Chapter (11)

12.6K 1.4K 31
                                    

Unicode

*************

ခပ်မှိုင်းမှိုင်းပတ်ဝန်းကျင်နှင့်အတူ စိုစွတ်အုံ့မှိုင်းသော ရာသီဥတု။

တစ်ဘက်တစ်ချက်တွင် ထင်းရှူးပင်တွေ အများကြီးရှိသော တောအုပ်ကြီးတစ်ခု ဝန်းရံထားသည့် Highway လမ်းပေါ်တွင် မာရာရဲ့ Lexus ကားကြီးဟာ အရှိန်ပြင်းစွာရွေ့လျားလျက်ရှိသည်။ လကွယ်ညလည်း ဖြစ် ရုတ်တရတ် မိုးတွေ သည်းကြီးမည်းကြီးရွာချလိုက်တာကြောင့် ပတ်ဝန်းကျင်ကိုကောင်းစွာ မမြင်ရတော့ပေ။ သို့သော် ကားမောင်းနေသော သြဂတ်စ်က ကားအရှိန်ကို မလျှော့ပစ်သေး။

အရှိန်ပြင်းသည်ထက် ပြင်းအောင ်မောင်းနေမိတဲ့ ကားအရှိန်ကတောင် သြဂတ်စ်ရဲ့ စိတ်စောနေမှုကို မမှီနိုင်သေးပေ။

Nebbia မြို့တွင်ရှိသော သြဂတ်စ်ရဲ့အိမ်က Beta များ Amulet များ ဆွဲထုတ်ဖျက်ဆီးခြင်းခံရပြီး ရက်ရက်စက်စက် အသတ်ခံလိုက်ရသည်ဆိုသော သတင်းဟာ သြဂတ်စ်ကို သွေးပျက်စေသည်အထိ ထိတ်လန့်ခြောက်ခြားစေလေသည်။

''သြဂတ်စ်.. ကားကိုအရှိန်နည်းနည်းလျှော့လိုက်ပါ.. ဒီလောက်မိုးတွေရွာနေတာ... ကားတစ်ခုခု ဖြစ်သွားလိမ့်မယ် ... မိုးလည်း အရမ်းချုပ်နေပြီကို.. ''

ကားအရှိန်အရမ်းပြင်းလွန်းသဖြင့် ကားနောက်ခန်းတွင် ထိုင်နေသော မာရာက တားယူရသည့် အခြေအနေ ဖြစ်လာသည်။ သို့သော် သြဂတ်စ်က ခေါင်းကိုသာ ခါရမ်းပြလိုက်သည်။

''ကျွန်တော် အစကတည်းက Pack ကို မျက်နှာလွှဲခဲပစ်မလုပ်ဘဲနေခဲ့ရမှာ.. အခုတော့ ''

သြဂတ်စ်က ပြောရင်း ပြောရင်း တင်းကြပ်စွာ ဆုပ်ကိုင်ထားသော ကားစတီယာရင်ကို လက်သီးဖြင့် ဒုန်းခနဲ ထုလိုက်မိပြန်သည်။ မိမိရဲ့မိသားစုဝင်တွေလို တန်ဖိုးထားကြရတဲ့ အဖွဲ့ဝင်တွေ ဒီလိုဖြစ်သွားရတယ်ဆိုတာ သြဂတ်စ် မိမိကိုယ်ကို မိမိအပြစ်ရှိတယ်လို့ခံစားနေရတာဖြစ်သည်။ မိမိသာ အဖွဲ့ဝင်တွေနားမှာရှိနေခဲ့ရင် ဒီလိုဖြစ်လာမှာ မဟုတ်ဟု တွေးနေမိတာဖြစ်သည်။

''သြဂတ်စ်.. ကားကို အရှိန်လျှော့လိုက်ပါ.. ဒီလောက်မိုးတွေရွာနေတာ ကားဘီး ချော်သွားလိမ့်မယ်.. ငါတို့က ကားမှောက်လို့ ဘာမှမဖြစ်ဘူး.. ကားပေါ်မှာ ဒီကလေးလည်း ပါလာတာကို .. သတိထားပြီး.. အရှိန်လျှော့လိုက်စမ်း..''

Star Love (II)Where stories live. Discover now