Chapter - 2 : This era...

5.9K 416 32
                                    

သက္ကရာဇ် xxxx

ယခုကာလသည် အမှောင်ထုမှ ကြီးစိုးသော ကာလအပိုင်းအခြား။ လူများသည် ယခင်က Food Chain တွင် Predator အနေဖြင့် ရပ်တည်ခဲ့ကြသော်လည်း ယခုတွင် သူတို့သည်လည်း Prey အဖြစ်သို့ပြောင်းလဲခဲ့ကြရသည်။ သူတို့ ထိုသို့သော အခြေအနေသို့ ပြောင်းလဲခဲ့ရခြင်းက သူတို့၏ မတော်လောဘကြောင့် လူသားတို့သည် မိမိတို့ရရှိနိုင်သည်ပို၍ လိုချင်မှုလောဘများ များလာခဲ့သော အခါ လောက၏ စည်းကို စတင်ချိုးဖောက်လာခဲ့ကြသည်။ သူတို့ အကြီးမားဆုံးချိုးဖောက်ခဲ့သည့် စည်းက သေခြင်းတရား နှင့် အုပ်စိုးခွင့်။ သေခြင်းတရားကို ကျော်ဖြတ်ရန်အတွက် သူတို့သည် အနက်ရောင်မှော်ပညာ(Dark Magic) ကို အသုံးပြု၍ သူတို့၏ သေဆုံးနိုင်သည့် ဘဝကို ရပ်တန့်ခဲ့ကြသည်။ ထိုသို့ဖြင့် သူတို့သည် ထာဝရမသေခြင်း အသက်ကို ပိုင်ဆိုင်နိုင်သူများဖြစ်လာပြီး လူသားများထက် သာလွန်သော စွမ်းရည်ပိုင်ဆိုင်သူများ ဖြစ်လာခဲ့ကြသည်။ သို့သော်လည်း အနက်ရောင်မှော်ပညာသည် စတေးမှုဖြင့်သာ အလုပ်လုပ်သော ပညာရပ်မျိုးဖြစ်ခြင်းကြောင့် သူတို့၏ ထာဝရအသက်သည် သန့်စင်ခြင်းမရှိခဲ့။ သူတို့၏ ထိုထာဝရအသက်တည်မြဲနိုင်စေရန် အခြားသော အရာများ၏ အသွေးအသားကို သောက်သုံးရင်း သူတို့အသက်ကို ဆက်ခဲ့ကြရသည်။ ထိုသို့ဖြင့် ထိုမျိုးနွယ်စုသည် Food Chain တွင် Predator ဖြစ်သော လူသားများအား အမဲလိုက်ကာ Food Chain ၏ ထိပ်ဆုံးတွင် Predector များအဖြစ် ရပ်တည်ခဲ့ကြသည်။ ထိုမျိုးနွယ်စုတို့ကို လူအများခေါ်ခြင်းက Vampire… ထို Vampire မျိုးနွယ်စုဝင်တိုင်းသည် ပျိုမြစ်သော ရုပ်ရှည်ချောမောမှုနှင့် နီရဲသော မျက်ဝန်းလှများအပြင် မတူညီသည့် ထူးကဲသော စွမ်းရည်များကို ပိုင်ဆိုင်ကြသည်။

လူသားတို့သည်လည်း တစ်ချိန်က Predator နေရာတွင် နေခဲ့ခြင်းဖြစ်သဖြင့် သူတို့သည်လည်း Vampire မျိုးနွယ်စု၏ လွှမ်းမိုးမှုကို မခံခဲ့။ ထိုမျိုးနွယ်စုအား တော်လှန်ရန် သူတို့နည်းမျိုးစုံဖြင့် ကြိုးစားခဲ့ကြသော်လည်း ကြမ်းကြုတ်ရက်စင်သော Vampire များကို သူတို့အနိုင်မရကြ။ ထိုသို့ဖြင့် လူဦးရေသည် တိုက်ပွဲရှုံးနိမ့်မှုကြောင့် တစထက်တစ နည်းပါးလာချိန်တွင် လူတို့သည် စတေးမှုတစ်ခုကို ပြုလုပ်ခဲ့ကြသည်။ သူတို့၏ အခက်အခဲများနှင့်အပြစ်များကို သူတို့ ဖန်ဆင်းရှင်အား တောင်းပန်ခဲ့ကြပြီး ထို Vampire များကို နှိမ်နင်းနိုင်မည့် ခွန်အားကို သူတို့တောင်းဆိုခဲ့ကြသည်။ သနားကြင်နာတတ်သောဖန်ဆင်းရှင်က သူတို့အား စတေးမှုတစ်ခုပြုလုပ်စေခဲ့သည်။ ထိုစတေးမှုသည် Maria ဟူသော မိန်းမပျို ။ သန့်စင်သော အပျိုစင်မိန်းမပျိုအား ယဇ်ပူဇော်ရန် လူများပြင်ဆင်နေချိန် ဖန်ဆင်းရှင်က တားမြစ်ခဲ့ပြီး…ထိုမိန်းမပျိုအား မွန်မြတ်သန့်စင်ခြင်းကို ပေးအပ်ခဲ့သည့်အပြင် ဖန်ဆင်းရှင်၏ တမန်တော်တစ်ပါးနှင့် ပဋိသန္ဓေစွဲကပ်စေခြင်းအားဖြင့် သားရတနာကို ဖွားမြင်စေခဲ့သည်။ ထိုသားရတနာသည် သန့်စင်သောသွေးနှင့် မြင့်မြတ်သော စွမ်းအားရှိသူဖြစ်ပြီး Vampire များအား နှိမ်နင်းအောင်နိုင်စွမ်းရှိသူ။ ထိုသားရတနာအား ဖန်ဆင်းရှင်မှ Vampire များကို နိုမ်နင်းနိုင်စေသည့် လက်နက်တစ်ခုကိုပေးအပ်ခဲ့သည်။ ထိုလက်နက်သည်လည်း စစ်မှန်သော သွေးကို ပိုင်ဆိုင်သူ၏ သွေးဖြင့်သာ အသက်ဝင်နိုင်သော လက်နက်။

A forbidden Love Story (fanfic)Where stories live. Discover now