PART-(8)Z×U

6K 608 87
                                    

×××

မနက်​ခင်း​လေပြည်​ညှင်း​လေးက ပြတင်း​ပေါက်​က​နေတစ်​ဆင့်
ညင်​သာစွာတိုက်​ခတ်​ရင်း အိပ်​​ပျော်​​နေ​သော ​ကောင်​​လေးကို
ကျီစယ်​​နေလျက်​ ...

အေးစိမ့်​စိမ့်​ခံစားမှု​ကြောင့်​ ဟိုလှိမ့်​ဒီလှိမ့်​နဲ့ အ​ညောင်းဆန့်​ရင်း
မှိတ်​ထား​သော မျက်​လုံး​လေးက တစ်​ဖြည်းဖြည်းပွင့်​လာသည်​။
လိုက်​ကာစ​လေးသည်​လည်း ​လေ၏ကျီစယ်​မှု​ကြောင့်
ဟိုဟိုသည်​သည်​ယိမ်းလျက်​ ...

မလှမ်းမကမ်းရှိ နာရီ​လေးကို မပွင့်​တပွင့်​မျက်​လုံး​လေးဖြင့်​ကြည့်​လိုက်​​တော့ လက်​တံနာရီက ၆ တိတိကို ညွှန်​ပြလျက်​ ..
ပုံမှန်​ထ​နေကြအချိန်​ဆို​ပေမယ့်
ဒီ​နေ့မှ ထူးထူးခြားခြားလန်းဆန်း​နေသလိုလို ~

ဟိုကြည့်​သည်​ကြည့်​လုပ်​ရင်းနဲ့ မ​နေ့ညက အိမ်​မက်​အ​ကြောင်း
တွေးမိသွားသည်​။ နှလုံးသားရဲ့သခင်တစ်​ဖြစ်​လည်း
ဦးငယ်​က နှုတ်​ခမ်းပါးကို နမ်းသွားသည်​ဆို​သော အိမ်​မက်​ ~

အမှန်​တကယ်​အလားထင်​မှတ်​ရ​လောက်​​အောင်​ နှုတ်ခမ်းေ​ပ်ါက
ထိ​တွေ့ညင်​သာမှုကို ခံစားမိတာ​ကြောင့်​ လက်​​ဖြင့်​အသာထိ​တွေ့မိရင်း ပြုံးမိလိုက်​သည်​။

အိမ်​မက်​သာဆိုရင်​ နိုးမထပဲ ​နေခဲ့ရမှာ ~

စိတ်​ထဲက​နေ​တွေး​တောရင်း အိပ်​ယာထဖို့ပြင်​လိုက်​​တော့
ညာဖက်​လက်က တစ်​ခုခုကို ဆုပ်​ကိုင်​ထားသလိုဖြစ်​​နေတာ​ကြောင့်
အသာ​လေးဖြန့်​ကြည့်​လိုက်​သည်​။
လက်​ဖဝါးထဲမှာ​ရောက်​​နေ​သော ထိုပစ္စည်း​လေးက 
အနားသတ်​မှာ​ရွှေ​ကွပ်​ထား​သော Platinum လက်​စွပ်​​လေး ~
တစ်​ပွင့်​တည်း​သော စိန်​​သေး​သေး​လေးသည်​လည်း
လက်စွပ်၏​​အလယ်​တည့်​တည့်​တွင်​ထည်​ဝါစွာရှိ​နေလျက်
တလက်​လက်​​တောက်​ပ​နေသည်​။

စိတ်​ထဲက​နေ​တွေး​တောရင်း အိပ်​ယာထဖို့ပြင်​လိုက်​​တော့ ညာဖက်​လက်က တစ်​ခုခုကို ဆုပ်​ကိုင်​ထားသလိုဖြစ်​​နေတာ​ကြောင့်​အသာ​လေးဖြန့်​ကြည့်​လိုက်​သည်​။လက်​ဖဝါးထဲမှာ​ရောက်​​နေ​သော ထိုပစ္စည်း​လေးက ​အနားသတ်​မှာ​ရွှေ​ကွပ်​ထား​သော Platinum လက်​စွပ်​​လေး ~တစ်​...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
L.O.V.E [Z×U]Where stories live. Discover now