"ဦးငယ် "
တင်းကျပ်စွာသိုင်းဖက်ထားတဲ့သူက JongIn မှန်းသိသွားတဲ့နောက် KyungSoo စိတ်ကိုလွှတ်ချလိုက်သည်။ တဖြည်းဖြည်းနဲ့ လေပေါ်မြောက်တက်သွားသလို ခံစားရတာကြောင့် JongIn ရဲ့ လည်ပင်းကို ပြန်လည်သိုင်းဖက်လိုက်ပြီး မျက်လူံးမှိတ်ကာ ငြိမ်နေလိုက်သည်။ ပြေးလွှားခဲ့ရတာ ပင်ပန်းတာကြောင့် JongIn ရဲ့ ရင်ခွင်ထဲမှာသူခဏတော့ အနားယူဦးမည်။
~~~~~
JongIn စိတ်လေးပင်စွာနဲ့ လေဆိပ်ကိုရောက်လာသည်။ ဒီနေ့မှဘာဖြစ်လို့လဲမသိ စိတ်တွေအရမ်းလေးပင်နေတာကြောင့် အစည်းအဝေးအမြန်လုပ်ပြီး အိမ်တန်ူးပြန်မည်လုပ်ထားသည်။ Parking ထိုးနေတုန်း KyungSoo နဲ့တူတော့လူတစ်ယောက်ကိုလှမ်းမြင်လိုက်သည်။
"ကလေး ! "
ကားတံခါးကိုအမြန်ဖွင့်ကြည့်တော့ ထိုသူကမရှိတော့~
"ငါ အမြင်မှားတာပဲ ... ကလေးက ဒီကိုဘယ်လိုလုပ်ပြီးရောက်နိုင်မှာလဲ "
ခေါင်းကိုခါလိုက်ပြီး တစ်ချက်ရယ်ကာ Parking ထိုးလိုက်သည်။ အစည်းအဝေးလုပ်မည့် ပုဂ္ဂိုလ် စီးလာတဲ့လေယာဉ်က နောက် နာရီဝက်လောက်မှဆိုက်မည်ဖြစ်တာကြောင့် JongIn ထိုင်နေမှာချင်းအတူတူ လေဆိပ်ကိုပတ်နေလိုက်သည်။
"ဖမ်းစမ်း သူ့ကို "
JongIn လျှောက်ကြည့်နေတုန်း ရုတ်ရုတ်သဲသဲဖြစ်သွားတဲ့ လူအုပ်ရယ် ကြားရတဲ့အသံကြောင့် သိချင်ဇောနဲ့ ကြည့်မိလိုက်တော့ ကောင်လေးတစ်ယောက်ကို လူသူံးယောက်လောက်က လိုက်ဖမ်းနေပုံရသည်။ အိမ်ပြေးလေးများလားဆိုပြီးတော့ JongIn တွေးလိုက်မိသေးသည်။ ထိုကောင်လေးက ပြေးထွက်သွားတာကြောင့်ကျောပြင်လေးကိုသာမြင်ရ၏။
လိုက်ဖမ်းခိုင်းတဲ့သူကိုသိချင်တာနဲ့ ကြည့်လိုက်တော့ JongIn မှင်သက်သွားသည်။
"သူက .. ဘယ်လိုလုပ် "
JongIn ကြောင်ကြည့်နေရင်းနဲ့ တစ်ခုခုကို စဉ်းစားမိသွားတာကြောင့် ခုနက ကောင်လေးနောက်ကို အပြေးလိုက်သွားမိသည်။ ပါးစပ်ကတော့ * မဟုတ်ပါစေနဲ့ * ဆိုပြီး ဆုတောင်းလျက် ~~~
ထိုလူတွေနောက်ကို အသည်းအသန်လိုက်ရင်းနဲ့ ပြေးလွှားနေတဲ့ ကောင်လေးကိုမြင်ရလေလေ JongIn ပိုပြီး စိုးရိမ်လေလေဖြစ်နေသည်။