တော်လဲ ထိုအခါမှ ကြည့်နေမိသော မျက်လုံးတို့ကို ထိန်းကာ ပြန်ပြုံးပြလိုက်ရသည်။ Reception မှ ကောင်မလေးကတော့ ထိုအတွဲအား ကျွန်တော်က တွေ့ချင်၍ စောင့်နေကြောင်း ဖုန်းခေါ်သည်မှာလည်း မကိုင်ကြောင်းပြောနေလေတော့သည်။ ထိုအခါ ထို အတွဲက သူတို့ဘက်မှလဲ ပြောစရာရှိ၍ အခုပြောမည်ဆိုလျှင် အနီးအနားက ဆိုင်တွင် ပြောကြမည်ဟု ဆိုကာ ပြောလာသဖြင့် ကျွန်တော်လဲ အဆင်ပြေကြောင်းပြောလိုက်သည်။ ထိုအခါ ထိုနှစ်ယောက်က ကောင်မလေးက ကောင်လေးလက်မောင်းကို ချိတ်ကာ ကောင်လေးကလဲ ကောင်မလေး ဆံပင်တွေကို ငုံ့နမ်းလိုက်ရင်း ကျွန်တော့ရှေ့က ထွက်သွားနှင့်ကြတော့သည်။

နောက်မှ ကောင်မလေး တချို့ရဲ့ တီးတိုးပြောသံက ကျွန်တော့ အံ့အားသင့်မှုကို ပို ဆိုးသွားစေလေသည်။ သူတို့ပြောနေတာက "သူတို့နှစ်ယောက်က ခုတော့ တရားဝင်တွဲပြီပေါ့...အဲ့လိုမှပဲ..." ဟူသော အကြောင်းအရာ။ သူတို့ပြောပုံအရဆို အရင်ထဲက ကြိုက်နေကြပြီး အခုမှ အတိအလင်းတွဲကြသည့် သဘော။ ကျွန်တော့ အတွက်လဲ ဘယ်တုန်းကမှ မတွေးခဲ့သော အကြောင်းအရာမို့လို့ အံ့အားသင့်နေရသည်ကအမှန်။

သူတို့ပြောမည့် အကြောင်းအရာကို ရိပ်မိလာရပြီး သက်ပြင်းချကာ ရှေ့က ကြည်နူးနေကြသော လူနှစ်ယောက်နောက်သို့ လိုက်သွားရတော့သည်။


**********************************************************************************

မနေ့က မတင်ဖြစ်လို့ဆော၇ီးပါနော်... အဆော့လွန်ပြီး စက်ဘီးလဲတာ ခေါင်းဆောင့်မိပြီး မူးနေလို့ ဘလိုမှ Computerေ၇ှ့ထိုင်မရလို့ပါ...

ဒါနဲ့ ဟိုအတွဲ ကဘသူပါလိမ့်နော်...သိရင် ပြောသွားကြအုံး..

ဟီး... ကလိကလိ လုပ်ခဲ့လိုက်ပြန်ုပီ။။။

❤ Moment To Forever ❤Where stories live. Discover now