❤ 19 ❤

2.5K 190 4
                                    

Krist'pov
ကျွန်​​တော်​ တ​နေ့လုံးနီပါး အိပ်​​နေလိုက်​သည်​။ ကျွန်​​တော်​ ဘယ်​​လောက်​​တောင်​ အိပ်​​နေမိသည်​မသိ ကျွန်​​တော်​ အိပ်​ရာမှထ​တော့ အချိန်​က ​နေ့လည်​​တောင်​​ကျော်​​နေ​လေပြီ။ သို့နှင့်​ ကျွန်​​တော်​လဲ ​ရေခဲ​သေတ္တာထဲမှ အသင့်​စားစရာကိုယူ၍ မီးဖို​ပေါ်တင်​​နွှေးလိုက်​ကာ သွားတိုက်​ မျက်​နှာသစ်​ဖို့ ​ရေချိုးခန်းထဲ ဝင်​ခဲ့လိုက်​သည်​။ ​ရေချိုးခန်း ထဲ​ရောက်​​တော့ မှန​ရှေ့တွင် ရပ်​လိုက်​မိ​တော့ကျွန်​​တော့မျက်​နှာ​ပေါ်က နှုတ်​ခမ်းကို ကြည့်​မိလိုက်​သည်​။ ထို နှုတ်​ခမ်းကို ကျွန်​​တော်​ မပိုင်​​တော့သလို ခံစား​နေရသည်​။ ချက်​ချင်း ပဲ ညက အဖြစ်​ကို ​တွေးမိ​တော့ ရှက်​စိတ်​နဲ့ တကိုယ်​လုံး ပူထူလာမိရသည်​။ သို့နှင့်​ ကျွန်​​တော်​လဲ မျက်​နှာကို ကပျာကယာ သစ်​ သွားကို ကပျာကယာ တိုက်​လိုက်​ကာ အပြင်​သို့ ထွက်​လာရင်း ဆုံးဖြတ်​ချက်​ တခုချလိုက်​ရသည်​။ထိုအရာက​တော့ ကျွန်​​တော့ စိတ်​​တေ မတည်​ငြိမ်​မချင်း မှန်​မကြည့်​​တော့ဟူ၍....
ကျွန်​​တော်​လဲ ​နေ့လည်​စာ စား​သောက်​ပြီး နာရီကြည့်​လိုက်​​တော့ ​နေ့လည်​ ၂ နာရီခန့်​သာရှိ​သေးသည်​။ jira အခန်း​သွားရ​အောင်​လဲ သူက ပြန်​​ရောက်​အုံးမည်​မဟုတ်​။ Ahm က လဲ ရုံးဆင်းချိန်​မဟုတ်​.... ထို့ပြင်​ ဖုန်းကို ကိုင်​ကာ Ig သုံးမည်​ ကျန်​မိ​သော်​လည်း မနက်​က ဟိုလူ ဖုန်း​ခေါ်ထားတာကို ​တွေးမိပြီး ဖုန်းရှိရာသို့လဲ မသွားချင်​။ ​နောက်​ဆုံး ​တော့လဲ ကျွန်​​တော့်​ရဲ့ ကာတွန်းစာအုပ်​​တေထဲက အကြိုက်​ဆုံး တအုပ်​ကိုယူကာ အိပ်​ရာ​ပေါ်တွင်​ လှဲရင်း ဖတ်​​နေလိုက်​​တော့သည်​။ ဘလိုက​နေ ဘလို အိပ်​​ပျော်​သွားသည်​ဆိုတာကို​တော့ ကျွန်​​တော်​ မသိလိုက်​ပါ။ နားထဲတွင်​ တံခါး ဘဲတီးသံကို ကြား​နေရ၍ အိပ်​ရာမှန်ုးသွားမှသာ အိပ်​​ပျော်​သွားမှန်းသိသည့်​အဖြစ်​။ အသံကြား​နေ​သော်​လည်း ကျွန်​​တော့အခန်းကဟု မထင်​မိ၍ အသံလာရာကို စူးစမ်း​နေမိသည်​။ ခနြာက​​တော့ အသံလာရာက ကျွန့်​​တော့်​အိမ်​တံခါးမှဖြစ်​​နေသည်​မှာ ​သေချာသွား၍ အိပ်​ရာထဲမှ ထ ထိုင်​လိုက်​ကာ တံခါးဆီသို့ ​လျှောက်​သွားလိုက်​မိသည်​။ ကျွန်​​တော့ စိတ်​ထဲတွင်​လဲ အိမ်​​ရှေ့မှလူကို ကျိန်​ဆဲ​နေမိသည်​။ တံခါးကို စွတ်​ပြီး ဘဲတီး​နေတာ ဘဲပင်​ပျက်​​တော့မတတ်​ပါ။ ကျွန်​​တော့ဆီလာမည့်​သူမှာ ဟို နှစ်​​ယောက်​ကလွဲပြီး မရှိ၍ တံခါးဖွင့်​ပြီး ဆဲပလိုက်​မည်​ဟု​တွေးကာ တံခါးဆီသို့​လျှောက်​သွားလိုက်​သည်​။ ကွန်ျ​​တော်​ တံခါးဆီမ​ရောက်​ခင်​ မှာပဲ....