Chapter (7)

14.7K 1.5K 57
                                    

Unicode

************

Starry Night

ညကိုးနာရီကျော်အချိန်..။

မီးလျှံသည် Avalon City မြို့ထဲတစ်ဝိုက်ကို လှည့်ပတ်ကြည့်ရှူ့လျက်ရှိသည်။ လှည့်ပတ်ကြည့်ရှူနေခြင်းဆိုတာထက် ခြေဦးတည့်ရာ လျှောက်သွားနေသည်ဆိုလျှင်ပိုမှန်ပေမည်။ ရှိုင်း ရှိနေသည့် နိကိုလပ်စ်ရဲ့နေအိမ်ဆီသို့ ဦးတည်နေချင်သည့် မိမိရဲ့ခြေလှမ်းများကို ကြိုးတုပ်ထားသကဲ့သို့ စိတ်ကိုထိန်းချူပ်ကာ မြို့ထဲကိုပင် ခြေဦးတည့်ရာ လျှောက်သွားနေမိခြင်းဖြစ်သည်။

မိမိနေအိမ်ဆီကို ချက်ချင်းပြန်သွားလို့ရနိုင်သော်ငြား အချိန်မရွေး အန္တရာယ်ပေးနိုင်တဲ့ ဂျွန်ကို အသေမသတ််နိုင်သေးသဖြင့် မပြန်နိုင်သေး၊ ကိုယ်တိုင်် အနီးနားတွင် ကာကွယ်ပေးနိုင်ရန် ရှိုင်းရှိရာနေရာကိုလည်း သွားဖို့ သတ္တိမရှိတဲ့ အဖြစ်။ ရှေ့တိုးလို့လည်း ရ၊ နောက်ဆုတ်လို့လည်း အဆင်ပြေနေသော အချိန်တွင် နှစ်ခုလုံးကို မလုပ်နိုင်တဲ့ အဖြစ်။

မီးလျှံဆိုတဲ့ Vampire Hybrid တစ်ယောက်ဟာ တကယ်တော့ သူရဲဘောကြောင်တဲ့ လူတစ်ယောက်ပါလားဆိုတာကို ကိုယ့်ကိုယ်ကို သဘောပေါက်လိုက်မိသည်။

အခုတော့ စိတ်က ရှိုင်းဆီမှာ လူက Avalon City မြို့ လယ်ခေါင်တည့်တည့် ဆုတောင်းပွဲလုပ်သည့် လှေကားလေးတွေ နားမှာ ဖြစ်သည်။ ကြောင်တောင်တောင်ကြီး မတ်တပ်ရပ်နေမိကာ ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေကြသော လူတွေကို အဓိပ္ပာယ်မဲ့ ကြည့်နေမိလေသည်။

မြို့သူမြို့သားများကတော့ မိသားစုတွေနဲ့ အတူတူ၊ မိမိရဲ့ချစ်သူခင်သူတွေနဲ့ အတူတူ လှေကားထစ်လေးတွေရဲ့ အစွန်းဘက်တစ်လျှောက်နှင့် ကျောက်သားနံရံလေးများရဲ့ အပေါ်ဘက်ပိုင်း တစ်လျှောက်လုံးကိုပါ ရောင်စုံဖယောင်းတိုင်လေးတွေကို မီးထွန်းညှိလျက် ရှိနေကြရသည်။ လူတိုင်းလူတိုင်းရဲ့မျက်နှာတို့တွင် အပြုံးတို့ဆင်မြန်းထားလျက်။

''ဖေဖေ.. ဟော ဟိုးမှာ ကောင်းကင်မှာ ကြယ်တွေ အများကြီးဘဲ ကြည့်ကြည့်.. အရမ်းလှတာဘဲ..''

Star Love (II)Where stories live. Discover now