Chapter 2

14.5K 1K 7
                                    

Unicode✅

"ဂျုံးဂု...ဟိုကောင်တွေငါ့ မုန့်လုစားသွားတယ်....ဟင့်..."

အတန်းလွှတ်တော့.... ထယ့်...ဆီသွားမယ်အလုပ်... သူ့အခန်းထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ... ရောက်ရှိလာတဲ့.. ထယ်ယောင်း...ရောက်လာတော့လည်းမျက်ရည်လေးစမ်းတမ်းစမ်းတမ်းနှင့်... ဟိုကောင်တေအနိုင်ကျင့်ပြန်ပြီထင်တယ်....

သူနဲ့ထယ် .. ကလေးဘဝကိုကျော်ဖြတ်လာတာနှစ်တေကြာခဲ့ပြီ...
ကျောင်းတက်တော့လည်း..ထယ်နဲ့သူ အတန်းတူတူတက်ရသည်...စစချင်းတော့အခန်းတူတူပဲဆိုတော့...ထယ်နဲ့ကအချိန်ပြည့် ကျောင်းသွားကျောင်းဆင်းအိမ်ပြန်...ဒီလိုနဲ့ပဲ..ထယ်နဲ့သူနဲ့ရန်ဖြစ်လိုက်ပြန်ချော့လိုက် ...စိတ်ကောက်လိုက်နဲ့ပဲ.....အလယ်တန်းနောက်ဆုံးနှစ်ရောက်လာပြီ..

အခန်းမတူတော့တာတခုပဲ....
သူက A ခန်း... ထယ်ကတော့ B ခန်းမှာနေရသည်...

ထယ်က စာသိပ်မလုပ်... အဆော့နဲ့အအိပ် အစားပဲမက်သည်...သူကတော့သူ့ကိုတာဝန်ယူမွေးပေးထားသော ကျေးဇူးရှင်ပါးပါးနဲ့မားမားစိတ်ချမ်းသာရအောင် စာကိုသေချာလုပ်ရသည်..နို့မို့ဆို..ထယ်..တစ်ယောက်နဲ့တင် ပါးပါးနဲ့မားမား လက်လန်နေပြီဖြစ်သည်....

ထယ်ကတော့ဆူခံရလည်းစပ်ဖြဲဖြဲနဲ့ .. စိတ်ပူလို့စာကျက်လို့အော်လိုက်ရင်လည်း.. သူ့လေးထောင့်အပြုံးလေးတွေပေါ်အောင်အစွမ်းကုန်ဖြဲပြသည်.... ဉာဏ်လေးကောင်းသောကြောင့်ပင် B ခန်းရတာ ကျေးဇူးတင်ရမည်.....

သို့သော်သူစိတ်ပူရသည်...ထယ်နဲ့သူက........
အခန်းမတူတော့ဟိုကောင်တေအနိုင်ကျင့်လို့လွယ်တယ်လေ....ထယ်ကဖြူဖြူသေးသေးဆိုတော့ ထယ့်ကိုပျော့တိပျော့ဖတ်ကောင်ဟုပြောကာအနိုင်ကျင့်ကျသူတေရှိသည်... အဲ့ကျရင်သူကပဲထယ့်ဘက်ကရန်ဖြစ်ပေးနေကြ... ရုံးခန်းရောက်ရတဲ့ထိတော့အကြီးကြိးမဖြစ်ဖူးသေး...ထယ်ကလည်းသူအလျှော့ပေးအလိုလိုက်ပါများတော့..သူ့ကိုပဲအားကိုးကာ..ချွဲတတ်သည်... လူကသေးသေးလေးနဲ့ မွှေမှမွှေ...အခုလည်းငိုမဲ့မဲ့ရုပ်လေးနဲ့မုန့့်လုခံထားရပြန်ပြီတဲ့.......

"ထယ်..ဘာဖြစ်လာတာလဲ ... ငါ့ကိုပြော... ဟိုကောင်တေပဲလားမုန့့်လုသွားတာ.... "...

ETERNAL LOVE(COMPLETED)✔ Where stories live. Discover now