PART-(7)Z×U

5.7K 630 81
                                    

×××

အိမ်​ထဲကို​ခြေလှမ်းချလိုက်​တာနဲ့ မည်း​မှောင်​​နေတဲ့
ပတ်​ဝန်းကျင်​​ကြောင့်​ အနည်းငယ်​​တော့ အလိုမကျ ဖြစ်​မိသည်​။

"အားလူံး ဘယ်​​ရောက်​​နေကြတာလဲ "

စိတ်​ထဲက​နေ ​မေးခွန်းထုတ်​လိုက်​ပြီး မီးခလုတ်​ ရှိရာဆီကို
သွားမည်​အလုပ်

" ရွှီး...ေ​ဖာင်း ..." ဟူ၍ ကျယ်​​လောင်​​သော အသံ​ကြောင့်
အနည်းငယ်​ လန့်​သွားမိသည်​။

"Happy birthday 🎉🎉🎉 သခင်​​လေး "

သူတို့​ပြောမှ ဒီ​နေ့က ကျွန်​​တော့်​မွေး​နေ့ဆိုတာ မှတ်​မိ​တော့သည်​။
နှစ်​တိုင်း နှစ်​တိုင်း အလုပ်​ကိစ္စ​တွေ​ကြောင့်​ ​မွေး​နေ့ကို​တောင်
မေ့​နေခဲ့တာ ... ဒီနှစ်​​လည်း ​မေ့ပြန်​ပြီ....

ဒါ​ပေမယ့်​ ... ဒီနှစ်​​တော့ တစ်​ခုခု ​ပြောင်းလဲ​နေသလို ခံစားရသည်​။

အရင်​ကဆို ကျွန်​​တော့်​​မွေး​နေ့ကို omma ​တောင်​မှ
Surprise မလုပိဖူး​ပေ။..

ဒီနှစ်​​... ဘယ်​လိုလုပ်​ပြီး ... အကုန်​လူံးက .. အခုလို
Surprise လုပ်​ရသည်​ကို​တော့ ... မသိ...။

"​မွေး​နေ့မှာ ​ပျော်​ရွှင်​ပါ​စေ ... သခင်​​လေး .. "

တစ်​​ယောက်​ပြီး တစ်​​ယောက်​ ​မွေး​နေ့ဆု​တောင်း​ပေးပြီးလို့
နောက်​ဆုံးထိ KyungSoo ​ဆို​တော့ ​ကောင်​​လေးကို
အရိပ်​အ​ယောင်​​တောင်​ မမြင်​ရ။

အခုမှ သတိထားမိပါရဲ့ ... ဒီ​နေ့ မနက်​ကတည်းက
သူ့ကို မ​တွေ့ရတာပင်​...

"Happy Birthday ပါ ..သား .. "

"​ကျေးဇူးတင်​ပါတယ်​ ​omma "

"Omma အခု dinner ပွဲ တက်​စရာ ရှိလို့ ..​မွေး​နေ့လက်​​ဆောင်​ကို ​နောက်​​နေ့မှ ​ပေးမယ်​ .. Good night "

ပါးပြင်​​ပေါ်ကို အနမ်းတစ်​ချက်​​ပေးကာ ထွက်​သွား​သော
Omma ​ကျောပြင်​ကို ကြည့်​ပြီး စိတ်​ထဲဝမ်းနည်းလာသလိုလို...

တစ်​ခါမှ ..ကျွန်​​တော့်​အတွက်​ .. ​မွေး​နေ့ကို ​သေ​သေချာချာ
ပြင်​ဆင်​​ပေး​လေ့ မရှိတာ​ကြောင့်​ ... ဝမ်းနည်း​မိတာဆို
ပိုမှန်​လိမ့်​မည်​။

L.O.V.E [Z×U]Where stories live. Discover now