Bonus Chapter [Yoonmin]Valentine Day Special

3.9K 340 45
                                    

Unicode✅

သာယာသော မနက်ခင်း ရဲ့ နေရောင်ခြည်ဖျော့ဖျော့လေးက
ယွန်းဂီ ရဲ့ မျက်နှာပေါ်သို့ သက်ရောက်ဖြာကျသည် ။
အပြာရောင်နုနု အိပ်ရာပေါ်လူးလူးလိမ့်လိမ့်လုပ်ရင်း ဘေးနား
က အိပ်မောကျနေတဲ့ ချစ်လှစွာသောလူကြီးကို ကြည့််ပြီး ၊
အမြင်ကပ်စွာ နဖူးကို တစ်ချက်တောက်ပစ်လိုက်တော့ ၊
တအင်းအင်း တအဲအဲလုပ်ကာ ဟိုဘက်ကိုလှည့်သွားသည် ။

ခပ်ပြေပြေ ကျောပြင်ကို စိုက်ကြည့်နေရင်းမှ ပေါ်လာသောအကြံ
ကြောင့် ယွန်းဂီ နှုတ်ခမ်းတွေက အလိုလို တွန့်ကွေးသွားကာ
ခပ်ညစ်ညစ် အပြုံးတစ်ခု ထွက်ပေါ်လာသည် ။

"အင့်...."

Work Out လုပ်ထားသဖြင့် အနည်းငယ်တောင့်တင်းနေ
သောရင်ဘက်မာမာကြီးပေါ် တစ်ကိုယ်လုံးကို အားနဲ့ ဝုန်းခနဲ
ပစ်လှဲချလိုက်တော့ အင့်ခနဲ အသံ ထွက်လာသည် ။

"ယွန်း ... ဂီ "

မျက်လုံးပြူး မျက်ဆံပြူးကာ ခါးကိုလာဖက်တွယ်ပြီး လေသံ
လေးလေးကြီးနဲ့ ပြောလာတော့ ယွန်းဂီ မျက်လုံးလေးတွေပိတ်
သည်အထိ တခစ်ခစ်ရယ်မိသည် ။

" ဘာဖြစ်လို့လဲ ယွန်းဂီလေး "

" ဟီး...ဘာမှမဟုတ်ဘူး အစောကြီးရှိသေးတယ် ပြန်အိပ်
ငါထတော့မယ် လုပ်စရာရှိသေးလို့.. "

" အင်း ကိုယ့်ကိုလာနှိုးချင်လာနှိုးနော် "

"အိပ်မှာဖြင့်အိပ်စမ်းပါ .. မွ.. "

ပါးအိအိကို နမ်းကာ ကုတင်ပေါ်မှ သုတ်သုတ်သုတ်သုတ်နဲ့
ဆင်းလာခဲ့လိုက်သည် ၊ နို့မို့ဆို ပြန်မအိပ်ပဲ သူ့ကိုပြန်ပြီး
ကလိမယ့် သဘောရှိတာမို့ ။
အိမ်ထောင်သက်တမ်း တစ်နှစ်ကျော်ပြီမို့ ဒီလူကြီးအကြောင်း
ကတော့ နောကြေနေပြီလေ ။

မျက်နှာသစ်ကာရေမိုးချိုးပြီး အောက်ထပ်ကို ဆင်းလာခဲ့တော့
ဟိုလီ က ဘယ်တုန်းတည်းက အောက်ထပ်ရောက်နေမှန်း
မသိ ၊ ထပ်ပြီး ဆိုဖာပေါ်မှာ အခန့်သားစက်တော်ခေါ်နေလေ
သည် ။

သူအပေါ်ထပ်ကို တစ်ချက်မော့ကြည့်ကာ နောက်ဖေးမီးဖို
ချောင်ကို ကုပ်ကုပ်ကုပ်ကုပ်နဲ့ ဝင်သွားလိုက်သည် ။
မီးဖိုချောင်ထဲမှာရှိတဲ့ အခန်းသေးသေးလေးတစ်ခုရဲ့ တံခါး
ကိုဖွင့်လိုက်တော့ မြင်လိုက်ရတဲ့ အထုပ်တစ်ထုပ်ကြောင့်
ပြီတီတီပြုံးမိလိုက်သည်။

ETERNAL LOVE(COMPLETED)✔ Where stories live. Discover now