အမှောင်ထု… ယခုအချိန်တွင် Vampire နန်းတော်၏ ဥယျာဉ်တစ်ခုလုံးအား အမှောင်ထုက ဖုံးလွှမ်းသွားခဲ့သည်။ ထိုအမှောင်ထု၏ ပိန်းမှောင်နေမှုသည် အထဲရှိသူတို့၏ မြင်နိုင်စွမ်းကိုလည်း ပိတ်ပင်ထားခဲ့သည်။
"ဒါက မင်းတို့ Day ကို သတ်လိုက်တာအတွက် ဖြစ်လာတဲ့ အကျိုးဆက်ပဲ…"
အထဲရှိသူများအားလုံး White အသံကိုသာ ကြားလိုက်ရသည်။ သူတို့ပတ်ပတ်လည်တွင်တော့ ပိန်းမှောင်နေသော အမှောင်ထုသာ ကြီးစိုးလျက်။
"White! မင်း ငါတို့နဲ့ပူးပေါင်းမှာလား…မင်းရဲ့ အမေက ငါတို့ရဲ့ ညီမပဲ…"
Knot စကားကြောင့် အမှောင်ထုထဲမှ ခပ်လှောင်လှောင်ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
Arthit မျက်မှောင်ကြုတ်နေမိသည်။ သူတို့ Vampire များသည် အမှောင်ထဲတွင်လည်း မြင်နိုင်သူများမို့ စိုးရိမ်စရာမရှိ။ သို့သော် ယခုအမှောင်ထုက ထိုသို့မဟုတ်ခဲ့။ သူတို့သည်ပင် ဘာမှမမြင်နိုင်လောက်အောင် အမှောင်ထုက ထူထပ်မှောင်ပိန်းနေခဲ့သည်။
"Kong…"
Arthit ၏ စိုးရိမ်မှုတို့သည် Kongpob ဆီသို့… မည်သို့ပင် Kongpob ၏ အစွမ်းတို့နိုးကြားနေပါစေ… Kongpob သည် လူသားတစ်ဦးမို့ အမှောင်ထဲတွင် မြင်နိုင်စွမ်းရှိမည်မထင်ပါ။ သူ Kongpob အနားတွင်ရှိနေမှ ဖြစ်ပါလိမ့်မည်။ သူ့အာရုံတို့ကို နှလုံးခုန်သံတစ်ခုဆီသို့ စူးစိုက်လိုက်မိခဲ့သည်။ အမှောင်ထုထဲမှ နှလုံးခေါ်သံသဲ့သဲ့တစ်ခု။ သူ ထိုနှလုံးခုန်သံတည်ရှိရာဘေးသို့ ရောက်အောင် အလျင်အမြန်သွားလိုက်မိခဲ့သည်။
"Kong…"
"Arthit?"
သူထင်သည့်အတိုင်း Kongpob သည် အမှောင်ထဲတွင် မြင်နိုင်စွမ်းမရှိ။ ထိုစဉ် သူတို့နှစ်ဦးဘက်သို့ လျင်မြန်စွာ တိုက်ခိုက်လာသည့် အရိပ်တစ်ခု။ Arthit လျင်မြန်စွာ Kongpob ၏ ရှေ့မှ တားဆီးခုခံလိုက်ခဲ့မိသည်။
"Arthit?…"
"Kong မလှုပ်ပဲငြိမ်ငြိမ်လေး ခနနေပေး… ဟေ့ White… မင်းလည်း ငါတို့လို ကောက်ကျစ်တဲ့နည်းတွေသုံးနေတာလား? မရှက်ဘူးလား အခုလို တိုက်ခိုက်တာ…"
YOU ARE READING
A forbidden Love Story (fanfic)
VampireVampire ဆိုတဲ့သွေးစုပ်ကောင်တွေဟာ တကယ်ပဲ စာအုပ်တွေထဲကအတိုင်းလား။ ဒါမှမဟုတ် ပြောင်းလဲမှုတွေရှိနေသေးလား။ သူတို့ဆီက နေကာကွယ်ပေးတဲ့ သူတွေကရော ဘယ်လိုအစွမ်းတွေရှိလဲ။ Vampire တစ်ဦးနှင့် Vampire hunter တစ်ဦးကြားမှ ချစ်ခြင်း၊ သမိုင်း Forbidden Love Story ကနေ...