ကမ်းခြေမှာ အပန်းဖြေပြီး ၃ ရက်မြောက်နေ့တွင် အိမ်ကိုပြန်လာခဲ့သည်။
ဦးငယ် ရဲ့ အလုပ်ကြောင့်လည်းပါသလို ... သခင်မကြီးကြောင့်လည့်းဖြစ်သည်။
၂ ယောက်လုံးက အလုပ်ကိုယ်စီနဲ့မအားတာကြောင့် မြန်မြန်ပြန်ဖို့
ဆုံးဖြတ်လိုက်ခြင်းပင်။အိမ်ရောက်ပြီဖြစ်လို့ ကားစက်ရပ်လိုက်တာနဲ့ ဦးငယ်က ချက်ချင်းဆင်းပြီး အိမ်ထဲကို အပြေးအလွှားသွားသည်။
ကြည့်ရတာ အရေးတကြီးကိစ္စရှိလို့ ထင်ပါရဲ့ ...
ကားပေါ်က ပစ္စည်းတွေကို ချပြီး သခင်မကြီးရဲ့ ခရီးဆောင်အိတ်ကို
သွားပို့ဖို့လုပ်တော့ အိမ်တော်ထိန်းက သူပို့မည်ဖြစ်တာကြောင့်
ဦးငယ်ရဲ့ အိတ်ကိုသာယူသွားပြီး အခန်းထဲသို့ ပို့ပေးဖို့ပြောသည်။ဦးငယ်ရဲ့အခန်းရှေ့ရောက်တော့ အသံပြုသည့်အနေနဲ့ တံခါးခေါက်လိုက်သည်။
"ဦး ...
သ ခင် လေး ... ကျွန်တော် ဝင် လာမယ်နော် "အိမ်တော်ထဲမှာ လူအများကြီး ရှ်နေတာကြောင့် သခင်လေး လို့သာ
ခေါ်လိုက်သည်။ဝင်ဝင်ချင်း တိတ်ဆိတ်နေတဲ့ အခန်းကြောင့် မျက်လုံးကစားလိုက်ပြီး ဦးငယ်ကို လိုက်ရှာမိသည်။
"သ ခင် လေး "
"အိတ်ကို ဒီမှာပဲ ထားခဲ့လိုက်မယ်နော် "
ပြန်ထူးသံ မကြားရတာကြောင့် အိတ်ကို ကုတင်နားမှာ ထားလိုက်သည်၊
"အမေ့ ...... "
ရုတ်တရက် အပေါ်ကိုမြောက်သွားတာကြောင့် မထိန်းနိုင်ပဲအော်မိသည်။
တကယ်တော့ ဦးငယ်က သူ့ကိုမြှောက်ကာချီထားခြင်းပင်။
"ဦး .. ငယ် "
ရင်ဘက်ကို လက်ကလေးနဲ့ ဖိရင်း မျက်စိရှေ့မှာ တောက်ပစွာပြုံးနေတဲ့ ဦုးငယ်ကို စူပုပ်ပုပ်နဲ့လှမ်းကြည့်လိုက်သည်။
"လန့်သွားတာလား "
ကျွန်တော့်ကို ချီထားလျက်နဲ့ပဲ sofa ပေါ် ထိုင်လိုက်တာကြောင့်
ခန္ဓာကိုယ်က အလိုလို သူ့ပေါင်ပေါ်ရောက်ပြီးသားပင်။