Chapter 17

9K 768 27
                                    

Unicode✅

ထယ်ယောင်းတစ်ယောက် ဒီနေ့စောစောထဖြစ်သည်...
အကြောင်းကတော့ ဂျုံးဂုသူ့ကို ရုံးသွားဖို့လာခေါ်မည်လေ..
ကံကြမ္မာကသူ့ကိုမျက်နှာမလွှဲထား... သူအချစ်ရဆုံးသော
ဂျုံးဂုကို..သူ့ထံ ရောက်အောင် ပို့ပေးသည်လေ...
ငယ်ငယ်ကလို..တစ်နေကုန်အတူနေချိန်တေမများတော့ပေမယ့်
လည်း... ချစ်ရသူက ကိုယ့်ဆီအရောက်ပြန်လာပြီး... ကိုယ့်အနား
မှာပဲရှိနေပေးမည်တဲ့လေ..... ဒါကိုပဲသူကျေနပ်ရပါသည်....

အတွေးနဲ့ကြည်နူးနေခိုက်.... မျက်နှာသစ်ရန် မှန်ရှေ့ရပ်ပြီး...
သွားတိုက်ဖို့အလုပ်....

"အား... ဂျွန်ဂျူံးဂု......!!!!!!!!!!!!!!!!!!! အား...
.ဘာတွေလဲ
ဘာတွေလဲ... "

အလန့်တကြားအော်လိုက်မိသည်...အော်မှာပေါ့....

မှန်ထဲလဲကြည့်လိုက်ရော...လည်ပင်းနားတဝိုက်မှာ... အနီရောင်
အကွက်အကွက်များ.... ဒါ..ဒါ... ဂျုံးဂု...ညကသူ့ကို လည်ပင်းကို
နမ်းတုန်းက .... ဟာ... အဲ့လောက်တောင်အရာထင်အောင်...
နမ်းရလား...နှာဘူးကြီး.... ကင်မ်ထယ်ယောင်းလည်း...ကြာရင်
ဂျွန်ဂျုံးဂုလက်ထဲမှာ...တစစီဖြစ်မယ်ထင်ပါရဲ့....

"အာ... ချက်ချင်းကြီးပျောက်မှာမဟုတ်ဘူး... တော်သေးတာပေါ့
အင်္ကျ ီက ကော်လံပါလို့.... "

ရေချိုးပြီး...ပြန်ထွက်လာတော့...အိမ်ရှေ့က ဘဲလ်တီးသံကြား၏...

"ဟင်....ဂျုံးဂုကလည်းမြန်လိုက်တာ...."
တတောင်တောင်နဲ့ ဘဲလ်မြည်သံကမရပ်သွား... ရေးကြီးသုတ်ပြာ
နဲ့ တံခါးသွားဖွင့်ပေးတော့...ထင်တဲ့အတိုင်း.....
အနောက်တိုင်းဝတ်စုံအပြည့်နဲ့.... သပ်ရပ်ခန့်ညားနေတဲ့
သူ့ရဲ့ဂျုံးဂုရယ်..... ဆံပင်တွေကို ကကြီးပုံစံခွဲထားတာက
ပိုပြီးချောမောခန့်ညားစေသည်....တမေ့တမောငေးကြည့်နေရင်း
ဂျုံးဂုကိုသေချာပြန်ကြည့်လိုက်တော့.... သူ့ကို မျက်လုံးပြူးပြီး
ပြုံးစိစိနဲ့ ကြည့်နေတာရယ်...ဘာဖြစ်နေတာပါလိမ့်....
မလုံမလဲ ကိုယ့်ကိုကိုယ် ပြန်ကြည့်လိုက်တော့....

"အား.... အား.... ဂျွန်ဂျုံးဂု...မင်းမြန်မြန်ဝင်လာလိုက်...
အဲ့မှာရပ်မနေနဲ့... နှာဘူးကောင်.... "
ဟိုကကြည့်မှာပေါ့... ရေချိုးပြီးပြန်ထွက်လာတော့ အောက်ပိုင်းပဲ
တဘက်ပတ်ထားတာကို.... ဟိုကဘဲလ်တီးတော့ ရှပ်ပြာခတ်ပြီး
သွားဖွင့်ပေးမိတာ.... ကိုယ့်ကိုကိုယ်အဝတ်မလဲရသေးတာမသိ....
လည်ပင်းနားမှာလည်း... အနီကွက်တွေ တထင်းထင်းနဲ့....
ဟိုက ပြုံးစိစိနဲ့ကြည့်ပြီပေါ့....

ETERNAL LOVE(COMPLETED)✔ Where stories live. Discover now