❤ 5 ❤

3K 234 14
                                    

ငုတ်​တုတ်​​မေ့​နေ​သော singto ကို ​ဘေးမှ p'jane က မ​နေသာ​တော့၍ လက်​တို့သတိ​ပေးရသည်​။ ထိုအခါမှ လက်​ရှိအ​ခြေအ​နေကို သတိရသွား​သော singto က သူ့​ရှေ့မှလူကို တခါကြည့်​ရင်း နှုတ်​ဆက်​ရ​တော့သည်​။
S-Sawadii kub..
Boy-kub...ကျွန်​​တော့်​နာမည်​က krist ပါ....
အပြန်​အလှန်​နှုတ်​ဆက်​ပြီးချိန်​တွင်​​တော့ အလုပ်​ကိစ္စ များကို p'jane ရယ်​ ထို​ကောင်​​လေးရယ်​နှင့်​ညှိနှုင်း​နေကြ​သော်​လည်း singto စိတ်​​တေက အလုပ်​ကိစ္စထဲလဲ မ​ရောက်​....အ​ကြောင်းက​တော့...p'jane ​ပြောခဲ့သည့်​ အရမ်း​တော်​တဲ့ krist ဆိုသူက သူ့ရဲ့က​လေး​လေး ဖြစ်​​နေသည်​ မဟုတ်​ပါလား...ထိုက​လေးကို မ​နေ့ကမြင်​​တော့ အထက်​တန်း ​ကျောင်းသား​လောက်​ဟုသာထင်​ခဲ့မိတာအမှန်​ပါ...ချစ်​ဖို့​ကောင်းတဲ့ မျက်​နှာ ​လေးရယ်​...က​လေးဆန်​ပုံ​လေးရယ်​​ကြောင့်​ က​လေးတ​ယောက်​ဟုသာ​တွေးခဲ့မိသည်​။ သို့​သော်​လည်း ခု လက်​ရှိတွင်​ အလုပ်​ကိစ္စနှင့်​ ​ပြော​နေသည့်ပုံကိုကြည့်​​တော့လဲ လူကြီး​လေးတ​ယောက်​လိုပင်​....ထို​ကောင်​​လေးကို ထိုင်​ကြည့်​ပြီး singto ဆုံးဖြတ်​ချက်​ချလိုက်​မိသည်​။ ထိုက​လေးအနား ရ​အောင်​ကပ်၍ ထိုက​လေးကို သူ့အပိုင်​ဖြစ်​​အောင်​ လုပ်​မည်​ဟု....
ထို့​ကြောင့်​ ယခုအလုပ်​ကိုလဲ...ကြိုက်​ကြိုင်​မကြိုက်​ကြိုက်​...လက်​ခံလိုက်​​တော့မည်​ဟု....သူကသာ အ​တွေး​တေနှင့်​ကျေနပ်​​နေ​သော်​လည်း...ထိုသ​ကောင့်​သား​လေးက​တော့ သူ့ကို ရှိတယ်​လို့​တောင်​မထင်​...အလုပ်​ကိစ္စအဆင်​​ပြေရန်​သာ...ညှိနှိုင်း​နေ​လေ​တော့သည်​။ singto စိတ်​ထဲတွင်​​တော့ သူ့လို နိုင်​ငံ​ကျော်​ မင်းသားက်ု အဖက်​မလုပ်​သည့်​ ထိုက​လေးကို အမြင်​ကပ်​မိရသည်​။သို့​ပေမဲ့လည်း...ထိုက​လေးဘလို​နေ​နေ...သူက​တော့ သ​ဘောကျ​နေမိသည်​။
ထိုက​လေးနှင့်​ p'jane ​ဆွေး​နွေးပြီး​နော်​က
J-sing...မင်းအဆင်​​ပြေလား...
S-ရတယ်​..p'...ကျွန်​​တော်​လက်​ခံလိုက်​ပါ့မယ်​....
K-အာ...အဲ့ဒါဆိုရင်​​တော့...ဒီက p'jane ကို​ရော...khun singtoကို​ရော...​ကျေးဇူးနင်​ပါတယ်​ ခဗျ...
သူ့အ​ပြော​ကြောင့်​ singto စိတ်​ထဲနဲနဲ​တော့ ခုသွားမိသည်​။ p'jane ကျ​တော့ p' ဟု ​ခေါ်ပြီး ကိုယ်​ကျမှ khun ဆိုတာက နဲနဲ​တော့လွန်​​နေပြီ​လေ....သို့​သော်​လည်း....မင်းသားပီပီ အပြုံး မပျက်​ပဲ
S-Nong...ကိုယ့်​ကို...p'လို့ပဲရင်းရင်းနှီးနှီး ​ခေါ်လို့ရပါတယ်​...
K-kub..p'sing...ကျွန်​​တော်​က အားနာလို့ပါ...အဲ့ဒါဆို ကျွန်​​တော်​တို့ လုပ်​ငန်းသ​ဘောအရ စာချုပ်​​လေးချုပ်​လိုက်​ရ​အောင်​​နော်​....
ဟု​ပြောပြီး သူ့ရဲ့လက်​​ထောက်​​ကောင်​မ​လေးကို ညွှန်​ကြား​နေသည့်​ပုံစံ​လေးက တကယ့်​ကို ကြည့်​​ကောင်းလှည်​။

❤ Moment To Forever ❤Where stories live. Discover now