Chapter - 19 : Problem Child (Part - 4)

3K 327 49
                                    

"May... ပြီးတော့ King Dae? ဟာ မဟုတ်ဘူး အခုအဲ့ဒါတွေ အရေးမကြီးဘူး အရေးကြီးတာ အစ်ကို Bright တို့! May! ဒါ Spell တစ်ခုကြောင့် ဖြစ်လာတာမဟုတ်လား!!!"

Arthit သူ့တွင်ရှိနေသည့် မေးခွန်းများကို ဘေးဖယ်လိုက်ရင်း လက်ရှိအခက်အခဲကို တရစပ်ပြောလိုက်မိသည်။ May သူမလက်ကို အားကိုးကြီးစွာ ကိုင်ရင်း ပြောလာသည့် Arthit ကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ ထို့နောက်သူမ အကြည့်တို့က သူမကို စူးစမ်းနေသော Kongpob ထံသို့...

"ငါ့နာမည်က May! ငါက 6th Vampire Princess ပဲ... Third Maria...မင်းအတော်ငယ်တုန်းက ငါတို့တွေ့ဖူးကြတယ် မင်းက White နဲ့အတူ ကြီးပြင်းလာတဲ့ကလေးပဲ…"

May စကားကြောင့် Kongpob ခေါင်းညိတ် အသိအမှတ်ပြုလိုက်မိပြီး May လက်တို့ကို အားကိုးကြီးစွာ ဆွဲကိုင်ထားသည့် Arthit ကို ကြည့်နေခဲ့မိသည်။ ယခုအချိန်တွင် သူသည်လည်း မည်သို့မှ ထိုကိစ္စကို မဖြေရှင်းပေးနိုင် ထို့အတွက် သူတတ်နိုင်သည်က May ဖြေရှင်းပေးနိုင်ခြင်း ရှိမရှိကိုသာ စောင့်ကြည့်နေရုံသက်သက်။

May သူမအား လက်တို့အားဆွဲကိုင်ပြောလာသည့် Arthit လက်တို့ကို ဖြေးညင်းစွာ ဖြည်ချလိုက်ရင်း...

"သူတို့ သေသွားရင် နင့်အတွက်ပိုမကောင်းဘူးလား Arthit... သူတို့က လူတွေနဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်း နေချင်တဲ့သူထဲ မပါဘူး..."

"သူတို့က ငါ့အစ်ကိုတွေ May! ငါတို့အစ်ကိုတွေ ငါတို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ဒီလို မျက်နှာလွှဲထားကြမှာလား?"

"ဒါဆို ငါကရော?"

May ၏ တင်းမာနေသော မျက်နှာကို ကြည့်ပြီး Arthit ဒေါသထွက်လာမိသည်။ ယခုလို သေရေးရှင်ရေးဖြစ်နေချိန်တွင် သူ ထိုကိစ္စများကို နောက်ကြောင်းပြန်ပြီး ရှင်းပြနေရဦးမှာလား။ Kongpob ကတော့ သူ့ရှေ့မှ မောင်နှမများ၏ အရှုပ်တော်ပုံကို မမှိတ်မသုန်ကြည့်ရင်း ကိုယ်နှင့်မဆိုင်သလို ရပ်နေသည့် Dae နှင့် Tew ကို အံ့သြနေခဲ့မိသည်။

"နင်က……"

Arthit သူ့အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်မိသည်။ May သည် သူတို့ကို မုန်းတီးနေသည်လား?

A forbidden Love Story (fanfic)Kde žijí příběhy. Začni objevovat