❤ 14 ❤

2.4K 219 15
                                    

ဒီလိုနဲ့ ညနေ ရောက်လာတော့ Singto တယောက် P'Jane ရပ်နေသော နေရာသို့ သွားလိုက်ပြီး "P' ကျွန်တော် ပြန်တော့မယ်...မစောင့်တော့ဘူးနော်...ဖြစ်တယ်မလား" ဟုပြောလိုက်တော့ အခြေအနေကို သိနေပြီးတဲ့ Jane ခမျာလဲ သက်ပြင်းလေးချလိုက်ကာ " အင်း...အဆင်ပြေပါတယ်...အရမ်းကြီးတော့ မျက်နှာမပျက်စေနဲ့နော်...Sing အတတ်နိုင်ဆုံး စိတ်ကိုလျော့ထားနော်" ဟုသာ မှာလိုက်မိရတော့သည်။ လိုချင်တာရှိရင် သိချင်တာရှိရင် သည်းမခံနိုင်သော ညီတော်မောင်၏ အကြောင်းကို သိနေ၍ မှာနေရခြင်း ဖြစ်သည်။ Jane တယောက် ခေါင်းတခါခါနဲ့ ဖြစ်နေသော်လည်း Singto ကတော့ အနားမှာပင်မရှိတော့။ Singto က P'Jane မှာသည်များကို ခေါင်းငြိမ့်ပြကာ Krist ထိုင်နေသော နေရာသို့ ထွက်လာခဲ့လိုက်တော့သည်။

တဖက်မှာလဲ Krist တယောက်က Singto ပြောထားသော ညနေဆိုတာကြီး ကို စောင့်နေရင်း ဖုန်းလေးကိုသာ ကလိနေမိသည်။ ဖုန်းထဲက Game ကို ဈာန်ဝင်ကာ အသည်းအသန် ဆော့နေသော krist တယောက်ကတော့ အနား လူရောက်လာတာတောင် မသိတော့ပါ။

Singto လဲ Krist ထိုင်နေသော နေရာသို့ ရောက်သောအခါ ချောင်းတချက်ဟန့်လိုက်သော်လည်း အနှီ ဝက်ပေါက်စက မော့မကြည့်။ နောက်တချက် ထပ် အသံပေးလိုက်တော့ မော့တော့ ကြည့်လာပါသည်။ Singto ရဲ့ ကလေးလေး တော့မဟုတ် သူ့ဘေးတွင် ထိုင်နေသောကောင်မလေးက မော့ကြည့်လာခြင်း ဖြစ်သည်။ ဘလို ဓာတ်တူနာမ်တူတွေ ပေါင်းမိနေလဲ မသိပါ။ ထိုကောင်မလေးက လဲ မော့ကြည့်နေတာကလွဲပြီး ဘာမှထူးမလာ။ ထို့ကြောင့် စိတ်မရှည် တတ်သော Singto က ပဲ " Nong..ပြန်ကြရအောင်" ဟူ၍ ပြောလိုက်ခါမှပဲ ကြားလေသော Krist ကမော့ကြည့်လာပြီး ပြူးတူးပြဲတဲ ကြည့်နေလေတော့သည်။ Singto ကလဲ မော့ကြည့်လာတဲ့ Krist မျက်နှာဖူးဖူးလေးကို ကြည့်ကာ ထိုမျက်နှာလေးထဲ မျောနေသကဲ့သို့ Krist စိတ်ထဲတွင်လည်း * ဒီလူကြီးက ဘာတုန်းဟ...ပိုင်စိုးပို်င်နင်းနဲ့ လာပြောနေတယ်* ဟု တွေးမိပြီး စိတ်တိုလာသဖြင့် မျက်မှောင်ကြုတ်ကာ သူ့ကို ငေးမောနေသော Singto ကို ကြည့်လိုက်သည်။ ထို အခါ Krist မျက်နှာကို ကြည့်နေသော Singto က သတိဝင်သွားပြီး "ကားပေါ်ကစောင့်မယ်" ဟုပြောကာ Krist ကို ကျောခိုင်းပြီး ကားရှိရာသို့ ထွက်လာခဲ့လိုက်သည်။ ကျန်ခဲ့သော krist ခမျာလဲ အောင့်သက်သက်နှင့် Ahm ကို နှုတ်ဆက်ကာ Singto နောက်သို့လိုက်လာခဲ့ရသည်။ ထိုအရာကို အစအဆုံး မြင်လိုက်သော Jane ကတော့ ခေါင်းခါယုံ သက်ပြင်းချယုံမှ လွဲ၍ မတတ်နိုင်တော့ပါ။

❤ Moment To Forever ❤Where stories live. Discover now