Epilogue

5.9K 472 61
                                    

Arthit သူ့အခန်းလေသာဆောင်တွင် ရပ်ရင်း အမှောင်ထုကို ငေးကြည့်နေခဲ့မိသည်။ စစ်ပွဲများသည် အနိုင်ရသည့်ဘက်ကိုဖြစ်စေ ရှုံးနိမ့်သည့်ဘက်ကိုဖြစ်စေ နှစ်ဖက်လုံးအား နစ်နာစေသည့် အတ္တ၏ ပုံပေါ်လာမှု။ သူ့ကုတင်ပေါ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် Kongpob ကို သူကြည့်လိုက်ရင်း ပြုံးလိုက်မိသည်။

လူသားများ အနိုင်ဆိုသည့် သတ်မှတ်ချက်ကို သူ သတ်မှတ်ပေးလိုက်ခဲ့ပြီး သမိုင်းသစ်တစ်ခုကို သူ ပြန်လည်မော်ကွန်းတင်ခဲ့ဖြစ်သည်။ Vampire များက လူသားများကိုရှုံးနိမ့်သည်။ သူ Kongpob အားငေးကြည့်နေရာမှ ကြယ်များဖြင့် တောက်ပနေခဲ့သော ညကောင်းကင်ကို ပြန်ကြည့်ရင်း ခပ်တိုးတိုးရယ်လိုက်မိခဲ့သည်။

အနိုင်ဆိုသည့် စံသတ်မှတ်ချက်ကလွဲလျှင် လူသားတို့သည် သူတို့အား ရှုံးနိမ့်နေဆဲ။ ရှည်ကြာခဲ့သော တိုက်ပွဲကြောင့် လူသားတို့၏ အကျိုးစီးပွား ပျက်သုဉ်းခဲ့ရသဖြင့် လူသားတို့သည် ငွေကြေးဆိုသော လောက၏ ဒုတိယဘုရားသခင်နှင့် ပတ်သက်လာလျှင်လောဘ တက်ကြစမြဲ။ ထို့အတွက် သူ လူသားများကိုလည်း ကူညီပေးချင်သည်ဆိုသော အကြောင်းပြချက်ဖြင့် Kongpob အား လူတို့ကို သူတို့၏ သွေးအား ရောင်းချစေခဲ့သည်။

ယခုတော့ သူ၏ အကြံဥာဏ်ကြောင့် Blood Bank များက ကမ္ဘာ့နေရာအနှံ့တွင် ပေါ်ပေါက်လာခဲ့ဖြစ်သည်။ လူတို့သည် မိမိတို့၏ သွေးများကို ရောင်းချသည့် အပြင် Blood Bank များတွင်လည်း ဝင်ရောက်လုပ်ကိုင်ခဲ့ကြသည်။ လူတို့သည် ငွေကြေးနှင့်ပတ်သက်လာလျှင် မည်သည့် အရာကိုမဆို မငြီးမငြူလုပ်ကိုင်တတ်မြဲ။ ထို့အတွက် သူ၏ Blood Bank များ စတင်တည်ထောင်ခြင်းက လူများနှင့် Vampire များအတွက် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ခြင်းကို အကောင်အထည်ဖော်နိုင်သည်ဟု လူအများ နှင့် သူတို့ Vampire များက ယုံကြည်ခဲ့ကြသည်။

စင်စစ်... တကယ်တမ်း အနိုင်ရရှိသူများက သူတို့ Vampire များဆိုသည်ကို သူခဲ့သူက သူ, May, Dae နှင့် Bright သာ...

"လူတွေက လှည့်ဖျားရ လွယ်လွန်းတယ်..."

သူ တိုးတိုးလေးရေရွတ်လိုက်ခဲ့မိသည်။ တကယ့်တကယ်တမ်း ရှုံးနိမ့်သူက လူသားများ... သူတို့အတွက်တိုက်ခိုက်ပေးမည့် Day ကိုဆုံးရှုံးခဲ့ရသည့်အပြင် ယခု လူသားတို့၏ ခေါင်းဆောင်က သူ့ကိုချစ်မြတ်နိုးလွန်းသဖြင့် သူ့စကားတိုင်းကို အမိန့်ဟု သတ်မှတ်သည့်သူ။ ထို့အပြင် လူသားတို့သည် Food Chain တွင် သူတို့ကို အနိုင်ရခဲ့ပြီး Predetor နေရာကို ပြန်ရသည်ဆိုသော်လည်း... ယခု Blood Bank များတွင် လူတို့သည် သူတို့အတွက် အလုပ်လုပ်ပေးရသူများ...

A forbidden Love Story (fanfic)Where stories live. Discover now