Chapter 8

8.8K 853 14
                                    

Unicode✅

သူ...ထယ့်ကို ဘယ်လောက်ကြာကြာ နမ်းလိုက်မိလဲ မသိ.... ထယ့်လက်လေးတေ သူ့ရင်ဘက်နားကို တတွန်းတွန်းလုပ်တော့မှ....သူ ပြန်သတိဝင်လာသည်.... ထယ့်ကိုကြည့်လိုက်တော့...ပါးစပ်လေးဟစိဟစိနဲ့... အသက်ကိုမနည်းလုရှူနေရသည့်ပုံလေး.....
ချစ်ဖို့ကောင်းလိုက်တာထယ်ရယ်....... ဒီတစ်ခါထပ်နမ်းမိရင်တော့
ထယ်....သူ့ကိုစိတ်ကောက်တော့မှာ...မြင်ယောင်သေးသည်.....

"ထယ်... ကိုယ့်ကိုကြည့်ပါဦး... ဘာလို့ခေါင်းကြီးကိုငုံ့ထားရတာလဲကွာ.... "

"ထယ်... ခေါင်းမော့လို့...."
သူ ထယ့်မျက်နှာနားကပ်ပြီးအတင်းပြောတော့... နှုတ်ခမ်းလေးထော်ပြီး... ခေါင်းလေးမော့လာသည်.....

"ရှက်နေတာလား... ထယ်...."

"ရှက်တာပေါ့...အရူးကောင်ရဲ့... မင်းက ငါနမ်းခိုင်းတိုင်း...
တအားနမ်းတာကိုး.... ဒါတောင်ငါအသက်ရှူမဝလို့ ... အတင်း
တွန်းမှလွှတ်ပေးတာမလား....မဟုတ်ရင်....တညလုံးတောင်နမ်းမလားမသိဘူး... ဟွန့်...."

"ဟားဟား...ထယ်ရာ... ထယ့်နှုတ်ခမ်းလေးတေကဆွဲဆောင်လွန်း
တာကိုး....."
သူအဲ့လိုပြောတော့...မျက်လုံးဝိုင်းလေးတေနဲ့...သူ့ကိုပြူးပြီးကြည့်နေတဲ့...ထယ်....
ထယ့်ပုခုံးလေးကိုလက်နှဖက်နဲ့အသာကိုင်ကာ.... သေချာမျက်နှာချင်းဆိုင်ရင်း....

"ချစ်တယ်....ထယ်... အရမ်းချစ်လို့... ထယ့်ကို... "

"ဂျုံး.....ဂျုံးဂု... "

"ကိုယ့်ကိုရော...ချစ်လား... ထယ်... "

"ဟင်... အဲ့ဒါက... "
တဝက်တပျက်ပြောရင်း... သက်ပြင်းချလိုက်တဲ့ထယ်....

"ပြောလေ... ကိုယ့်ကိုမချစ်ဘူးလား... "

" အင်း...ငါ...ငါ..ဘာပြောရမှာလဲ.... ငါ့စိတ်ထဲ..မင်းကိုငါ့နားမှာပဲအမြဲရှိနေစေချင်တယ်...မင်းနဲ့ဝေးရမှာ..သေမတတ်ကြောက်တယ်...ဒါပေမယ့်ငါတို့ဝေးဖို့ကမဖြစ်နိုင်ဘူးလို့ပဲ...ကိုယ့့်ကိုကိုယ်ဖြေသိမ့်နေရတာ....မင်းကိုတခြားသူတေနဲ့တွဲတွေ့ရင်သဝန်တိုလာတယ်... ငါ့ကိုပဲဂရုစိုက်စေချင်တယ်....မင်းနဲ့အနီးကပ်နေရင်ငါရင်တေခုန်လာတယ်... အဲ့ခံစားချက်တေက...ငါမင်းကိုချစ်တယ်ဆိုရင်ရော.... မင်းလက်ခံမှာလား..."

ETERNAL LOVE(COMPLETED)✔ Where stories live. Discover now