Chapter (16)

11.6K 1.5K 40
                                    

Unicode

************

''အရမ်းကြီး စိတ်တိုမနေပါနဲ့.. မင်းတို့ ရှုံးလာမယ်ဆိုတာ ငါတွက်ထားပြီးသား...''

ငွေဓားမြောင်ကို ကိုင်ကာ ကြည့်နေရင်း ပြောလာသော ဂျွန်ရဲ့ စကားကြောင့် ကတ်စ်တာရဲ့ မျက်နှာက နီရဲလာလေသည်။ သြဂတ်စ်ထံမှ ပြန်လာပြီးနောက် ဂျွန်ရှိနေသော ကျောက်ဂူသချိုင်းကို လာကာ ဖြစ်ပျက်သမျှကို ပြောနေခြင်း ဖြစ်သည်။

ကတ်စ်တာရဲ့ ခန္ဓာကိုယ်တစ်ခုလုံး အညိုအမဲများနှင့် ကုတ်ရာများအပြည့် ဖြစ်နေသည်။ သြဂတ်စ်ကို အနိုင်တိုက်နိုင်ကာ မည်ဟု တစ်ထစ်ချ ယုံကြည်ပြီး သွားရောက်တိုက်ခိုက်မိကာမှ အဆင်မပြေဖြစ်လာသည့်အတွက် ရှက်လည်း ရှက်မိနေခြင်း ဖြစ်သည်။

ကတ်စ်တာ ဒေါသထွက်သွားသည်ကို ရိပ်မိလိုက်သော ဂျွန်က အဆင်ပြေပါတယ်ဆိုသော မျက်နှာဖြင့် တစ်ချက်ပြုံးကာ ပြောသည်။

''စိတ်မပူပါနဲ့ အမြူတေတွေ ရမလာခဲ့ဘူးဆိုပေမယ့် သြဂတ်စ်မှာ Luna ရှိနေတယ်ဆိုတာ သိခဲ့ရတယ်မလား''

''Werewolf Alpha မှာ Mate ပေါ်လာတယ်ဆိုတာ ထူးဆန်းတဲ့ ကိစ္စမှ မဟုတ်တာ''

စိတ်ပျက်လက်ပျက်ဖြင့် ကတ်စ်တာ ပြောလာသည်။ ဂျွန်က ကတ်စ်တာကို သနားစရာ ကလေးတစ်ယောက်လို ကြည့်လိုက်မိသည်။ အင်အားသုံးဖို့ တစ်ခုတည်းသာ ခေါင်းထဲရှိသော ကတ်စ်တာရဲ့ လိုင်ခန်အဖွဲ့ကို ဂျွန်ကလည်း အင်အားသုံးဖို့အတွက်သာ သုံးဖို့ ဆုံးဖြတ်ထားသောကြောင့် သိပ်ပြီးတော့ စိတ်ထဲမထားခဲ့ပေ။

''သြဂတ်စ်မှာ Luna ပေါ်လာတယ်ဆိုတာ သြဂတ်စ်ရဲ့ အားနည်းချက်ပေါ်လာတာနဲ့ အတူတူဘဲ မလား''

ထိုသို့ပြောလိုက်တော့မှသာ ကတ်စ်တာက သဘောပေါက်သလို ရှိလာဟန် မျက်လုံးများ အရောင်လက်လာသည်။

ဂျွန်က ဆက်ပြောလိုက်သည်။

''ငါတို့ ရည်ရွယ်ချက် အောင်မြင်ဖို့ဆိုရင် သြဂတ်စ်မရှိဖို့ လိုအပ်တယ် .. ဒီတော့ မင်းဘက်က တာဝန်ယူရမှာက သြဂတ်စ်ကို ငါတို့ကို မနှောင့်ယှက်နိုင်အောင် လုပ်ဖို့ဘဲ.. သြဂတ်စ်နဲ့ သူ့ရဲ့ Werewolf Pack တစ်ခုလုံးကို မင်းလုပ်ချင်သလို လုပ် တစ်စစီလုပ်ပစ်လို့ရတယ် .. တစ်ခုဘဲ ငါတို့ဘက်ကို ရောက်မလာစေနဲ့.. ''

Star Love (II)Where stories live. Discover now