Chapter (14)

11.6K 1.4K 33
                                    

Unicode

*************

''ဒီလို မှော်အစီအရင်မျိုးက တကယ်ရော ရှိလို့လား နိကိုလပ်စ်..''

မယုံကြည်နိုင်စွာဖြင့် မီးလျှံမေးလိုက်မိသည်။ မှော်ပညာများကို မီးလျှံလည်း သင်ယူလေ့ကျင့်ခဲ့သော်ငြား ထိုသို့သော မှော်အစီအရင်မျိုးရှိတယ်ဆိုတာ တစ်ခါမှမကြားခဲ့ဖူးပါ။ မီးလျှံရဲ့မိခင်လည်း ထိုသို့သော ကြောက်စရာကောင်းလှသည့် မှော်အစီအရင်မျိုး ဂါထာမျိုးရှိတယ်ဆိုတာကို မပြောခဲ့ဖူးသဖြင့် မီးလျှံ အရမ်းကို အံ့သြမိလေသည်။

မီးလျှံရဲ့အမေးကြောင့် နိကိုလပ်စ်က စိတ်မသက်မသာဟန်ဖြင့် ခေါင်းတစ်ချက်ငြိမ့်ပြကာ ၀ိုင်နောက်တစ်ခွက်ထပ်ငှဲ့လိုက်ကာ သောက်လိုက်ပြီးမှ ပြန်ဖြေလေသည်။

''ရှိတယ်လို့ဘဲပြောရမှာပေါ့.. ဒါပေမယ့် ဒီလို ဂါထာမျိုးက သေဆုံးပြီးတော့ ၀ိညာဉ်လောက The Other Side မှာ ရှိနေတဲ့ မကျွတ်လွတ်သေးတဲ့လူတွေကို အသက်ပြန်သွင်းတဲ့ ဂါထာမျိုး.. သူ့ကို သဘာဝတရားကြီးနဲ့ ဆန့်ကျင်တဲ့ အရာမျိုးလို့ သတ်မှတ်ပြီး လုံးဝ သုံးဖို့ကို ကန့်သတ်တားမြစ်ထားခဲ့တာ.. ပြီးတော့ အရမ်းလည်း အန္တရာယ်များတယ်.. ''

''ဒါဖြင့်ရင် အခုလက်ရှိ ဂျွန်က ဂျွန်မဟုတ်ဘဲ မားကပ်စ် ဖြစ်နေခဲ့တယ်ပေါ့.. တစ်ချိန်လုံး ချာတိတ်ကို လိုက်ပြီးတော့ အန္တရာယ်ပေးဖို့ကြံနေတဲ့လူက မားကပ်စ်ပေါ့.. ''

''အဲ့ဒီဘဲ ပြောရမှာပေါ့.. ဂျွန်က မားကပ်စ်ပြန်လာနိုင်ဖို့အတွက် သူ့ရဲ့ခန္ဓာကိုယ်ကို Host အနေနဲ့ စတေးခံအနေနဲ့ အသုံးပြုခွင့်ပေးလိုက်တာဘဲဖြစ်မယ်.. ဒါမှမဟုတ် မားကပ်စ်က ဂျွန်ကို အတင်းအဓမ္မခြိမ်းခြောက်ပြီး လုပ်ခိုင်းတာလဲဖြစ်နိုင်တယ်.. ''

''ဂျွန်က ရူးနေတာများလား .. ဟမ်''

''ဂျွန်နဲ့ ငါနဲ့က ငယ်ငယ်ကတည်းက မားကပ်စ်အနားမှာ ပညာသင်ခဲ့တဲ့လူတွေဆိုတော့ ဂျွန်ရဲ့စိတ်နေသဘောထားကို ငါကောင်းကောင်းသိတယ် မီးလျှံ.. သူရဲ့စိတ်ဓာတ်က အဲ့ဒီလောက်ကြောက်စရာမကောင်းပေမယ့်.. မားကပ်စ်က သူ့ကို မွေးကတည်းက ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့အတွက် မားကပ်စ်ပေးသမျှအမိန့်တိုင်းကို နာခံရမယ်ဆိုတဲ့ အသိက ရိုက်သွင်းထားသလိုဖြစ်နေတာ.. ဒါကြောင့် သူဒီလိုလုပ်ခဲ့တာဖြစ်မယ်.. ''

Star Love (II)Where stories live. Discover now