PART-(10)Z×U

6K 589 26
                                    

KyungSoo ကိုရှာရန်အတွက် KyungSoo နေသည့်တိုက်ပုလေး ဆီသို့ အပြေးအလွှားသွားမိသည်။

KyungSoo အဒေါ်ပြောတာ မှန်မမှန်မသိပေမယ့်
အခုချိန်မှာတော့ KyungSoo အတွက် စိတ်ပူမိတာအမှန်ပင်။

ဟော .. တွေ့ပါပြီ ...
တစ်လှမ်းချင်းသွားနေသော ကျောပြင်သေးသေးလေးက်ု
နောက်ကနေ လှမ်းမြင်ရလို့ JongIn ပြေးလွှားနေရာမှ
ရပ်လိုက်သည်။

*ဟူး ... တော်သေးတယ် *

စိတ်ထဲကနေ ရေရွတ်ပြီး
လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်၊

"Kyu.."

Kyungsoo ကိုလှမ်းခေါ်မည်အလုပ် တစ်ချက်ယိုင်သွားတဲ့
ခြေလှမ်းရယ် ခန္ဓာကိုယ်သေးသေးလေးကြောင့် စိုးရိမ်စိတ်တွေ
ပြန်ဝင်လာခဲ့သည်။

Kyungsoo ဆီကို နောက်တစ်ဖန် အမြန်ပြေးသွားပြီး
ခန္ဓာကိုယ်လေးက်ူ ပွေ့လိုက်သည်။
ရင်ခွင်ထဲက မေ့လဲနေသော KyungSoo ကို
ပွေ့ချီပြီး သူ့အခန်းဆီကိုသာ ဦးတည်လိုက်သည်။

~~~

ဆရာဝန်ခေါ်ပြီး စစ်ဆေးခိုင်းလိုက်တော့ KyungSoo မှာ
ကမာ allergic ရှိတယ်ဆိုတာ သိရသည်။

KyungSoo အခုလို ဖြစ်သွားတဲ့အတွက်ကြောင့်
အခြားသူတွေကို အပြစ်တင်ချင်ပေမယ့် သူ့စိတ်ကို မနည်းထိန်းချုပ်ထားလိုက်သည်။

"သခင်လေး ဟ်ု ... KyungSoo ကို သူ့နေရာကို ပြန်ပ်ု့ "

"ပြန်မပို့တော့ဘူး ...သူ့ရဲ့ပစ္စည်းတွေ အကုန်ယူလာပြီး ကျွန်တော့်ဘေးနားက အခန်းထဲမှာ ထည့်ထားလိုက်ပါ ...နောက်နေ့ကစပြီး
ဘေးခန်းမှာ သူနေရလိမ့်မယ် ... ဒီနေ့လည်း
ကျွန်တော့် အခန်းထဲမှာ ထားလိုက်မယ် ... သူသက်သာလာမှ
ဘေးခန်းကို ရွှေ့ပေးမယ် ... အိမ်တော်ထိန်းက သွားလို့ရပါပြီ "

KyungSoo ကို ကြည့်နေရာကနေ တစ်ချက်မှ မျက်နှာမလွှဲပဲ
အိမ်တော်ထိန်းကို ပြောလိုက်သည်။
အိမ်တော်ထိန်းထွက်သွားတာနဲ့ အခန်ူးကို လော့ခ်ချလိုက်သည်။

သူမကြိုက်ပါ ...
သူနဲ့ KyungSoo နှစ်ယောက်တည်း ရှိနေတဲ့ အချိန်မှာ
တစ်ယောက်ယောက်လာနှောင့်ယှက်မှာကို လုံးဝမကြိုက်။

L.O.V.E [Z×U]Where stories live. Discover now