Chapter 22

7.6K 656 89
                                    

Unicode✅

ဂျီမင်တစ်ယောက်...ထိုင်လိုက်ထလိုက်နဲ့... လက်ကလည်း ဖုန်း
Contact တစ်ခုကို နှိပ်မလိုလို လုပ်လိုက်.... ပြန်ချလိုက်နဲ့....
ဟိုဆော့တစ်ယောက်...ဆိုင်က စာရင်းတွေကြည့်နေရာကနေ...
မျက်စိနောက်လာသဖြင့် အော်ထည့်လိုက်သည်....

"ဟျောင့် ဂျီမင်...ငြိမ်ငြိမ်ထိုင်နေကွာ...မျောက်မီးခဲ ကိုင်ထားသလို
ပဲ... ဘာဖြစ်နေတာလဲ..."

"ဘာမှမဖြစ်ဘူး... "

ဂျီမင်တစ်ယောက်...ဘာမှမဖြစ်ဘူးတာ ပြောတာ... လူက...
ဒီနေ့မှာ တခုခုကိုလိုနေသလိုကြီး...

ဟိုလူ့ဂွစာကောင်လေး ခုထိမလာသေးဘူး... နေ့တိုင်းနီးပါး..ဆိုင်
မှာတွေ့နေရာကနေ...ဒီနေ့ကျမှ နေ့တဝက် ကျော်နေပြီ...ဆိုင်ကို
မလာဘူး..ဒီကောင်လေး အလုပ်နောက်ကျတာ ဒါပထမဆုံးပဲ...
ဖုန်းလည်းမဆက်ဘူး..... ဘာတွေဖြစ်နေတာပါလိမ့်....
လမ်းမှာဒုက္ခရောက်နေတာလား.....

အာ...ဒီကောင်လေး အကြောင်းက သူ့ခေါင်းထဲ တနေ့ တနေ့
မပါလို့မဖြစ်... ဒီဖြူစုတ်စုတ်ကောင်လေးက သူ့ကိုဒီလောက်တောင်
ပြုစားနိုင်သည်တဲ့လား....
... ကိုယ့်ကိုကိုယ်ရူးများသွားပြီလို့တောင် တွေးယူရတယ်....

ဟော..ပြောရင်းဆိုရင်းလာပါပြီ.... ကုပ်ချောင်းကုပ်ချောင်းနဲ့....
နောက်ကျလို့ သူ့အပြစ်သူသိသည်ထင်သည်...

သူနဲ့ဟိုဆော့ကိုတွေ့တော့... လှမ်းပြီးသွားဖြီးပြသည်....

"ဟီး.... "

" ဘာလို့နောက်ကျတာလဲ... "

သူစိတ်ပေါက်ပေါက်နဲ့မေးလိုက်တော့... သွားထပ်ဖြီးပြသည်...
ဘလိုကောင်လေးပါလိမ့် ဒီကတော့စိတ်ပူလိုက်ရတာ...
သူက ဝင်လာတည်းက စပ်ဖြီးဖြီးနဲ့....

"အေး ယွန်းဂီ နောက်ကျတယ်... ဒီမှာဂျီမင်တစ်ယောက်
မင်းမလာလို့မျှော်နေတာ...တော်သေးတယ်ရောက်လာလို့...
နို့မို့ဆို မျက်စိတွေနောက်လွန်းလို့... ထိုင်လိုက်ထလိုက်နဲ့...
ဆိုင်ထဲလူဝင်လာလိုက်တိုင်း.. မျှော်မျှော်ကြည့်နေတာ...
သစ်ကုလားအုတ်အဖေခေါ်ရတော့မယ်... "

"ဟိတ် ...ဟိတ်...ဟျောင့်... အပိုတွေမပြောနဲ့...ငါကဘာကိစ္စ
မျှော်ရမှာလဲ..အချိန်ကိုမလေးစားလို့ပြောနေတာကွ... ကြည့်လေ..
အလုပ်လုပ်ချင်တုန်းက သူက ကြိုးစားပါတယ်.. အချိန်မှန်ပါတယ်..
လိမ္မာပါတယ်နဲ့ မျက်နှာချိုသွေးတယ်...ခုကြည့်လေ...
တပတ်လောက်ကြာတော့...အချိုးစပြောင်းပြီ... ဆိုင်ကတခြား
ဝန်ထမ်းတွေ ဘလိုမြင်မလဲ... "

ETERNAL LOVE(COMPLETED)✔ Where stories live. Discover now