Chapter ( 24 )

10K 1.4K 57
                                    

Unicode

*************

ရှိုင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

ဖန်သားပြင် ကြယ်ပုံစံအမှတ်အသားရှေ့ သစ်သားရေကန်တွင် ခေါင်းငိုက်စိုက်ကျကာ ရေကန်ထဲက ဂျူလီယန်ကို ဆွဲမကာ အသိကင်းမဲ့ဟန်ဖြင့် ကြည့်နေသော သြဂတ်စ်ကို မြင်နေရသည်။ ထို့နောက် နီရဲနေသော မျက်လုံးများ ဒေါသ မျက်လုံးများဖြင့် တစ်ဖက်ကို လှည့်ကြည့်လာသည်။ မျက်စိရှေ့တွင် ရှိသမျှ အရာရာကို ဖျက်ဆီးတော့မည့် ပုံစံဖြင့် ။

ထို့နောက် သြဂတ်စ်၏ ရှေ့တင် ပိတ်ရပ်ထားသော တစ်ဖက်မှ ရန်သူများ။

ဂျွန်နှင့် ကတ်စ်တာ ။ ထို့နောက် လိုင်ခန်များနှင့် ဂျွန်၏ စုန်းကဝေများ ။ တိုက်ခိုက်ရန်အသင့်အနေအထားဖြင့်။

နိကိုလပ်စ်နှင့် မာရာတို့မှလည်း ရင်ဆိုင်တိုက်ခိုက်ရန် အသင့်အနေအထားတွင်ရှိနေကြသည်။

နှစ်ဦးနှစ်ဖက် အသေအကြေ အသက်ရှင်သူ တစ်ဦးတစ်ယောက်မှ မရှိတော့သည် အထိ တိုက်ခိုက်ရန် ကြံစည်ထားသလိုမျိုး။

ရှိုင်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက သွေးကြောများအားလုံး ဖျင်းခနဲဖြစ်သွားသည်။

ထိုအချိန်တွင် ကျစ်ကျစ်ပါအောင် ဆုပ်ထားသော ရှိုင်း၏ လက်သီးဆုပ်လေးကို အုပ်မိုးဆုပ်ကိုင်ခြင်းခံလိုက်ရသည်။

ဆုပ်ကိုင်သူကို ရှိုင်း မော့ကြည့်လိုက်မိသည်။ မီးလျှံက မျက်ခုံးကြောတွေ တွန့်ကွေးထားလျက် ရှိုင်းကို စိုက်ကြည့်နေသည်။ ရှိုင်းကို ဖြေးညှင်းစွာ ခေါင်းငြိမ့်ပြသည်။ အရာအားလုံး အဆင်ပြေပါလိမ့်မယ် ဆိုသော သဘော ။

ရှိုင်း ဘာလုပ်ရမည်မှန်းမသိတော့ပါ ။ ရှိုင်းအတွက် အလင်းရောင်တွေ မီးလျှံ တောက်ပပေးလိုက်ပါက ရှိုင်းလိုပင် မီးလျှံ၏ နှလုံးသားလောင်ကျွမ်းသွားမည်ကို ရှိုင်း လက်ခံနိုင်စွမ်းရှိမရှိ ရှိုင်းကိုယ်တိုင် သေချာမသိသေးပါ ။

ထိုအချိန်တွင် ရှိုင်းတို့ အနားတွင် ရပ်နေသော နိကိုလပ်စ်ထံမှ အသံထွက်လာသည်။

Star Love (II)Where stories live. Discover now