×××
အလွန်ကျယ်ဝန်းလှသော အိမ်ကြီး၏ရှေ့တွင် ရပ်သော မိမိ....
မျက်စိတစ်ဆုံး အံ့သြစရာများနှင့် ပြည့်နှက်ကာ ပြည့်စုံလွန်းသော
အိမ်တွင် နေရတော့မည်ဟူသောအသိက မယုံနိုင်လောက်အောင်ပင်"ဟဲ့ ငေးကြည့်မနေနဲ့ အထဲ ဝင်စရာရှိတာဝင်"
အော်ငေါက်ခံလိုက်ရမှ အသိစိတ်ပြန်ကပ်လာသော မိမိသည်
ထိုအိမ်၏ အရှိန်အဝါမှာ မည်မျှပင်မျှောပါနေတယ်ဆိုတာ
မပြောပဲသိနိုင်သည်။"ဟုတ်ကဲ့"
ဟူသော စကားတစ်ခွန်းဖြင့် ပြန်တုံ့ပြန်ကာ အဝတ်အစား
အိတ်လေးကို မ လာလိုက်သည်။အဝတ်အစား ထည့်ထားသည်ဆိုသော်လည်း ပေါ့လွန်းသည့်
သူ့အိတ်ကြောင့် အလွယ်တကူပင် မ နိုင်သည်။ခြံရှေ့မှာ ရှိနေတုန်းကပင် ထို အိမ်ကို ငေးမောကြည့်နေသူ မိမိသည်
ခြံထဲကို ဝင်လိုက်သည်နှင့် သိမ်ငယ်သလိုပင် ဖြစ်သွားအောင်
ခမ်းနားလှသော အိမ်ကြီးကြောင့် တမေ့တမော
ကြည့်မဆုံးနိုင်အောင် ငေးကြည့်နေမိသည်။"ဖြန်း"
ကနဲ မြည်သော အသံနှင့်အတူ နာကျင်သွားသော ကျောပြင်ကို ကိုင်ကာ ကြည့်မိတော့ မီးတဝင်းဝင်း တောက်နေသော အမူအရာဖြင့်
ကြည့်နေသော အဒေါ်ဖြစ်သူ."ငါနင့်ကို ဘာပြောထားလဲ. လျှောက်ငေးမနေနဲ့
မြန်မြန်လာ. ဒီမှာနေခွင့်မရပဲ ဖြစ်သွားမယ်နော်.
ဘာလဲ နင်က ဟိုနေရာကို ပြန်သွားချင်နေတာလား."သွေးသားမတော်စပ်ပေမယ့် မိမိအား မိဘမဲ့ဂေဟာ ဆိုသောနေရာမှ
ခေါ်ထုတ်လာသော သူမကို အားကိုးတကြီးဖြင့် အဒေါ်ဟူသော
နာမ်စား တပ်ခေါ်ခဲ့သည်။