Chapter - 9 : Temporary Alliance (Part-2)

2.9K 322 30
                                    

"Himph! ဒီတိုက်ကွက်တွေပဲ…”

သူတို့ထံပျံဝင်လာသော Knot ၏ ရေခဲချွန်များနှင့် သစ်စူးချွန်များကြောင့် Dae မျက်နှာကိုရှုံ့လိုက်မိသည်။ Jay ၏ မီးတောက်တို့က ထိုရေခဲချွန်များနှင့် သစ်စူးချွန်များကို လောင်ကျွမ်းစေသော်လည်း သူ့မီးတောက်တို့သည် ရေများဖြင့် ငြိမ်းသတ်ခံခဲ့ရသဖြင့် Jay အံကြိတ်လိုက်မိသည်။ Perm နှင့် Toota တို့ရှိနေခြင်းက သူတို့အတွက် အဆင်မပြေလှ။ သူတို့ လူချင်း တိုက်ခိုက်သင့်သည်လား…။ သူ Dae ကို အမှတ်မထင် ကြည့်လိုက်မိတော့ Dae သည်လည်း သူ့ကိုပြုံးပြီးကြည့်လာခဲ့သည်။ မဟုတ်မှလွဲရော ထို အငယ်ဆုံး Prince သည်…

သူမလည်မျိုသို့အရှိန်ဖြင့် ဝင်လာသည့် Dae ၏ ချွန်မြသော လက်များကြောင့် Namtarn အပင်များကို ထိန်းချုပ်နေရာမှ ရပ်တန့်ကာ သူမကိုယ်သူမ အကာအကွယ်ယူလိုက်မိသည်။ သူမ ကိုယ်သူမ လက်တို့ဖြင့် ကာလိုက်သည်နှင့် Dae… Jay ကို အချက်ပြလိုက်ချိန်တွင်တော့ သူမ ဝမ်းဗိုက်ပိုင်းသို့ ထိုးဝင်လာသော အခြားသော လက်တစ်စုံ…

“နင်! နင်တို့!”

Namtarn သူမဝမ်းဗိုက်လေးအား ကိုင်ကာ Dae နှင့် Jay ကို ဒေါသဖြစ်စွာကြည့်လိုက်မိခဲ့သည်။ အကယ်၍ လူချင်းတိုက်ခိုက်ရမည်ဆိုလျှင် တိုက်ရည်ခိုက်ရည် အနိမ့်ဆုံး Namtarn ကို အလျင်တိုက်ခိုက်သင့်သည်ဟု သူတို့သုံးသတ်မိပြီး တိုက်ခိုက်ခဲ့ကြခြင်း။ ယခု သူတို့နှစ်ဦးအား တိုက်ခိုက်လာသည့် Perm နှင့် Knot ကို အလူးအလဲသူတို့ခုခံနေခဲ့မိကြသည်။ Perm ရော Knot သည် တိုက်ခိုက်ခြင်းတွင် ကျွမ်းကျင်မှုအရှိဆုံး Prince နှစ်ပါး။ Perm ၏ လျင်မြန်မှုနှင့် Knot ၏ ခွန်အားပေါင်းစပ်လိုက်ခြင်းက Dae အတွက်တော့ သူ့ကိုယ်သူ ကာကွယ်နိုင်ရုံသာ ခုခံနိုင်ခွင့်ရှိသော်လည်း Jay အတွက်တော့ မရှုမလှ။

“Toota ဒီကောင်ကို တာဝန်ယူစမ်း…”

Perm သူ့မျက်စိရှေ့မှ Jay ကို Toota ထံသို့လွင့်စင်အောင် ကန်ထုတ်လိုက်ခဲ့သည်နှင့် Toota ခေါင်းလေးသာ ညိတ်ကာ Jay အား ရေလုံးတစ်လုံးထဲတွင် ထည့်ချုပ်ထားလိုက်မိခဲ့သည်။ Water Prison… ထိုရေလုံးသည် လူတစ်ဦး Vampire တစ်ဦးကို ကောင်းကောင်းချုပ်နှောင်ထားနိုင်သော အချုပ်အနှောင်တစ်ခု။ ထို အစွမ်းကို အသုံးပြုနေသူသည် Water Prison အပေါ်တွင် အာရုံစိုက်မှု မပျက်မချင်း ထို Prison ၏ ချုပ်နှောင်မှုမှ မည်သူမျှ မလွတ်မြောက်နိုင်။ ထို Water Prison ကို အသုံးပြုသူထက် စွမ်းအားကောင်းသော မှော်အစွမ်း အသုံးပြုနိုင်သူ မဟုတ်ခဲ့လျှင် ထို Water Prison ကိုပျက်ပြယ်အောင် လုပ်ဆောင်နိုင်စွမ်းမရှိ။

A forbidden Love Story (fanfic)Where stories live. Discover now