PART-(6)Z×U

6K 601 66
                                    

×××

ဦးငယ်​ အလုပ်​ကိစ္စနဲ့ နယ်​ဘက်​ကို ခရီးထွက်​​နေရတာ​ကြောင့်
သူနဲမ​တွေ့ရတာ ၂ ရက်​​တောင်​ရှိ​နေခဲ့ပြီပင်​ ..

ဟိုတစ်​​နေ့က "ကို​ယ်​နဲ့​တွေ့တိုင်း ဦးငယ်​လို့်​ပဲ​ခေါ်​တော့" ဆိုတဲ့
စကားကြားပြီးတဲ့​နောက်​ပိုင်း ကျွန်​​တော်​ဘယ်​လိုဖြစ်​သွားလဲဆိုတာကို သိ​စေချင်​ပါတယ်​။

ရေ​သောက်​ဖို့​တောင်​ ခွက်​ကို မကိုင်​​နိုင်​​တော့ပဲ လွတ်​ကျသွားတဲ့အထိ~
အိမ်​​တော်​ထိန်းကို​​တောင်​ လက်​နာ​တယ်​လို့လိမ်​​ပြောပြီး
ရေတိုက်​ခိုင်းရတဲ့အထိကို ... စိုးမိုးလွန်းပါတယ်​ ဦးငယ်​ရယ်​ ...

ဒါ​တွေကို ဦးငယ်​သိရင်​ ရယ်​ချင်​မှာလား ?

ဘာလိုလိုနဲ့ ​ကျောင်း​တွေ​တောင်​ ဖွင့်​​တော့မယ်​​နော်​ ဦးငယ်​ ...
ကျောင်းတက်​ရရင်​ ဦးငယ်​ကို​တွေ့ရဖို့ အခွင့်​အ​ရေးက
ပိုနည်းသွားမှာဆို​တော့ အခုအ​တောအတွင်း
ဦးငယ်​​ဘေးမှာ​နေပါရ​စေ ...

"KyungSoo သခင်​​လေး ​ပြန်​လာပြီတဲ့ "

ထိုစကားဆုံးဆုံးခြင်း ဧည့်​ခန်းဆီကို အမြန်​​ပြေးသွားလိုက်​သည်​။

မ​တွေ့ရတဲ့ ဒီနှစ်​ရက်​အတွင်း ဦးငယ်​ကို လွမ်း​နေခဲ့တာ​လေ ~

"သခင်​​လေး ..."

ဧည့်​ခန်းထဲ​ရောက်​​ရောက်​ခြင်း ဦးငယ်​ကိုမြင်​လိုက်​တာနဲ့
ဝမ်းသာအားရ ​အော်​​ခေါ်မိလိုက်​သည်​။

အပြုံးအရယ်​နည်း​သော ကျွန်​​တော်​က မျက်​လူံး​တွေပိတ်​​အောင်​ထိ
ရယ်​ပြလိုက်​သည်​။
ဘာ​ကြောင့်​လို့ မ​ပြော​တော့ပါ ... ဦးငယ်​ကို မြင်​ရုံ​လေးနဲ့
ကျွန်​​တော့်​အပြုံး​တွေ ဖြစ်​တည်​လာတာမို့လို့ ..။

ကျွန်​​တော်​ ​အော်​လိုက်​​တော့ အကုန်​လုံးက ကျွန်​​တော့်​ကို ထူးဆန်းငလို ကြည့်​လာသည်​။
အ​ခြေအ​နေ​တွေ ရိပ်​မိတာနဲ့ ကျွန်​​တော့်​ရဲ့ အမူအရာကို
ပြန်​ထိန်းလိုက်​ပြီး ပုံမှန်​အတိုင်း​နေလိုက်​သည်​။
ဦးငယ်​ကို ကြည့်​​နေတဲ့ မျက်​ဝန်း​တွေက​တော့ တစ်​ဖဝါးမှ
မခွာခဲ့။

L.O.V.E [Z×U]Where stories live. Discover now