❤ 15 ❤

2.3K 201 2
                                    

ထိုညက ထိုကောင်လေး နှစ်ယောက်လုံး ရင်ခုန်သံ ကိုယ်စီနှင့် တော်တော် နှင့် အိပ်မပျော်ကြပါ။

Singto'pov

နောက်တနေ့ မနက်မိုးလင်းတော့ လဲ တခါ ထိတွေ့ပြီးသား နှုတ်ခမ်းလေးကို လွမ်းနေမိသည်။ ထို့ကြောင့် မနေ့က ခိုးရိုက်ပြီးWallpaper တင်ထားသော ပုံလေးကို ဖွင့်ကြည့်လိုက်မိသည်။ သို့သော်လည်း ပိုလွမ်းလာသဖြင့် ကိုယ့်အဖြစ်ကို သဘောကျကာ ခေါင်းကို ခါရမ်းပြီး ပြုံးလိုက်မိရသည်။

ထို့နောက် ရေချိုးခန်းဝင်ကာ ရေချိုးရန် ပြင်လိုက်သည်။ ရေချိုးခန်းထဲရောက်တော့ Shaving လုပ်ရန် မှန်ရှေ့ ရပ်မိတော့ ညက အနမ်းလေးကို ပြန်မြင်ယောင်လာပြီး မျက်နှာသစ်လို်က်လျှင်တောင် အငွေ့အသက်တွေ ကုန်သွားမည် ဆိုးမိသည်။ ထို့နောက် ကလေးလေးဆီဖုန်းဆက်ရန် တွေးမိပြီး ရေကို မြန်မြန် ချိုးလိုက်သည်။ ရေချိုးပြိးတော့ တဘက်ပတ်ထားရင်းနှင့်ပင် ဖုန်းကို ယူလိုက်ကာ *My baby* ဟုမှတ်ထားသော ဖုန်းနံပါတ်ကလေးကို နှိပ်၍ ခေါ်လိုက်သည်။ တခါလဲ မကိုင် ၂ခါလဲ မကိုင်သည့်အခါတွင်တော့ စိတ်ထဲတွင် နဲနဲ စနိုးစနောင့် ဖြစ်လာရသည်။ မနိုးသေးတာများလား ဟု တွေးမိပြီး နာရီကို မော့ကြည့်မိတော့ ၈ နာရီထိုးနေပေပြီ။ မနိုးသေးတာတော့ မဖြစ်နိုင်လောက်ပါ။ ဒီနေ့လဲ CF ရှူတင်ရှိသေး၍ လာမည်ဆိုလျှင် ဒီအချိန်နိုးနေလောက်ပြီ မဟုတ်ပါလား။ ထိုသို့တွေးရင်း စိုးရိမ်စိတ် အနဲငယ်ဝင်လာတော့ သည်။ ကျွန်တော့ကို စိတ်ဆိုးပြီး ရှူတင်သို့များမလာဘူးလား ဟူ၍ တွေးမိ၍ စိုးရိမ်သွားခြင်း ဖြစ်သည်။ ဖုန်းကို ခနချထားလိုက်ပြီး အင်္ကျီ ဘောင်းဘီ အရင် ဝတ်လိုက်သည်။

အကုန်ပြင်ဆင်ပြီးတော့ ၈ နာရီပင်ခွဲတော့မည်။ P'jane တောင်ရောက်လာတော့မည်။ ဒီနေ့လဲ P'jane ကအံ့သြနေအုံးမည်လား မသိပါ။ ကျွန်တော် ဖုန်းကို ပြန်ကိုင်လိုက်ရင်း တခေါက်ပြန်ဆက်လိုက်မိသည်။ ထိုအခါလဲ ရှေ့နည်းတူပဲ မကိုင်ပဲသာ ကျသွားလေသည်။ တမင် ကျွန်တော့ ဖုန်းကို မကိုင်သည်ထင်ပါသည်။ ကျွန်တော့ကလေးလေး ရှက်နေ၍လား စိတ်ဆိုးနေသည်လား ဆိုတာကိုတော့ ကျွန်တော် လဲ မသိနိုင်ပါ။ ထို့ကြောင့် ဖုန်းထပ်ဆက်ဖို့ စိတ်မကူးတော့ပဲ (Good Morning Baby ) ဟူ၍သာ မက်ဆေ့ ပို့လိုက်သည်။ ထို့နောက် ရေခဲသေတ္တာထဲမှ ပဲနို့ဘူးကို ထုတ်ကာ သောက်ရင်း P'jane လာမှာကို စောင့်နေလိုက်တော့သည်။

