Chapter- 5 : The Guest

3.5K 328 39
                                    

Kongpob နိုးလာချိန်တွင်တော့ သူ မသိသော နေရာတစ်ခုသို့။ သူ ရောက်နေသော နေရာကို သူ လေ့လာကြည့်လိုက်မိသည်။

“မင်းနိုးလာပြီလား”

အသံကြားရာဘက်ကြည့်လိုက်မိတော့ နံရံကို မှီရင်းကြည့်နေခဲ့သော Arthit သူ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ ဘာကြောင့် ထိုနေရာသို့ရောက်နေမိလဲဆိုသည်ကို သူ စဉ်းစားနေမိဆဲ။

“မင်း ဘာမှမမှတ်တော့မိဘူးလား”

“ငါ မင်းနဲ့အတူ Level 0 ကောင်တွေနဲ့တွေ့ခဲ့တာ မင်းက ငါ့ကို ကယ်လာတာလား?”

“မင်းတခြားဘာမှ မမှတ်မိတော့ဘူးလား…”

“ဟမ် အာ မင်း ငါ့ကို လူတစ်ယောက်အကြောင်းမေးခဲ့တယ်လေ… အမျိုးသမီးတစ်ယောက်နဲ့တူတယ်… ပြီးတော့ငါ..”

Arthit သူ့ရှေ့မှ Kongpob ကိုကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ Kongpob ၏ မှတ်ဥာဏ်ကို ဘာကြောင့် May သည် ပိတ်ပင်ထားခဲ့ရတာလဲ။ သူမနှင့်ပတ်သက်သည့် အရာများကို ဘာကြောင့် Kongpob အား မမှတ်မိစေရန် မှော်အစွမ်းကို အသုံးပြုခဲ့ရတာလဲ။ သူ ဒေါသဖြင့် အောက်နှုတ်ခမ်းကို ကိုက်လိုက်မိခဲ့သည်။ ဒီ Maira ကသူ့အတွက်တစ်ခုတည်းသော သဲလွန်စ။ May ကို ပြန်ရှာတွေ့ရမည့် သဲလွန်စ။ May သည် အန္တရာယ်ရောကင်းနေပါရဲ့လား။ သူ စိတ်ရှုပ်ရှုပ်နှင့် သက်ပြင်းမောသာ ထပ်ရှိုက်လိုက်မိသည်။

Kongpob မှာတော့ သူ့ရှေ့မှ စိတ်ရှုပ်နေသည့် Vampire Prince လေးကို အကဲခတ်လိုက်မိခဲ့သည်။ သူ့အား ထို Vampire လေးသည် လူတစ်ယောက်အကြောင်းမေးခဲ့သည်။ ထိုသူသည် အမျိုးသမီးတစ်ဦး သို့သော် မည်သူလဲ။ သူ ထိုအမျိုးသမီးအကြောင်း စဉ်းစားလိုက်ချိန်တွင် ခေါင်းအတွင်းပိုင်းမှ နာကျင်မှုကြောင့် သူ့ခေါင်းလေးကို သူကိုင်လိုက်မိသည်။

“ဟေ့ မင်း သူ့အကြောင်း မစဉ်းစားနဲ့!”

Arthit သူ့မျက်စိရှေ့မှ နာကျင်မှုဖြင့် ညည်းတွားနေသည့် Kongpob ဘေးချက်ချင်းလိုပင် ရောက်သွားခဲ့ရသည်။ ထိုကောင်လေးတစ်ခုခု ဖြစ်လို့မဖြစ် သူ့အစ်မဖြစ်သူအား ရှာနိုင်မည့် သဲလွန်စက May ထံတွင်သာ ရှိနေခဲ့သဖြင့် သူ အတော်လေး စိတ်ရှုပ်ရမိသည်။

A forbidden Love Story (fanfic)Where stories live. Discover now