Chapter-16 : The Problem Child (Part-1)

3.1K 349 64
                                    

“မင်းတို့!!!”

Knot မျက်လုံးများသည်လည်း ဝိုင်းစက်သွားခဲ့ရသည်။ သူ့မျက်စိရှေ့ရှိ Day မျက်နှာထက်က ဒဏ်ရာများက လူတစ်ဦးတွင် မရှိသင့်သည့် အမြန်နှုန်းမျိုးဖြင့် အကောင်းအတိုင်းပြန်ရှိနေခဲ့သည်။ သူတို့ Vampire များတွင်သာ ရှိတတ်သော အမြန်နှုန်းမျိုးနှင့်..

“အရမ်းအံ့သြနေတာလား…”

Day မျက်နှာထက်တွင်တော့ သူ့အံ့သြမှုကို ကျေနပ်သည့် အပြုံးတစ်ခု။ သူ မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် ဆက်စပ်တွေးခေါ်သည့် နေရာတွင် အခြားသူများလောက် မတော်သော်လည်း Day တွင် သူတို့မျိုးနွယ်၏ အစွမ်းသတ္တိရှိနေသည်ဆိုသည်ကို သူ ရိပ်မိလာခဲ့သည်။ ကုစားခြင်းတစ်မျိုးသာ အစွမ်းသတ္တိ ရှိခြင်းလား? ထိုအတွေးများက သူ့အား မွန်းကြပ်သွားစေခဲ့သည်။

“Knot!!! သူ့နားကဖယ်…”

Bright ၏ အော်သံကြောင့် သူ သတိဝင်သွားရင် အနောက်သို့ ခုန်ဆုတ်လိုက်ချိန်တွင် Day အနားမှ မြေထုသည် ကွဲအက်သွားခဲ့သည်။ Vampire တစ်ဦး၏ ခွန်အား… သူတို့ ရင်ဆိုင်နေရသည်က Vampire လား? Knot သူ့ခေါင်းထဲတွင် ရှုပ်ယှက်ခတ်စွာ တွေးနေခဲ့မိသည်။

“အစ်ကို Knot သတိနဲ့ပဲ ထိန်းတိုက်…”

“ဒီနေ့က အဆုံးသတ်ရမဲ့ နေ့ပဲ…”

Bright ရော Knot ပါ သူတို့ကြား လှံနှင့်ပြေးဝင်လာသော Day ကြောင့် ရှောင်လိုက်မိခဲ့သည်။

“ဒီကောင် ဒါကြီးကို ဘယ်လိုများ လူမမြင်အောင် သယ်လာတာလဲ…”

Bright ရှောင်တိမ်းနေရင်းမှ မှတ်ချက်ချတော့ Knot ၏ မကျေမနပ်အကြည့်များက သူ့ထံ သူ လျှာလေးတစ်လစ်ထုတ်လိုက်မိခဲ့သည်။

“ငါတို့ သူတို့ကို နည်းနည်း အလေးထားတိုက်ခိုက်သင့်တယ်မထင်ဘူးလား…”

Wad ကိုကန်ထုတ်လိုက်ရင်းမှ သူတို့ကို အော်လိုက်သည့် Perm ကြောင့် Knot နှင့် Bright အသံလာရာဘက် ကြည့်လိုက်တော့ Wad ဆောင့်ကျသွားရာ သစ်ပင်သည်ပင် ကျိုးကာ Wad ပေါ်သို့ ပိနေခဲ့ပြီ။

“Perm… မင်းက ဘယ်တုန်းကမှ မညှာတာတတ်တာပဲ…”

Bright ထိုထက်ပိုင်းကျိုးကာ လဲပြိုနေခဲ့သော သစ်ပင်ကိုကြည့်ရင်း သစ်ပင်အောက်မှ Holy Priest ကို အနည်းငယ် သနားသွားခဲ့မိသည်။ ဒီကောင်လေးက Perm နှင့်မှ ကျတာ သူ့ရဲ့ကံပေါ့ဟု သူ တွေးလိုက်ရင်း သက်ပြင်းချလိုက်မိသည်။ ယခု Bright လက်ထဲမှ ကောင်သေးသေးလေးကို သတိပြုမိလာသည့် Perm နှင့် Knot မျက်မှောင်ကြုတ်လာမိခဲ့သည်။

A forbidden Love Story (fanfic)Where stories live. Discover now