၁၅ မိနစ်လောက်ကြာတော့ P'jane ရောက်လာပြီး ကျွန်တော့်ကို မြင်မြင်ချင်း မျက်ခုံး ပင့်ကြည့်ကာ "ညထဲက မအိပ်တာလား" ဟုမေးလာသည်။ကျွန်တော်ကလဲ ရီလိုက်ရင်း "အိပ်ပါတယ်...P'ရ..သွားကြမယ် မထိုင်တော့နဲ့...ကျွန်တော့်ကလေးလေးကို တွေ့ချင်လှပြီ" ဟုပြောလိုက်တော့ P'jane ကရှေ့ကနေ ထွက်သွားလိုက်ရင်း ပြောလိုက်သည့် စကားကြောင့် ကျွန်တော့ အင်အားတွေ ချိနဲ့သွားသလို ခံစားလိုက်ရသည်။ P'jane ပြောလိုက်သည့် စကားက "စောစော သွားလဲ အလကားပဲ...Krist ဖုန်းဆက်တယ်...သူမလာနိုင်တော့လို့ သူ့လက်ထောက်ကောင်မလေးပဲ လာမယ်တဲ့" ဆိုသည့်စကားဖြစ်နေ၍ ပါ။

သူဖုန်းဆက်သည်ဆိုတော့ ကျွန်တော့်ဖုန်းကို တမင်မကိုင်သည်ပေါ့။ စိတ်ဆိုးသွားသည်လား??? ဒါမှမဟုတ် ကျွန်တော့ကို တမျိုးထင်သွား၍ပဲ မုန်းနေပြီလား?? စိတ်ဆိုးလျှင်တော့ ကိစ္စမရှိပေမဲ့ တမျိုးထင်ပြီး မုန်းသွားလျှင်တော့ မဖြစ်ပါ။ ကျွန်တော်ကို သူမုန်းပြီး ထားသွားရင်တော့ ကျွန်တော် ရူးပြီး သေရပါလိမ့်မည်။ ညနေ ရုံး ဆင်းချိန်တော့ ရုံးရှေ့က သွားစောင့်ရပါလိမ့်မည်။ ကျွန်တော် သူ့ကို ဖွင့်ပြောပြီး တရားဝင် လိုက်တော့မည် ဟုသာ စိတ်ထဲ ဆုံးဖြတ်လိုက်မိသည်။

ကားပေါ်ရောက်ထဲက ငြိမ်နေသော ကျွန်တော့ကို p'jane ကလဲ သတိထားမိသွားပုံရပါသည်။

" Sing ဘာဖြစ်နေတာလဲ... ညက ဘာဖြစ်သေးလဲ"...ဟု မေးလာ၍ ကျွန်တော်လဲ ညကအကြောင်းကို ပြန်ပြောပြလိုက်မိသည်။

Sing- အဲ့ဒါကြောင့် ကျွန်တော့ကို မုန်းသွားတာလား မသိဘူး...

J-ဟေ... မင်း လွန်တော့ လွန်သွားတယ်....

S- P' ညနေ ကိုယ့်ဘာသာပဲ ပြန်လိုက်ပါအုံးနော်...ရတယ်မလား... ပြီးတော့ P'Godjiတို့ကိုလဲ ကျွန်တော် ချစ်သူထားတော့မဲ့ အကြောင်း ပြောထားပေးအုံး.... ကျွန်တော် Official ပဲ ချပြချင်တယ်..

J- အေးပါ...အဲ့ ကိစ္စက စိတ်မပူပါနဲ့ မင်းကို သူတို့ လွတ်လပ်ခွင့်ပေးထားပြီးသားပဲ ..... မင်းသာ အေးအေးဆေးဆေး ဖြစ်အောင် လုပ်ပါ...

S- ဟုတ်ကဲ့ပါ.P'.. ဟု ပြန်ပြောကာ ညနေ ကလေးလေးကို သွားစောင့်ပြီး ဖွင့်ပြောရမည့် အကြောင်းများကို သာ တွေးနေမိတော့သည်။တနေ့လုံးလဲ အလုပ်လုပ်နေရင်း ညနေ မြန်မြန်ေ၇ာက်ပါစေ ဟုသာ ဆုတောင်းရင်း နေနေရတော့သည်။


***************************************************************************************

ဒီနေ့ရော ဖွင့်ပြောဖြစ်ပါ့မလား

?????????????????????????

❤ Moment To Forever ❤Where stories live. Discover now