Chapter(17)

10.7K 1.5K 32
                                    

Unicode

*************


မာရာ ပြောသော စကားများကို နားထောင်ပြီးနောက် နိကိုလပ်စ်က သက်ပြင်းတစ်ချက်ချလိုက်သည်။

ဒါဆို ကတ်စ်တာက ဂျူလီယန်က သြဂတ်စ်ရဲ့ Luna ဆိုတာကို သိသွားပြီလား.. အမြူတေ တစ်ဝက်ကို ယူလိုက်ပြီးဆိုတာကိုရော သိလား ..

မာရာ ခေါင်းငြိမ့်ပြလိုက်သည်။

''သိသွားပြီလို့ဘဲ ပြောရမှာပေါ့.. လိုင်ခန်တွေက သြဂတ်စ်ဆီက အမြူတေကို ရပြီဆိုပြီး အပိုင်တွက်လာကြတာ.. သြဂတ်စ်ရဲ့ အမြူတေတစ်ဝက်က သူ့ရဲ့ Mate ဆီမှာ ရှိနေတယ်ဆိုတာတော့ သိသွားတယ် .. ဂျူလီယန်က Luna ပါဆိုတာ သိမသိတော့ ကျွန်မလည်း သေချာ မသိဘူး.. ''

'' ဒါဆိုရင် သေချာပေါက် သြဂတ်စ်ဆီက အမြူတေကို ရဖို့ ဂျူလီယန်ကို သုံးလိမ့်မယ်ထင်တယ် .. ပြီးတော့ မားကပ်စ် ကိုပြန်ခေါ်ဖို့အတွက် Luna ကို လိုအပ်တယ်ဆိုတော့ ...''

မာရာ မျက်လုံးပြူးသွားသည်။

'' မားကပ်စ်.. သေသွားတဲ့ စုန်းကဝေခေါင်းဆောင်ကို ပြန်ခေါ်မလို့.. ဘာ.. ဘာတွေလဲ.. အဲ့လို လုပ်လို့ရလို့လား.''

'' လုပ်လို့ရတယ်လို့ဘဲ ပြောရမှာပေါ့... ကျွန်တော့်လူတစ်ယောက် အဲ့ဒီအကြောင်းကို စုံစမ်းရင်း အသက်ပေးသွားခဲ့ရပြီးပြီ.. ''

မာရာ စိုးရိမ်မှုများအပြင် စိတ်ဝင်စားမှုများပါ မြင့်တက်လာသည် ထင်သည်။ ကုလားထိုင်တွင် နောက်မှီထိုင်နေရာမှ ခန္ဓာကိုယ်ကို ရှေ့ကို ကိုင်းလာရင်း စိတ်ဝင်တစားဖြင့် မေးသည်။

'' မားကပ်စ်ကို ပြန်ခေါ်ဖို့အတွက် Luna ကို လိုအပ်တယ် ဆိုတာကရော ဘာသဘောလဲ.. ''

နိကိုလပ်စ်က သက်ပြင်းတစ်ချက်ချသည်။

'' The Other Side ကို ရောက်နေတဲ့ ၀ိဉာဉ်တစ်ခုကို ဒီဘက်လောကကို ပြန်ခေါ်ချင်တယ်ဆိုရင် အဲ့ဒီဝိဉာဉ်ကို လက်ခံထားရမယ့် အငှားခန္တာကိုယ် The Host လိုတယ် .. ''

နိကိုလပ်စ်က ထိုသို့ပြောပြီးတော့ စကားကို ခဏရပ်လိုက်ပြီး မာရာကို အားနာသလို ကြည့်သည်။ မာရာရဲ့ စိတ်ဝင်စားမှုက မြင့်တက်လာသည်။

Star Love (II)Where stories live. Discover now