Chapter-17 : The Problem Child (Part-2)

3K 341 65
                                    

"ဘာ… ဘာရယ်! သူက May ရဲ့သား?"

Arthit သူ့မျက်စိရှေ့မှ သူတို့မျိုးနွယ်တစ်စုလုံးအား ရွံမုန်းသည့် အကြည့်မျိုးဖြင့် ကြည့်နေသော White ကိုကြည့်ရင်း မယုံနိုင်စွာ မေးလိုက်မိသည်။

White ၏ အလင်းတန်းစူးချွန်လေးများက သူ့ဘက်သို့တိုက်ခိုက်လာတော့ Kong သူ့လက်ထဲမှ Staff ကို ဝှေ့ယမ်းလိုက်သည်နှင့် ထိုအလင်းတန်းစူးချွန်လေးများ ပျောက်ကွယ်သွားခဲ့သည်။

"မင်းက… လူသားတွေကို သတ်ဖြတ်နေတဲ့ Vampire တစ်ယောက်ကို ကာကွယ်ချင်နေတာလား?"

White ၏ မထီတရီအပြုံးနှင့်ဆိုလာသည့် စကားတို့ကြောင့် Kongpob ပြုံးလိုက်မိခဲ့သည်။

"အနည်းဆုံးတော့ ငါက ငါချစ်တဲ့သူကို ကာကွယ်တာ မင်းလို မင်းအဖေကိုသတ်ပြီး မင်းအမေကို ဖမ်းချုပ်ထားတဲ့ကောင်တစ်ကောင်အတွက် တိုက်ခိုက်နေတာမဟုတ်ဘူးပေါ့…"

Kongpob စကားကြောင့် White မျက်မှောင်ကြုတ်လိုက်မိခဲ့သည်။

"မင်းငါ့ကို ညာနေတာ!!!!"

White ၏ စူးရှသော အသံလှိုင်းဖြတ်သန်းရာတွင် အသက်ရှင်နေရသည့် လူများအားလုံး သူတို့နားကို သူတို့ပိတ်လိုက်မိခဲ့ကြသည်။ နားပိတ်ရန် အချိန်မမီခဲ့တော့သော သူတို့မှာတော့ မျက်လုံးနှင့်နားများမှ သွေးတို့ထွက်လာကာ လဲကျသွားခဲ့ကြသည်။

"Kong……"

Arthit သူ့ပခုံးအားဖက်ထားကာ ယခုအချိန်ထိ သူ့အား ရင်ခွင်ထဲ ထည့်ထားဆဲဖြစ်သော Kongpob ကို လှမ်းခေါ်လိုက်ခဲ့မိသည်။

"Arthit… ဒါ မင်းတို့မျိုးနွယ်တွေ နိုင်မဲ့သူမဟုတ်ဘူး…"

"ဒါပေမဲ့……"

"ငါ့ကိုယုံ… ငါ မင်းကို အန္တရာယ်ပေးမဲ့ ဘယ်သူ့ကိုမဆို မင်းရှေ့မှာ ရပ်တောင် မနေနိုင်အောင် ငါလုပ်မယ်"

သူ့မျက်လုံးတို့ထက် ခပ်ဖွဖွနမ်းရင်း စကားဆိုလာသည့် Kongpob ကြောင့် Arthit မျက်လုံးများကို မှိတ်ထားလိုက်ခဲ့မိသည်။

"ဟက်! မင်းက ငါ့ကို? Maria… မင်းတကယ်ပဲ ငါ့ကိုယှဉ်နိုင်မယ်ထင်နေလား?"

"ဒါဆိုငါတို့စမ်းကြည့်ကြမလား…"

Kongpob မျက်နှာထက်မှ အပြုံးကြောင့် White မျက်မှောင်ကြုတ်လိုက်မိခဲ့သည်။ Maria တစ်ယောက်၏ အစွမ်းကို သူတစ်ခါမှ မမြင်ဖူးခဲ့။ သူ သိသည့် Kongpob ၏ အစွမ်းက နည်းနည်းလေးမှ စိတ်ပူစရာမဟုတ်ခဲ့။ သို့သော်လည်း သူ့မျက်စိရှေ့မှ Kongpob သည် ထူးခြားနေခဲ့သည် ထို့အပြင် သူသာ သတိထားခြင်း မရှိခဲ့လျှင် သူ့ကို အန္တရာယ်ပေးနိုင်သည့် ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခုကို သူ ခံစားနေခဲ့ရသည်။

A forbidden Love Story (fanfic)Where stories live. Discover now