PART -(13)Z×U

5.3K 515 33
                                    

တဖျက်ဖျက် တိုက်ခတ်နေတဲ့ လေတွေရယ် ... တလွင့်လွင့်လှုပ်ရှားနေတဲ့ လိုက်ကာစကိုကြည့်ရင်းနဲ့ ခန္ဓာကိုယ်ကို အနည်းငယ် ကျုံ့လိုက်သည်။

ပင်လယ်လေက အေးသည်မလား ~

"ကလေး ... အခုထိ အဝတ်မလဲသေးဘူးလား ဟမ် "

နောက်ကျောဘက်မှ ထွက်ပေါ်လာတဲ့ စိုးရိမ်မှုပါသော အသံကြောင့်
ထိုင်နေရာမှ လှည့်ကြည့်မိသည်။

ရေချိုးပြီးခါစဖြစ်တာကြောင့် သဘက်တစ်ထည်နဲ့သာ ကာထားသော
ခန္ဓာကိုယ်နဲ့ သူ့ဆီလာနေသော JongIn ကို KyungSoo တစ်ချက်ကြည့်ပြီး ရှက်သွားတာနဲ့ မျက်နှာလွှဲလိုက်သည်။

"အအေးပတ်ကုန်တော့မှာပဲ "

ခေါင်းသုတ်နေတဲ့ သဘက်နဲ့ KyungSoo ရဲ့ ရေစိုနေသော
အကျီ င်္လေးကိုသုတ်ပေးလာတဲ့ JongIn ~

"ဦးငယ်ရေချိုးနေတုန်း အဝတ်လဲထားလို့ ပြောခဲ့တယ်လေ "

KyungSoo ထိုင်နေတဲ့ ကုတင်ပေါ်မှာ JongIn ပါလိုက်ထိုင်ပြီး
မျက်နှာပေါ်မှာ ရှိနေတဲ့ ရေစက်လေးတွေက်ု သုတ်ပေးနေ၏။
ဆံပင်လေးတွေမှာ တွဲခိုနေတဲ့ ရေစက်ကလေးတွေက်ု သဘက်လေးနဲ့ သုတ်ပေးရင်းကနေ ရေကြောင့် နဖူးမှာကပ်နေတဲ ဆံပင်လေးတွေကို တစ်ချက်တစ်ချက် နမ်းရှိုက်သေး၏။

တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုတာ ဒါမျိုး ~
ဆံပင်နမ်းရင်းနဲ့ နဖူးပါ နမ်းလို့ရသည်လေ ~

"ဦးငယ်ရဲ့ စကားကို နားမထောင်ဘူးဆိုတဲ့ သဘောလား "

ဂရုတစိုက်ပြုမူပေးနေတဲ့ JongIn ရဲ့လက်တွေ လေထဲမှာခဏတုံ့ဆိုင်းသွားသည်။ JongIn ရဲ့ မျက်နှာကို KyungSoo က
လက်ချောင်းလေးတွေနဲ့ထိတွေ့နေတာကြောင့် ~

"အခု ... ကျွန်တော် အိမ်မက်မက်နေတာလားဟင် "

မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့ ငေးမောရင်း မျက်နှာပေါ်က အစိတ်အပိုင်းတစ်ခုချင်းကို လိုက်ထိနေတဲ့ KyungSoo ရဲ့ကို JongIn့ ပန်လည်ဆုပ်ကိုင်လိုက်သည်။

ခုနကတည်းက စကားမပြောပဲ တိတ်ဆိတ်နေတဲ့ KyungSoo ရဲ့
ပထမဆူံးထွက်လာတဲ့စကားက "အိမ်မက်"တဲ့လား ~

အိမ်မက်လား တကယ်လား သိသာအောင် KyungSoo မျက်နှာလေးကို ဆွဲမော့ပြီး နူးညံ့သော နှုတ်ခမ်းပါးလေးကို တရှိုက်မတ်မတ်နဲ့ အနမ်းဆင်မိသည်။

L.O.V.E [Z×U]Where stories live. Discover now