❤ 13 ❤

2.4K 219 16
                                    

Krist'pov

မနက်ရောက်ထဲက Ahm ကို ချော့နေရသည်မှာ ဘသူ့မှတောင် သေချာမနှုတ်ဆက်နိုင်ပါ။ AHm က စောင့်ရတာကို မုန်းတဲ့ သူဆိုတော့ တကယ်ကြီးကို စိတ်တိုသွားခြင်းကြောင့်သာ။ ထို့ကြောင့် နောက်ဆုံး လက်နက်ဖြစ်သည့် Jira ကိုသာ ထုတ်သုံးဖို့ ကြံလိုက်ရတော့သည်။ ဒီရက်တွေမှာ Jira အားနေသည်ကို ကျွန်တော် သိနေသည်လေ။ အဲ့ဒါကြောင့် ဖုန်းကိုထုတ်ကာ Jira ဆီဆက်လိုက်ရတော့သည်။ ဖုန်းထုတ်နေရင်း တမနက်လုံး မကြည့်ရသေးသော ကျွန်တော့ရဲ့ အဓိက တရားခံ အချစ်ဆုံးကြီး P'Singtuan ဆီသို့ မျက်လုံးအကြည့်တချက် ပို့လိုက်မိတော့ ကျွန်တော့ကို လိုက်ကြည့်နေသော သူ့ကို တွေ့လိုက်ရသဖြင့် မကျေနပ်သည့်အခံလဲ ရှိနေသောကြောင့် မျက်စောင်းထိုးလိုက်ပြီး မျက်နှာလွှဲ လိုက်သည်။ ဟုတ်သည်လေ.... သူ့ကြောင့် ကျွန်တော်က ခုလို စိတ်ပင်ပန်းပြီး အလုပ်ရှုပ်နေ၇တာမလား။ ဖုန်းကလဲ တော်တော်နှင့် မကိုင် သဖြင့် စိတ်ထဲတွင် လည်း Jira ကို ကျိန်ဆဲနေမိရသည်။ နောက်တကြိမ် ထပ်ခေါ်လိုက်တော့မှ ဖုန်းကိုင်ဖော်ရတော့သည်။

Jira- Hello....

k- Jira...ကယ်ပါအုံး...ကျွန်တော့ကို...

Jira- ဟေ...Kit လား...ဘာဖြစ်တာလဲ...သူများကို ကားနဲ့တိုက်ပြန်ပြီလား...

K- အာ...Jira...မဟုတ်ဘူးဟ...ငါ မင်းAhm ကို စိတ်ဆိုးအောင်လုပ်မိပြန်ပြီ... အဲ့ဒါ...လုပ်ပါအုံး...

ပြီးတော့လေ...မနက်စာလဲ မစားရသေးဘူး....သူရော...အဲ့ဒါလေ...

Jira- သိပြီ....သိပြီ...ငါ တော်ကြာ ထွက်လာခဲ့မယ်.... Ahm ကြိုက်တဲ့မုန့်တေ ၀ယ်ခဲ့လိုက်မယ်...မင်းကတော့ မစားနဲ့....Ahm ကို စိတ်ဆိုးအောင်လုပ်လို့ အပြစ်ပေးတာ..

K- Oii....မင်းကလဲ...လုပ်ပါ...ငါဘာမှ မစားရသေးဘူး...ဟ....

Jira- oii..oii...အေးအေး...စောင့်နေ...

k- အေး...ငါနေရာကို စာပို့လိုက်မယ်...ဒါပဲနော်....

ဟုဆိုကာ ဖုန်းကိုချလိုက်ပြီး...Ahm ဘက်လှည့်ကာ...ပြေရာပြေကြောင်း ပြောကာချော့နေရတော့သည်။ P'sing ဆိုတာကတော့ ဘယ်ဆီနေမှန်းတောင် သတိမထားမိတော့ပါ။ ကျွန်တော် ခေါင်းကိုက်နေရသည်။ ကျွန်တော် ကသာ ကောက်ချင်ကောက်မည်... ထိုကဲ့သို့ ချော့ရမည့် အလုပ် မ်ျိုးကို မလုပ်ချင်ပါ။ ကျွန်တော် ဘလောက်ချော့ချော့ ကျွန်တော့ကို အဖက်လုပ် ဖို့နေနေသာသာ လှည့်ပင် မကြည့်သော ငတိမကြောင့် စိတ်တွေတိုလာရတော့သည်။ ကျွန်တော်လဲ ဘာမှမပြောပဲ နှုတ်ခမ်းကိုထော်ကာ ထိုင်နေလိုက်တော့သည်။ နာရီဝက်လောက် ကြာတော့ Jira ရောက်လာသည်ကို တွေ့လိုက်ရသည်။ ကျွန်တော်လည်း ထိုင်နေရာမှ ထပြီး Jiraရှိရာ သို့ အပြေးသွားပြီး Ahm ထက်ဦးအောင် တိုင်လိုက်သည်။

❤ Moment To Forever ❤Where stories live. Discover now