Chapter (2)

17K 1.8K 53
                                    

Unicode

***********

ည သန်းခေါင်ကျော်အချိန်။

အခန်းထဲတွင် တစ်စုံတစ်ယောက်က မိမိကို စိုက်ကြည့်နေသလိုမျိုး ခံစားလိုက်ရတာကြောင့် ရှိုင်း မျက်လုံးတွေကိုဖွင့်ကြည့်လိုက်မိသည်။ မျက်လုံးများကိုဖွင့်လိုက်ချင်းမှာပင် ရှိုင်းရဲ့နှဖူးပြင်ကို လက်ဖဝါးခပ်အေးအေးတစ်ခုက နူးညံ့စွာ ထိကပ်လိုက်တာကို သိလိုက်ရလေသည်။ မျက်လုံးများကိုဖွင့်လိုက်သော်ငြားလည်း တစ်စုံတစ်ခုက ရှိုင်းကို မူးဝေနေအောင် လုပ်ထားသလိုမျိုးဖြစ်နေကာ အခန်းတွင်းကို သေချာမမြင်ရ။

အိပ်မက်လား၊ တကယ်လားပင် မသဲကွဲသော အခြေအနေ။

မသဲမကွဲမမြင်ကွင်းမှာ မိမိကို တစ်စုံတစ်ယောက်က အုပ်မိုးကြည့်ရှူ့နေသလို။ ခါတိုင်းမက်နေကျ အိပ်မက်တွေလိုမျိုး ထိတ်လန့်စရာမကောင်းပါဘဲနှင့် ထိုအရိပ်ကို မြင် လိုက်ရတာနဲ့ပင် ရှိုင်းတစ်ယောက် ကတုန်ကယင်ဖြစ်လာသလို။ အိပ်မက်ထဲမှာဘဲ ဖြစ်ဖြစ် တကယ်ဖြစ်နေတာဘဲ ဖြစ်ဖြစ် ရှိုင်းရဲ့အခန်းထဲကို လူစိမ်းတစ်ယောက် ဝင်နေတယ်ဆိုသော အသိဖြင့် ရင်ဆိုင်ရန် ထရပ်ဖို့ ခေါင်းထောင်လိုက်မိသည်။ ရှိုင်းမျက်လုံးလေးတွေ ပြူးကျယ်သွားသည်အထိ အံ့သြသွားရသည်။

ထိုသူသည် မီးထွန်းပွဲတော်တွင် တွေ့ခဲ့ရသည့်လူကြီး။ ထူထဲဖြောင့်တန်းနေသော မျက်ခုံးတန်းနှစ်ဖက်က လုံးဝမမေ့သွားနိုင်တဲ့ ရုပ်ရည်သွင်ပြင်တစ်ခု။

ဘာတွေလဲ။ ဒီလူကြီးကိုနောက်ထပ် မြင်ယောင်နေပြန်ပြီလား။

ထိုသို့တွေးလိုက်မိကာ ရှိုင်းရဲ့ခေါင်းလေးထောင်လိုက်တဲ့ အချိန်မှာပင် ထိုလူကြီးက ကုတင်နားကို လျင်မြန်စွာပင်ရောက်ရှိလာလေသည်။ ထို့နောက် ရှိုင်းရှိနေသော ကုတင်နားကို ခါးကိုင်းချလိုက်ပြီး ရှိုင်းရဲ့ပါးပြင်လေးနှစ်ဖက်ကို သူ့ရဲ့လက်ဝါးပြင်ကျယ်ကြီးနှင့် ထိကပ်ကာ နှဖူးချင်းပါ ထိတိုက်လိုက်လေသည်။

ထိုအပြုအမူကြောင့် မှောင်ရိပ်သန်းနေသော ရှိုင်းရဲ့အခန်းက ရုတ်တရတ် အနည်းငယ် လင်းလက်လာတာကို တွေ့လိုက်ရလေသည်။ အံ့သြသွားပြီး ပြန်လည်ကြိုးစား ထိန်းချုပ်ပါသော်လည်း မရ။

Star Love (II)Where stories live. Discover now