Chapter 14

7.7K 763 19
                                    

Unicode✅

"မြေး... အဆင်သင့်ဖြစ်ပြီလား... သေချာစစ်ဦး passport တွေ
ပစ္စည်းတွေ....ကျန်ခဲ့မယ်...."

"ဟုတ်အဘွား...အကုန်စစ်ပြီးသွားပြီ...ဂျီမင်တို့လာခေါ်လိမ့်မယ်....
စောင့်နေရုံပဲ...."

"အေးပါ...ဒီကအဘိုးနဲ့အဘွားကိုထားခဲ့ပြီး....ပြန်ရမှာပျော်နေတာများ..... အဘိုးကြီး ...ရှင့်မြေးကတော်တော်မပြန်ချင်ဖြစ်နေရှာတယ်..."

"ဟီး...အဘွားကလည်း..."

"အဟမ်း....ဂျုံးဂု...အဘိုး... သတင်းဆိုးတွေမကြားချင်ဘူး...
ကောင်းကောင်းနေ အလုပ်တွေသေချာကိုင်တွယ်...မြေးကို ယုံပြီးသားဆိုပေမယ့်...စီးပွားရေးလောကဆိုတာသိတဲ့အတိုင်းပဲ... စေ့စပ်
သေချာနေပါစေ... သတင်းကောင်းတွေပဲကြားချင်တယ်... အဘိုးတို့ဆီလည်းမကြာခဏ ဖုန်းခေါ်... ဟုတ်ပြီလား..."

"ဟုတ်အဘိုး...သားတော့အဘိုးနဲ့အဘွားကိုလွမ်းနေတော့မှာပဲ...
အဘွားရဲ့... ကင်မ်ချီဟင်းရည်လေးရောပဲ...."

"အပိုတွေပါ..."
ဂျုံးဂုလည်းမပြန်ခင်လေး အဘိူးနဲ့အဘွားကိုကပ်ချွဲနေလိုက်သည်....
အကြာကြီးမခွဲချင်ပေမယ့်လည်း... အလုပ်ကိစ္စတွေရယ်...တခြား
အကြောင်းအရာတွေရယ်ရှိသေးသည်ကိုး....

တီး.....တောင်......

"ဟာ...ဂျီမင်တို့လာပြီထင်တယ်..."

"နေနေ...အဘွားသွားဖွင့်ပေးလိုက်မယ်..."

"ဟာ...အဘွား... နေကောင်းလား...ဟီးဟီး...ဂျုံးဂုရော..."

"ရှိပါတယ်ကွယ်.... လာလာ...."

"ဟျောင့် ဂျုံးဂု... ပြီးပြီလား...သွားမယ်... ဗိုက်ဆာနေပြီ...."
ဟိုဆော့ကအာပြဲလျှာပြဲနဲ့ပြောတော့...

"မင်းကလည်း... အားနေစားဖို့ချည်းပဲ..."

"ဟီး..မြန်မြန်သွားကြမယ်..."

"အဘွား...သားတို့သွားပြီ... ကျန်းမာရေးဂရုစိုက်... အဘိုးရောပဲ...
ဟိုရောက်ရင်.. video callခေါ်လိုက်မယ်..."

"အေ့ပါကွယ်.. စိတ်ချပါ... ဂရုစိုက်သွား.. နေကောင်းအောင်နေနော်...
မြေး..."

"ဟုတ်...သားသွားပြီနော်..."

အဘိုးနှင့်အဘွားက လက်ကလေးတပြပြနှင့်... စိတ်ထဲတောင်
မကောင်း.... ဂျုံးဂုလည်းနောက်တချက်ပြန်လှည့်ကာ.. လက်ပြပြီး
ဟိုကလေးလူကြီးနှစ်ကောင်နဲ့ လေဆိပ်သို့ စတင်ထွက်ခွာတော့သည်.. ..

ETERNAL LOVE(COMPLETED)✔ Where stories live. Discover now