Chapter (20)

12K 1.5K 35
                                    

Unicode

***********

'' ကိုယ့်စိတ်ကိုယ် အဆင်သင့်ပြင်ထား .. မင်းကိုယ်တိုင် လိုလိုလားလား သွေးထုတ်စက် ဖြစ်ချင်ပါတယ်ပြောတာ.. ''

မီးဖိုခန်းထဲတွင် ရှိုင်း မတ်တပ်ရပ်နေရင် မီးလျှံ မနေ့ညက ပြောခဲ့သော စကားများကို ကြားယောင်လာကာ ကြက်သီးထလာသည်။ မျက်လုံးပြူးလေးဖြင့် တံတွေးကို ဂလုခနဲ မျိုချမိသည်။

မီးလျှံရဲ့ အိမ်ကို ရောက်တာ တစ်ညအိပ်ဘဲ ရှိသေးသည်။ ချက်ချင်းကြီး သွေးစုပ်ခံဘဝ ရောက်သွားရသည့် ရှိုင်းရဲ့ အဖြစ်။

ဘာကြောင့်များ လွယ်လွယ်နဲ့ ခေါင်းငြိမ့်မိခဲ့တာလည်း ရှိုင်း လုံးဝ စဉ်းစားလို့မရ ။

ရုတ်တရတ် ရှိုင်းရဲ့ မျက်လုံးထဲတွင် Avalon မီးထွန်းပွဲတော်တွင် မီးလျှံ ရှိုင်းရဲ့ လည်ပင်းကို ကိုက်ဖောက်ခဲ့ဖူးသည့် အတွေ့အကြုံကို ပြန်လည် မြင်ယောင်လာမိသည်။

ထိုမြင်ကွင်းများနဲ့အတူ ရှိုင်းရဲ့ ရင်ဘတ် တစ်နေရာမှ တဒိတ်ဒိတ်မြည်သံကိုပါ ကြားလိုက်ရသည်။

ထိုနောက် ခန္ဓာကိုယ်မှာ အလင်းရောင်တစ်ချို့ပါ ထွက်လာကြသည်။

ရှိုင်း အနည်းငယ် ထိတ်လန့်သွားသည်။

လည်ပင်းကို သွားနဲ့ကိုက်ဖောက်တာ သေချာပေါက် နာတော့မှာပေါ့။ နာကျင်မှု ကို ရှိုင်းလုံးဝ မကြောက်သော်ငြား ထိုရင်ခုန်သံ အကျယ်ကြီးကိုတော့ ကြောက်သည်။

လည်ပင်းကို အကိုက်ခံနေရတဲ့ အချိန် အလင်းရောင်တွေ ဒီထက် ပိုထွက်လာရင် ဘယ်လိုလုပ်ရပါ့။

အနည်းဆုံးတော့ သွေးစုပ်ခံနေရသည့် အချိန်ကို မေ့ပျောက်နေပါက ရှိုင်းအတွက် အဆင်ပြေလောက်မည် ထင်သည်။

ရှိုင်း ထိုသို့တွေးလိုက်ရင်း မျက်လုံးအကြည့်လေးတွေက မီးဖိုချောင် အပေါ်ဆင့် မှန်ဗီရို ထဲတွင် စီတန်း ထည့်ထားသော ၀ိုင်ပုလင်းများကို ရောက်သွားသည်။

မီးလျှံဆိုတဲ့ လူကြီး တစ်အိမ်လုံးကို ၀ိုင်ပုလင်းတွေနဲ့ကို အလှဆင်ထားတာ။ ဧည့်ခန်းမှာလည်း အရက်ပုလင်းဝိုင်ပုလင်းတွေထည့်ထားတဲ့ ဗီရိုကြီးတစ်ခု ၊ မီးဖိုချောင်ထဲမှာလည်း ၀ိုင်ပုလင်းတွေနှင့်။

Star Love (II)Where stories live. Discover now