တံခါးရွက်​ကို တဗုန်းဗုန်းထုသံနှင့်​အတူ ကျွန်​​တော့နာမည်​ကို ​အော်​​ခေါ်လိုက်​သည့်​ တစုံတ​ယောက်​ရဲ့ အသံကို ကြားလိုက်​ရသည်​။ အတိအကျ​ပြောရ​သော်​ ကျွန်​​တော်​ ပုန်း​နေမိ​သောသူ ကျွန်​​တော်​မ​တွေ့ချင်​သည့်​သူ p'sing ရဲ့အသံဖြစ်​နေ​လေသည်​။ သူက ဘလို အခန်းကို သိသွားရသည်​မသိ ​သေချာတာက​တော့ ဟို နှစ်​​ယောက်​ထဲမှ တ​ယောက်​​ယောက်​လက်​ချက်​ ဖြစ်​မည်​။ ကျွန်​​တော်​လဲ ထိုနှစ်​​ယောက်​ကို ​မေတ္တာ လှမ်း ပို့လိုက်​ရင်း တံခါးနားသို့ကပ်​ကာ ငြိမ်​​နေလ်ုက်​မိသည်​။ သူအဲ့လို ဆူ​နေတာ ​ဘေးအခန်း​တေက မ​ပြောကြဘူးလား မသိ။ ​ဘေးအခန်း​တေက ပြသနာ မရှာခင်​ ဖွင့်​လိုက်​ရမလား...မဖွင့်​ပဲဖြစ်​ချင်​ရာဖြစ်​ ပစ်​ထားလိုက်​ရမလားဟု ​ဝေခွဲမရဖြစ်​​နေရ​တော့သည်​။ ကျွန်​​တော့အ​တွေး​တွေ လွန်​ဆွဲ​နေတုန်းမှာပဲ... အခန်း​ရှေ့မှ အသကံ ရပ်​သွားပြီး အသက်​ကြီးကြီး လူတ​ယောက်​အသံကိုပါ ကြားလိုက်​ရသည်​။ ကျွန်​​တော်​ နားစွင့်​​နေတုန်းမှာပဲ...ကျွန်​​တော့ အခန်းတံခါးကို ဘဲနှိပ်​လိုက်​သံကို ထပ်​ကြားလိုက်​ရသည်​။ ကျွန်​​တော်​ တံခါးက​နေတဆင့်​ ကြည့်​လိုက်​မိ​တော့ condo မှ လွုခြုံ​ရေး ဦး​လေးကြီးကို ​တွေ့လိုက်​ရသည်​။ ထို့​ကြောင့်​ လန့်​ပြီး ကျွန်​​တော်​ တံခါးကို.ဖွင်​လြိုက်​ရသည်​။ တခါးပွင်းသွား​တော့ လုံခြုံ​ရေး ​ရေး ဦး​လေးကြီးရယ်​...​ဘေးတွင်​မျက်​နှာငယ်​​လေးနငှ့် ရပ်​​နေ​သော ဟိုလူကြီး ကိုပါ ​တွေ့လိုက်​ရသည်​။ ထိုလူကြီး ဘက်​ကို မျက်​နှာထားတင်းတင်းနှင့်​ ကြည့်​လိုက်​ပြီး လုံခြုံ​ရေး ​ရေးဦး​လေး ကြီးက သူ့ကို သိလား ဟူ​သော အ​မေးကို ​ခေါင်းသာရမ်းပြပြီး တံခါးကို.ပြန်​ပိတ်​လိုက်​​တော့သည်​။ ​သေချာတာက​တော့ ဟိုလူ ရုံးခန်းသို့ပါသွားပြီး ​ဖြေရှင်းရ​ပေ​တော့မည်​။ ကျွန်​​တော်​ လဲ သူ့ကို ပြသနာမဖြစ်​​စေလို၍ jira ဆီဖုန်းဆက်​ပြီး အကူအညီ​တောင်းရန်​ ဖုန်းရှိရာသို့ သွားလိုက်​သည်​။ ဖုန်းနား​ရောက်​​တော့ ဖုန်းကို ယူကြည့်​လိုက်​​သောအခါ ​တွေ့လိုက်​ရ​သော missed call နှင့်​ မက်​​ဆေ့တို့ကို ကြည့်​ပြီး အံ့သြ သွားရသည်​။ အ​ကြောင်းက missed call ​တော်​​တော်​များများက p'sing ဆီမှ ဖြစ်​ပြီး ကျန်​တာက ဟို ၂ ​ယောက်​ဆီကပါ။ မက်​​ဆေ့ ၂ ​စောင်​လဲ​ရောက်​​နေပြီး တ​စောင်​က p'sing ရဲ့ good morning ဆို​သော မက်​​ဆေ့ ဖြစ်​ပြီးတ​စောင်​က p"sing က အိမ်​လိပ်​စာ ​တောင်း၍ ​ပေးလိုက်​ရ​ကြောင်းJira ဆီမှ မက်​​ဆေ့ဖြစ်​သည်​။ သို့နှင့်​ ကျွန်​​တော်​လဲ jira ဆီသို့ အကျိုးအ​ကြောင်း လှမ်း​ပြောပြီး p'sing ဆီသွားရန်​​ပြောရသည်​။ သူလဲ ပြန်​လာ​နေပြီဖြစ်​၍ လုပ်​လိုက်​မည်​ဟု ​ပြောလာ​သော​ကြောင့်​ ကျွန်​​တော်​လဲ စိတ်​ချလိုက်​သည်​။ ထို့​နောက်​ သူပို့ထား​သော မက်​​ဆေ့​လေးကို အခါခါပြန်​ဖတ်​မိရင်း ပြုံးလိုက်​မိရ​တော့သည်​။

***********************************

နက်​ဖြန်​ အ sweet ဆုံး အro ဆုံးဖြစ်​​အောင်​ တတ်​သနိုင်​​လောက်​​ရေး​ရင်း ဇာတ်​သိမ်း​ပေးပါ့မယ်​...

❤ Moment To Forever ❤Where stories live. Discover now